NEWS

SUN APPAREL အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်အား စစ်ကောင်စီ ဖမ်းဆီး

CoverLogo
1.7K Views

Sun APPAREL Myanmar အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် မသီတာဝင်းကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အရင်းအမြစ်တွေဆီက သိရပါတယ်။ မသီတာဝင်းဟာ တောင်းဆိုချက်တွေ ညှိနှိုင်းဖို့ စီစဉ်ထားတဲ့ ရက်မတိုင်မီ တစ်ရက်အလိုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ ၁၄ ရက် ည ၁၁ နာရီလောက်မှာ မသီတာဝင်းကို ဖမ်းဆီးခဲ့တာလို့သိရပြီး စစ်ကြောမေးမြန်းဖို့အတွက် အမှတ် ၁ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအကူ တပ်ဖွဲ့ဆီ ခေါ်သွားလို့လည်း အဲဒီ အရင်းအမြစ် တွေက ပြောပါတယ်။

Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန် (၅) ၊မလိခလမ်းမှာရှိပြီး ထိုင်းနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရုံ အလုပ်သမားတွေက Day ကြေး ရက်မှန်ကြေး ၆ဝဝဝ ကျပ် တိုးပေးဖို့ ၊ သောက်သုံးရေ အဆင်ပြေစေဖို့ကို စက်ရုံက စီစဉ်ပေးဖို့၊ အလုပ်သမား လျှောက်လမ်း အမိုး လုံအောင်ပြုပြင်ပေးဖို့၊ ထမင်းစားဆောင် သီးသန့် ထားပေးဖို့ ၊ ပိတ်ရက်ခ ပြန်ပေးဖို့ ၊ (၁၅)ရက် အတွင်း အလုပ်ပျက်ပါက ကျပ် ၂၀၀၀၀ ပဲ ဖြတ်ဖို့ ဆိုတဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီတောင်းဆိုချက်တွေကို မသီတာဝင်းက ခေါင်းဆောင်ပြီး Sun Apparel Myanmar အလုပ်သမား ၄၀၀ တို့က လုပ်ငန်းခွင် ဝင်ရောက်ပြီး ထိုင်လျက် သပိတ်မှောက် တောင်းဆိုခဲ့တာလို့ သိရပါတယ်။

အဲ့လိုတောင်းဆိုတာကို ဇွန် ၃ ရက် ပြုလုပ်ခဲ့တာဖြစ်ပြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေ ဦးစီးဌာနမှာ အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ မန်နေဂျာ ဖြစ်သူတို့ ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရရှိဘဲ ဒီကနေ့ ဇွန် ၁၅ ရက်မှာ ဆက်လက်ညှိနှိုင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။


Related posts

Cover
အွန်လိုင်းမှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယားသို့ တရားမဝင်သွားမည့် မြန်မာ ၁၆ ဦး ထိုင်းတွင် အဖမ်းခံရ
Jan 12, 2026
Cover
Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ
Jan 12, 2026
Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တောင်းဆိုမှု ညှိနှိုင်း အဆင်ပြေ
Jan 11, 2026
Cover
Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ
Jan 11, 2026
Cover
ရှိရှောင်ကွေ့ အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား အလုပ်ထုတ်
Jan 11, 2026
Cover
JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Jan 11, 2026
Cover
Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်
Jan 11, 2026