NEWS

Star Sandar Garment စက်ရုံ လုပ်ငန်းခွင်အတွင်း ခွင့်ခံစားခွင့်တွေ မပေးသလို နေ့စားဝန်ထမ်းများကို ခွဲခြား ဆက်ဆံနေဟုဆို

CoverLogo
804 Views

တရုတ်နိုင်ငံသားပိုင် Star Sandar Garment စက်ရုံ လုပ်ငန်းခွင်တွင်းမှာ ဥပဒေပါ ခွင့်ခံစားခွင့်တွေကို မပေးသလို နေ့စားဝန်ထမ်းတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ရာမှာ ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကိုတော့ အင်းစိန်မြို့နယ်၊ ဆင်းငူရပ်ကွက်၊ ရွှေကြာလမ်းထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၈၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။

စက်ရုံမှာ နေ့စားဝန်ထမ်း (၂၀) ကျော်ကိုလည်း ထပ်မံအသုံးပြုနေပြီး ဂျာကင်ထည်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။

“ဆေးခွင့်ကော၊ ရှောင်တခင်ခွင့်ကော မရပါဘူး။ နေမကောင်းဖြစ်လည်း ခွင့်မပေးဘူး။ မိဘနာရေးတောင် ခွင့်မရပါဘူး။ နေမကောင်းတာ မသက်သာလို့ အလုပ်မလာနိုင်ရင်လည်း ခွင့်မဲ့ဆက်တိုက်ပျက်တယ်ဆိုပြီး အလုပ်ထုတ်ပါတယ်။ ခွင့်တိုင်လည်း ခွင့်မပေးဘူး။ အလုပ်သမားလစာထဲက ဒေးကြေး+ထောက်ပံ့ကြေး (၇၂၀၀)၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်နဲ့ ကျွမ်းကျင်ကြေးကိုပါ အချိုးကျဖြတ်တောက်ပါတယ်။ အဲဒါကြောင် အလုပ် တစ်ရက်ပျက်ရင် (၄၀၀၀၀)ကျပ် ဖြတ်တောက်ခံရပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်၊

စက်ရုံတွင်းမှာလည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်မှု အားနည်းနေပြီး သောက်သုံးရေး မသန့်ရှင်းတာ၊ ရေစင်တွေလည်း ညစ်ပတ်တာ၊ အိမ်သာတွေ ညစ်ပတ်တာတွေလည်း ရှိနေပါတယ်။

လုပ်ငန်းခွင် ထဲမှာ လုပ်သက်သုံးလပြည့်ပြီးတဲ့ နေ့စားဝန်ထမ်းတွေကို အလုပ်ခန့်ထားရာမှာလည်း အလုပ်ရှင် သဘောကျသာ ရွေးချယ်တာဖြစ်ပြီး ဥပဒေနဲ့အညီ လုပ်ဆောင်မှု မရှိဘူးလို့ သိရပါတယ်။

“အလုပ်ရှင် သဘောကျရင် အမြဲတမ်းဝန်ထမ်းခန့်တယ်။ သူမကြိုက်ရင် နေ့စားပဲ ဆက်ထားတယ်။ နောက်အလုပ်ရှင်က စံချိန်တွေကိုလည်း မတရားတောင်းတယ်။ စက်လိုင်းတလိုင်းကို အောစူပါ၊ စူပါ၊ စာရေးမ၊ ဟက်ပါ အပါမှ လူ(၆၀)ထားပြီး လိုက်ပေါက်အထည်(၃၀)ပေးရတယ်၊ ချုပ်ရတဲ့အထည်က ဂျာကင်ထည်၊ အပါးသားတွေ ချုပ်ရတော့ လက်ဝင်တယ်၊ ခက်ခဲတယ်။ အဲဒီတော့ စံချိန်ပြည့်ဖို့ ခက်တယ်။ အောစူပါ၊ စူပါတွေကလည်း စံချိန်တောင်းရင် အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေက ဥပဒေပါ ခွင့်ခံစားခွင့်များ ရရှိရေး၊ အထည်စံချိန်တောင်းခံရာမှာ အလုပ်သမား ချုပ်လုပ်နိုင်တဲ့ စံချိန်ကိုတောင်းခံရေး၊ (၃)လပြည့်ပြီးတဲ့ နေ့စားအလုပ်သမားတွေကို အတည်ပြုဝန်ထမ်းခန့်အပ်ဖို့နဲ့ ခွဲခြားပြီး ခန့်အပ်တာ မလုပ်ရေး၊ အောစူပါ၊ စူပါတွေကလည်း စံချိန်တောင်းခံရာမှာ အလုပ်သမားတွေကို အော်ဟစ်ဆဲဆိုတာ မလုပ်ဖို့နဲ့ အလုပ်သမားတွေ အသုံးပြုတဲ့ အိမ်သာ၊ သောက်ရေတို့ကို ကောင်းမွန်စွာစီစဥ်ပေးရေးကို လိုလားနေတာ ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026