NEWS

S.M Myanmar အထည်ချုပ်စက်ရုံမှာ  ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေရှိနေ

CoverLogo
833 Views

လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင်စက်မှုဇုန် ၊မင်းဧရာလမ်း က S.M Myanmarအထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေရတဲ့အပြင် ကိုယ်ထ်ိလက်ရောက်ရိုက်နှက်ခံရတာတွေပါရှိနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

" ဖယ်ရီမရှိဘူး။ တနဂ်နွေပဲ ခေါ်ခေါ်ဘယ်လိုခေါ်ခေါ်ဖယ်ရီမရှိဘူး။ အချိန်ပိုည၁၂အထိခေါ်ရင် စက်ရုံမှာအိပ်ရတယ်။ မိုးလင်းမှပြန်ရတယ်။ ဖယ်ရီမရှိဘူး။ လိုင်းထဲမှာစူပါကလည်းအရမ်းဆဲတယ်။" စောက်"တွေနဲ့ပဲပြောဆ်ိုနေတာ။ အလုပ်သမားကမခံနိုင်လို့ပြန်ပြောရင်လည်း စူပါနဲ့အဆင်ပြေအောင်မနေလို့ ဖိနှိပ်ခံရတယ်။ ပြောစကားနားမထောင်ဘူးဆိုပြီး အလုပ်ထုတ်တာတွေပါရှိတယ်။ Grade ကြေးတွေဖြတ်တယ်။ သူကစူပါနဲ့မနေဘူးဆိုရင် စူပါကသူကဘာမဖြစ်ဘူး ညာမဖြစ်ဘူးဆိုပြီး Grade တွေချတယ်။ ပိုင်ရှင်ကတရုတ်ပဲ။ တရုတ်မ ပိုင်တာ။ ဖွင့်တာမကြာသေးဘူး။ မြန်မာအလုပ်သမားတွေကို တရုတ်တွေကတိုက်ရိုက်ပြောဆိုတာ သူတို့ပြတဲ့အတိုင်းမမှန်ဘူးဆိုရင် လက်နဲ့ဖြတ်ရိုက်ပစ်တယ်။ တရုတ်မက။ အလုပ်သမားတွေက မကြိုက်ရင်ထွက်သွားကြတာပဲ မလုပ်နိုင်တော့လို့။ အလုပ်သမားကအဟောင်းကိုမရှိဘူး ထွက်ထွက်ကုန်တော့အသစ်ကများတယ်" လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်ကာ တရုတ်နိုင်ငံသား ပိုင်ရှင်ကိုယ်တိုင် အလုပ်သမားကိုတိုက်ရိုက်အုပ်ချုပ်ပြီး mayoral Brand ထည်တွေဂျာကင်တွေကိုချုပ်လုပ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီစက်ရုံကအလုပ်သမားတွေအနက် နေ့စားဝန်ထမ်း၄၀-၅၀ခန့်အထိရှိပြီး တစ်နေ့လုပ်ခကို ၃၆၀၀ ဖြင့်သာပေးပြီး အချိန်ပိုကျပ် ၉၀၀ ဖြင့်သာခိုင်းစေနေသလို အချိန်ပိုမဆင်းပါကဖြတ်တောက်တာတွေနဲ့အလုပ်ထုတ်တာတွေပါပြုလုပ်ပြီးနေ့စားကနေလခစားအဖြစ်ခန့်အပ်ရာမှာလည်း နေမကောင်းလို့ခွင့်ယူပါက နေ့စားဝန်ထမ်းအဖြစ်ပြန်လည်ချထားပေးလို့ အလုပ်သမားတွေဟာ အလုပ်ကနေထွက်ကုန်ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရေသောက်ရန် ရေဗူးယူထားပါက ဝမ်တိန်ထိုးရသလို အိမ်သာသွားလိုပါက ကတ်ထုတ်ရကာ ကတ်ဖြင့်လက်မှတ်ထိုးရရှိမှသာ အိမ်သာသွားရတာဖြစ်လို့ ခက်ခဲတယ်လို့ အလုပ်သမား တွေက ပြောဆိုပါတယ်။

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026