NEWS

S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ

CoverLogo
338 Views

S.M Myanmar အထည်ချုပ်စက်ရုံ လုပ်ငန်းခွင် ခေါင်းဆောင်တွေ ဖြစ်တဲ့ စက်လိုင်း စူပါတွေ၊ လီတာတွေက အရှက်ရတဲ့ အထိ ဆဲဆိုခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ဆဲဆိုမှုတွေကို စက်ရုံဘက်က ဖြေရှင်းပေးတာ မရှိဘူးလို့လည်း ပြောပါတယ်။ 


“  အထည် စံချိန်တောင်းတာ။ ဆဲရေးတိုင်းထွာတာ  ကြမ်းတမ်းတယ်။ တချို့ မိန်းမပျိုလေးတွေဆို ရှက်လို့ အလုပ် ထွက်ရတဲ့ အထိပဲ။  HR ကလည်း မတားဘူး”လို့ ပြောပါတယ်။ 


လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသား တရုတ်အမျိုးသမီးတွေ တိုက်ရိုက်အုပ်ချုပ် ကြိမ်းမောင်းပြီး စံချိန် တောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


“တောင်းတဲ့ စံချိန်မပေးနိုင်ရင် အလုပ်ထွက်လို့ အဲ့တရုတ်တွေက လိုင်းတိုင်း လိုက်ပြောတယ်။  မကျေနပ်ရင် စံချိန်ရအောင်ချုပ် ။ ဘယ်သူ့မှ ဂရုမစိုက်ဘူး။ ကြိုက်တဲ့နေရာ တိုင်ဆိုပြီး ပြောတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။  


မနက်ကနေ  ညဘက် အလုပ်ဆင်းတဲ့အချိန်ထိ ဆဲဆိုခိုင်းစေနေတာဖြစ်ပြီး  HR ဝန်ထမ်းတွေက ဆဲဆိုတာကို မတားတဲ့အပြင် ဒီလောက်ဆဲနေတာတောင် စံချိန်က ရမလာဘူးလို့ ခေါင်းဆောင်တွေကို အားပေးအားမြောက် ပြုနေတယ်လို့ ပြောပါတယ်။  အလုပ်ချိန် ၅ မိနစ်စောဝင်ရမယ်လို့ HR ဌာနက သတ်မှတ်ထားပြီး အလုပ်ချိန် စောမဝင်တဲ့ အလုပ်သမားတွေကို  HR ဝန်ထမ်းတွေက စက်ရုံအပေါက်ကနေ  နာမည်စာရင်း ကောက်တယ်လို့ ပြောပါတယ်။


“အလုပ်ကို မနက် ၇ခွဲမှာ အလုပ်ဝင်ရင်  ဝမ်တိန်ထိုးခိုင်းတယ်။ နေ့လည်ထမင်းစားနားချိန် နာရီဝက်ဆိုလည်း  ၁၅ မိနစ် စောဝင်ခိုင်းတယ်၊ မဝင်တဲ့ အလုပ်သမားကို လိုင်းခေါင်းဆောင်က ဆဲတာပဲ” လို့ အလုပ်သမားတဦးက  ပြောပါတယ်။


စက်ရုံက မနက်အလုပ်ချိန် ၅ မိနစ်စောဝင်ခိုင်းပေမဲ့ အလုပ်ဆင်းချိန်မှာတော့ အချိန်ပြည့်မှ ဆင်းခွင့်ရပြီး လိုင်းတလိုင်းချင်း ဆင်းရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  စက်ရုံဘက်က လုပ်ခလစာပေးချေရာမှာ စက်ရုံဌာနနဲ့ တခြားဌာနတွေကိ ခွဲခြားပေးချေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


“စက်ချုပ်အလုပ်သမားက ဒေးကြေး ၁၂၀၀၀ ၊ အချိန်ပိုကို  ၂၀၀၀ ပေးတယ်။ တခြားဌာနတွေဆို ဒေးကြေး ၁၀၀၀ အချိန်ပို  ၂၀၀၀ နဲ့ပဲ ရှင်း။ ဒီလို ခွဲခြားပေးလည်း ဘယ်ခေါင်းဆောင်မှာ တောင်းဆိုပေးတာမရှိဘူး။ “ လို့ ပြောပါတယ်။  


အလုပ်သမားတွေရဲ့  ထမင်းစား စားပွဲခုံတွေက သန့်ရှင်းမှုမရှိဘဲ ညစ်ပတ်နေပြီး စက်ရုံဘက်က စီစဉ်ပေးတဲ့ ဖယ်ရီယာဉ်တွေ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။


“ ခုံတွေ သန့်ရှင်းရေးလုပ်မပေးဘဲ ညစ်ပတ်နေတယ်၊  ဖယ်ရီကားကျပ်တယ်ပြောလည်း ဘာမှ လုပ်မပေးဘူး။ သောက်ရေက စက်မောင်းရေတွေ သောက်ခိုင်းတယ်၊ သန့်ရှင်းမှုလည်းမရှိဘူး။  ဒီရေမကောင်းတာ စက်ရုံက သိတယ်။ သူတို့ကတော့ ရေသန့်ရေ မှာ သောက်ပါတယ်။” လို့ ပြောပါတယ်။


ဥပဒေမှာ သတ်မှတ်ထားတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့်မရဘဲ ရက်ပျက်တာနဲ့ ဝမ်တိန်ထိုး အလုပ်ထွက်ဖို့ ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


"နေထိုင်မကောင်း၊ အရေးပေါ်ကိစ္စတွေဆို  ခွင့်တိုင်းလည်းခွင့်မပေးဘူး ။ နောက်ရက်ဆို တရုတ်အမျိုးသမီးက ဝမ်တိန်ထိုးခိုင်းတယ်။   ခေါင်းဆောင်တွေကလည်း ခွင့်မပေးဘဲ အလုပ်ကထွက်လို့ တန်းပြောတာ” လို့ ပြောပါတယ်။


လုပ်ငန်းခွင်မှာ အသက် ၁၅၊၁၆အရွယ် အလုပ်သမား အများအပြားက လူကြီးအလုပ်သမားတွေနဲ့ တန်းတူ လုပ်ကိုင်နေတာကို တွေ့ရတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။ 


S.M Myanmar Garment Co., Ltd   မင်းဧရာလမ်း၊ ရွှေသံလွင်စက်မှဇုန်၊ လှိုင်သာယာမြို့နယ်မှာ  ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။ အလုပ်သမား  ၇၀၀ ကျော် လုပ်ကိုင်နေပြီး  Sinsay တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ် လို့ သိထားပါတယ်။   


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026