NEWS

Sudey အထည်ချုပ် အောလင်းအချိန်ပိုဆင်းခိုင်း၊ ဘုရားဖူးလုပ်သားများအခက်တွေ့

CoverLogo
401 Views
 
Sudey အထည်ချုပ်စက်ရုံ အောလင်းခိုင်းနေ ပဲခူး အခြေစိုက် sudey အထည်ချုပ်စက်ရုံက ဒီကနေ့ ဇူလိုင် ၈ ရက်ညမှာ အလုပ်သမား အားလုံး အောလင်း မနက်အစော ၄ နာရီ အထိ လုပ်ကိုင်ဖို့ ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဒီကနေ့ အဖိတ်နေ့မှာ အောလင်း ဆိုပြီး မနက်၄နာရီအထိ ဆင်းခိုင်းနေပါတယ် ။" လို့ ပြောပါတယ်။ လပြည့်နေ့မှာ ဘုရားသွားလိုတာမို့ အောလင်း မဆင်းဖို့ ငြင်းဆန်‌ ပေမဲ့ ကြီးကြပ်သူ‌တွေက ခြိမ်းခြောက် ပြောဆိုတယ်လို့ ပြောပါတယ်။
 
"မဆင်း ချင်ဘူးလို့ပြောတော့လည်း ၊အောလင်း မဆင်းရင် မနက်ကထည်းက မလာနဲ့လို့ ပြောတော့ ရက်မှန်ကြေးမရမှာစိုးတယ်။ အဲ့လို ဖြစ်တော့ မဆင်းချင်ပဲ အိုတီ ot လက်မှတ်ထိုးပေးလိုက်ကြရပါတယ်။" လို့ အလုပ်သမား‌တွေက ပြောပါတယ်။
 
Sudey အထည်ချုပ်စက်ရုံက CMP လုပ်ငန်း အမျိုးအစားဖြစ်ပြီး တရုတ်နိုင်သားပိုင်ဆိုင်ပါတယ်။ ၁၀၀ ရာခိုင်နှူန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၁၅၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကတော့ ကလိ တပ်ကလေးကျေးရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့မှာ ရှိပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026