NEWS

SUN APPAREL အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမားခေါင်းဆောင်အား စစ်ကောင်စီ ဖမ်းဆီး

CoverLogo
1.9K Views

Sun APPAREL Myanmar အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် မသီတာဝင်းကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အရင်းအမြစ်တွေဆီက သိရပါတယ်။ မသီတာဝင်းဟာ တောင်းဆိုချက်တွေ ညှိနှိုင်းဖို့ စီစဉ်ထားတဲ့ ရက်မတိုင်မီ တစ်ရက်အလိုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ ၁၄ ရက် ည ၁၁ နာရီလောက်မှာ မသီတာဝင်းကို ဖမ်းဆီးခဲ့တာလို့သိရပြီး စစ်ကြောမေးမြန်းဖို့အတွက် အမှတ် ၁ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအကူ တပ်ဖွဲ့ဆီ ခေါ်သွားလို့လည်း အဲဒီ အရင်းအမြစ် တွေက ပြောပါတယ်။

Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန် (၅) ၊မလိခလမ်းမှာရှိပြီး ထိုင်းနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရုံ အလုပ်သမားတွေက Day ကြေး ရက်မှန်ကြေး ၆ဝဝဝ ကျပ် တိုးပေးဖို့ ၊ သောက်သုံးရေ အဆင်ပြေစေဖို့ကို စက်ရုံက စီစဉ်ပေးဖို့၊ အလုပ်သမား လျှောက်လမ်း အမိုး လုံအောင်ပြုပြင်ပေးဖို့၊ ထမင်းစားဆောင် သီးသန့် ထားပေးဖို့ ၊ ပိတ်ရက်ခ ပြန်ပေးဖို့ ၊ (၁၅)ရက် အတွင်း အလုပ်ပျက်ပါက ကျပ် ၂၀၀၀၀ ပဲ ဖြတ်ဖို့ ဆိုတဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီတောင်းဆိုချက်တွေကို မသီတာဝင်းက ခေါင်းဆောင်ပြီး Sun Apparel Myanmar အလုပ်သမား ၄၀၀ တို့က လုပ်ငန်းခွင် ဝင်ရောက်ပြီး ထိုင်လျက် သပိတ်မှောက် တောင်းဆိုခဲ့တာလို့ သိရပါတယ်။

အဲ့လိုတောင်းဆိုတာကို ဇွန် ၃ ရက် ပြုလုပ်ခဲ့တာဖြစ်ပြီး လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေ ဦးစီးဌာနမှာ အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ မန်နေဂျာ ဖြစ်သူတို့ ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရရှိဘဲ ဒီကနေ့ ဇွန် ၁၅ ရက်မှာ ဆက်လက်ညှိနှိုင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026