NEWS

SOLO အမှတ်တံဆိပ် ကျောပိုးအိတ်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေဟုဆို

CoverLogo
1.3K Views

SOLO အမှတ်တံဆိပ် ကျောပိုးအိတ် ချုပ်စက်ရုံမှာ အလုပ်သမားတွေအတွက် ဥပဒေပါ ခံစားခွင့်များမရရှိသလို အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုရှိနေတယ်လို့     တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့    MYANMAR  JANLON BAGS CO, LTD         စက်ရုံအလုပ်သမားတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငမိုးရိမ်လမ်းမှာ တည်ရှိတဲ့ အဆိုပါ လုပ်ငန်းခွင်ထဲမှာ ချုပ်လုပ်ရတဲ့ စံချိန်ကို  အဆမတန် တိုးတောင်းတာ နေ့စားအလုပ်သမားတွေကို လုပ်သက် ၃ လကျော်သည်အထိ နေ့စားအဖြစ်ပဲထားရှိတာ အလုပ်သမား ၃၀၀ ကျော်ရှိတဲ့စက်ရုံမှာ ဆေးပေးခန်းနှင့် ဆေးဝါးမရှိတာ ထမင်းစားရန် နေရာ အလုံအလောက်မရှိတာ  အိမ်သာသန့်ရှင်းမှုမရှိတာ စတဲ့ အခက်အခဲတွေလည်း ကြုံတွေ့ရသေးတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အလုပ်ချိန်က ၈ နာရီဆို ၈ နာရီမတိုင်ခင် ၁၀ မိနစ်စောပြီး ဝင်လုပ်ရတာရှိတယ်။ စံချိန် တောင်းရင် အလုပ်သမားတစ်ဦးကို ၁နာရီ  စံချိန် (၃၀) တောင်းတယ်ပေါ့ အဲ့လိုဆိုရင် အလုပ်သမားက စံချိန်ပြည့်မှီဖို့ ကြိုးစားတယ် ရေမသောက်၊ အပေါ့မသွားပဲ ချုပ်ပြီး ပြည့်သွားရင် နောက်နေ့လည်းကျရော  စံချိန်ကို (၃၅) အထိ တိုးတောင်းတယ်" လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါ အလုပ်ရှင်ဘက်မှ တောင်းခံသော စံချိန်မပြည့်လျှင် ၀မ်တိန်ထိုးခိုင်းခြင်း၊ အထည်ကြေးများဖြတ်တောက်ခြင်း၊ အထည်ကြေးများကိုလည်း ပုံမှန်ပေးခြင်းမဟုတ်ဘဲ အလုပ်ရှင်ဘက်မှ ပေးချင်သလိုပေးပြီး၊ တိတိကျကျ သတ်မှတ်ထားခြင်း မရှိခြင်း၊ လိုင်းစူပါများမှလည်း အလုပ်သမားများကို အရှက်ရစေရန် ဆဲဆိုခြင်း၊ အော်ဟစ်ခြင်းများ နေ့စဉ်နဲ့အမျှဆဲဆိုနေတာတွေ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

နံနက်အလုပ်၀င်ချိန် (၈) နာရီ အလုပ်စဝင်ရပြီး၊  နေ့လည် (၁၂) နာရီ ထမင်းစားနားရခြင်း၊ (၁၂:၃၀) အလုပ်ပြန်တက်ပြီး၊ ညနေ (၄:၃၀) ဆိုလျှင် အလုပ်ချိန် ၈ နာရီပြီးသွားခြင်း၊ ညနေ (၄:၃၀) ကနေ၊ ‌နောက်နေ့ နံနက် (၇:၃၀)ထိ အောလင်းအချိန်ပို ဆင်းခိုင်းကာ  နံနက် ပုံမှန်အလုပ်ချိန်အတိုင်း အလုပ်ထပ်မံဆင်းခိုင်းခြင်း၊ အိပ်ရေးပျက်လို့ မဆင်းဘဲ နေလျှင် အောလင်းဆင်းထားသည့် အချိန်ပိုကြေးများကို  ပုံမှန်ဒေးကြေး (၄၈၀၀) ကျပ်နဲ့ပဲရှင်းပေးတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တစ်ခင်ခွင့်များ မရရှိခြင်း၊ အလုပ်တစ်ရက်ပျက်လျှင် ရက်မှန်ကြေး (၄၈၀၀) ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်၊ အချိန်မှန်ကြေး (၁၀၀၀၀)ကျပ်၊ စုစုပေါင်း(၄၄၈၀၀)ကျပ် ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

၂လပိုင်း ၃လပိုင်း ဆိုလျှင် အလုပ်သမားများမှာ ရက်ဆက်တိုက် မနားမနေ ပိတ်ရက်မရှိ အချိန်ပိုအိုတီ ဆင်းနေရခြင်း၊ ၃လပိုင်းထဲတွင် သကြင်္န်ရက်အတွက်ဆိုပြီး တနင်္ဂနွေနေ့များကို ရက်စားဆင်းခိုင်းခြင်း၊ အလုပ်သမားများမှာ ရက်စားမဆင်းချင်းသော်လည်း ဖိအားပေးဆင်းခိုင်းတာတွေ ရှိပြီး အလုပ်သမားများမှာ အချိန်ပိုအိုတီများ မဆင်းချင်းသော်လည်း အလုပ်ရှင်ဘက်မှ ဖိအားပေးစေခိုင်းခြင်း၊ အချိန်ပိုအိုတီဆင်းရမည်ကို ကြိုတင်ပြောကြားခြင်း မရှိပဲ၊ အလုပ်ချိန်ပြီးလို့ ပြန်ခါနီးမှ အချိန်ပိုအိုတီ ဆင်းရမည်ဟု ပြောခြင်းစတာတွေကြောင့်လည်း အခက်တွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ အလုပ်သမားများကို မဲစာရွက်ကို လိုင်းခေါင်းဆောင်တွေကပေးပြီး၊ ၎င်းစာရွက်တွင် လိုင်းခေါင်းဆောင်များက မဲထည့်ခိုင်းသော သူများကိုသာ အလုပ်သမားအများစုမှ မဲထည့်ရပြီး၊ မဲထည့်ထားသော မဲပုံးကိုရုံးပေါ်သို့ယူသွားခြင်း၊ ဘယ်သူကမဲအရေအတွက် ဘယ်လောက်ရလဲဆိုတာ အလုပ်သမားများ မသိရတဲ့အပြင် အလုပ်သမားကိုယ်စားလှယ်ကိုလည်း  အလုပ်သမားများ သိရှိအောင် မကြေညာခြင်း၊  အလုပ်သမားကိုယ်စားလှယ်များက အောစူပါ၊ Cuttingက စာရေး၊ လိုင်းထဲမှတစ်ဦး ဆိုတာကို တစ်ဆင့်ခံပြောကြားမှ သိရှိရခြင်းဖြစ်တယ်လို့ အလုပ်သမားကိုယ်စားလှယ်ရွေးကောက်တဲ့ အခြေအနေကို ပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့  အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို ခံစားခွင့်ပြုရန်။ အချိန်ပိုအိုတီခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကို မေးမြန်းရန်နှင့် ကြိုတင်ပြောကြားပေးရန်။ စံချိန်များ မတရားတောင်းခံပြီး စီချိန်မပြည့်လျှင် ဝမ်တိန်ထိုးခိုင်းခြင်း၊ အထည်ကြေးဖြတ်တောက်ခြင်း မပြုလုပ်ရန်။ အလုပ်တက်ချိန် အတိအကျမှ အလုပ်သမားများကို အလုပ်ခိုင်းစေရန်။ အောနိုက်၊ အောလင်းများ ဆင်းခိုင်းပြီး အချိန်ပိုအိုတီကြေးကို အပြည့်အဝ ရှင်းပေးရန်။ စူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ အရှက်ရစေရန် ပြောဆိုခြင်း မပြုလုပ်ရန်တို့ တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026