NEWS

Sun Apparel Myanmar စက်ရုံက အလုပ်သမား၂ ဦးဖမ်းဆီးခံရပြီး ထပ်မံဖမ်းဆီးဖို့ရှိတယ်ဆိုတာကြောင့်အလုပ်သမားအချို့ အလုပ်မဆင်းဘဲ ရှောင်တိမ်းနေရ

CoverLogo
1.1K Views

အလုပ်သမား ခေါင်းဆောင်တစ်ဦးနဲ့ အလုပ်သမား တစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း စက်ရုံအလုပ်သမား တွေ ထပ်မံဖမ်းဆီးဖို့ရှိနေသေးတယ်ဆိုတာကြောင့် အလုပ်သမားတွေရှောင်တိမ်းနေရတယ်လို့ အဲ့ဒီအလုပ် သမားတွေကိုကူညီဆောင်ရွက်ပေးနေသူထံမှ သိရပါတယ်။

“ဖမ်းခံရတဲ့အလုပ်သမားတွေက ခုထိအဆက်အသွယ်မရသေးပါဘူး။ ထပ်ဖမ်းဖို့ရှိတယ်ဆိုလို့  အလုပ်သမားတော်တော်များများရှောင်နေကြရတယ်။ ထပ်ပြီးဖမ်းခံရတယ်တော့မပြောဘူး။ ကျွန်မတို့အလုပ်သမား တွေနဲ့ တောက် လျှောက်ရှိနေပါတယ်”လို့ အဲဒီအလုပ်သမားတွေကို  ကူညီဆောင်ရွက်ပေးနေသူကဆိုပါ တယ်။  

အဆိုပါစက်ရုံအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့မသီတာ၀င်းအပါအလုပ်သမား၄၀၀ဦးတို့က လုပ်ငန်းခွင်အတွင်း၀င် ရောက်ခြင်းမရှိဘဲ  ဒေးကြေးကျပ် ၆၀၀၀ တိုးပေးဖို့တောင်းဆိုဆန္ဒပြခဲ့တာကြောင့် မသီတာ၀င်းကိုဇွန်လ၁၄ ရက်နေ့က အမှတ်၁ တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့ခွဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်တစ်နေ့မှာပဲ နောက်ထပ် အလုပ်သမားတစ်ဦးကို Sun Apparel စက်ရုံလုပ်ငန်းခွင်အတွင်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပြီးထပ်မံဖမ်းဆီးဖို့ရှိနေသေးတယ်လို့ ပြောဆိုလာတာကြောင့် အလုပ်သမားအများစုတိမ်းရှောင်နေရတာရှိသလို   လုပ်ငန်းခွင်ထဲအထိ ၀င်ရောက်ဖမ်းဆီးတာကြောင့်  အလုပ်သမားတွေက မလုံခြုံတော့ဘူးဆိုပြီး အလုပ်ထွက်ကုန်ကြတာတွေလည်း  များစွာရှိလာတယ်လို့ သိရပါတယ်။

Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅)၊ မလိခလမ်းမှာရှိပြီး JAKO အမှတ်တံဆိပ် ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ဇွန်လ ၆ ရက်က ဒေးကြေး ၁၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ကျပ်နှစ်သောင်း တိုးမြှင့်ပေးဖို့ ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေကို အကာအကွယ်ပေးဖို့၊ သောက်ရေမသန့်ရှင်းမှု ကို စီစဉ်ပေးဖို့ ၊ လျှောက်လမ်းတွေကို အမိုးလုံအောင်ပြုပြင်ပေးဖို့ ၊ ထမင်းစားဆောင်သီးသန့်ပေးဖို့ အပါအဝင် အချက် ၂၅ ချက်ကို အလုပ်သမား ၄၀၀ ကျော်ကတောင်းဆိုခဲ့ပြီးနောက် အလုပ်သမား ခေါင်းဆောင် မသီတာဝင်း နှင့် ကိုလှိုင်ဝင်းထက် တို့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026