NEWS

Sun Apparel စက်ရုံလုပ်သား နှစ်ဦး ဖမ်းဆီးခံပြီးနောက် Jako ကုန်အမှတ်တံဆိပ် မြန်မာနိုင်ငံမှ ထွက်ခွာမည်

CoverLogo
725 Views

ဂျာမနီနိုင်ငံအခြေစိုက် အားကစားဝတ်စုံ အမှတ်တံဆိပ် Jako ဟာ မှ အထည်ချုပ် လုပ်သားနှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့တတာကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းဖို့ ကြေညာခဲ့တာကို Ecotextile News က ဇူလိုင်လ ၄ ရက်မှာ ဖော်ပြထားပါတယ်။ 

 

Jako အမှတ်တံဆိပ် ချုပ်လုပ်နေတဲ့ ရန်ကုန်မြို့က Sun Apparel စက်ရုံ အလုပ်သမားများအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်တယ်လို့လည်း Jako ရဲ့ အကြီးအကဲ တစ်ဦးဖြစ်တဲ့ Heiko Rum က Ecotextile News ကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

 

"စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုပုံစံမှန်သမျှကို ရှုတ်ချပြီး အခြေအနေကို တစိုက်မတ်မတ် ရှုတ်ချပါတယ်။ ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့ အလုပ်သမားတွေကို ကူညီထောက်ပံ့ဖို့နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကတိကဝတ်ပြုထားပါတယ်" လို Heiko Rum က ပြောကြားထားပါတယ်။ 

 

Sun Apparel Myanmar အထည်ချုပ်စက်ရုံဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ စက်မှုဇုန် (၅) ၊မလိခလမ်းမှာ ရှိပြီး ထိုင်းနိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။

 

Sun APPAREL Myanmar စက်ရုံက အလုပ်သမား ခေါင်းဆောင် မသီတာဝင်းကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ဇွန်လ ၁၄ ရက် ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မသီတာဝင်းကို စစ်ကြောမေးမြန်းဖို့အတွက် စစ်ကောင်စီရဲ့ အမှတ် ၁ စစ်ဖက်ရေးရာ လုံခြုံရေးအကူ တပ်ဖွဲ့ဆီ ခေါ်သွားခဲ့ပါတယ်။ 

 

အသက် ၃၄ နှစ်အရွယ် အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရုံ အလုပ်သမားတွေက Day ကြေး နဲ့ ရက်မှန်ကြေး ၆ဝဝဝ ကျပ် တိုးပေးဖို့ ၊ သောက်သုံးရေကို စက်ရုံက စီစဉ်ပေးဖို့၊ အလုပ်သမား လျှောက်လမ်း အမိုးကိုပြုပြင်ပေးဖို့၊ ထမင်းစားဆောင် သီးသန့် ထားပေးဖို့ ၊ ပိတ်ရက်ခ ပြန်ပေးဖို့ ၊ (၁၅)ရက် အတွင်း အလုပ်ပျက်ပါက ကျပ် ၂၀၀၀၀ ပဲ ဖြတ်ဖို့ ဆိုတဲ့ အချက် ၆ ချက်ကို ဇွန်လ ပထမ အပတ်မှာကတည်းက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲ့လိုတောင်းဆိုတာကို လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှာ အလုပ်သမားခေါင်းဆောင် မသီတာဝင်းနဲ့ စက်ရု့ မန်နေဂျာ ဖြစ်သူတို့ ညှိနှိုင်းခဲ့ရာမှာ ပြေလည်မှုမရရှိဘဲ ဇွန် ၁၅ ရက်မှာ ဆက်လက်ညှိနှိုင်းဖို့ စီစဉ်ခဲ့တယ်လို့လည်း သိရပါတယ်။ မသီတာဝင်းကတော့ အဲဒီရက်မတိုင်မီ တရက်အလိုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ 

 

Sun APPAREL Myanmar စက်ရုံက နောက်ထပ် အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလှိုင်ဝင်းထက် ခေါ် ကိုထက်ကိုတော့ ဇွန်လ ၁၅ ရက်မှာ စစ်ကောင်စီတပ်တွေ လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

 

လက်ရှိ အာဏာသိမ်း စစ်ကောင်စီက ခေတ်ကာလနဲ့ ညီတဲ့ လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားနဲ့ အလုပ်သမားကူညီရေးအဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးထားပြီး နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲကာ စစ်ခုံရုံးမှာ စစ်ဆေးဖို့ ပြင်ဆင်နေပါတယ်။ 

 

 #MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026