NEWS

Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်

CoverLogo
274 Views
 
Sky Fashion Myanmar Co.,ltd စက်ရုံအလုပ်သမားတွေကို သင်္ကြန်ပိတ်ရက်အတွက် ရက်စားနှစ်ရက် ဆင်းပေးရတဲ့အပြင် အချိန်ပို ၄ နာရီအတွက်ပါ လုပ်အားခ ခေါင်းပုံဖြတ်တယ်လို့ ပြောပါတယ်၊
 
“ သင်္ကြန်ပိတ်ရက်အတွက် ရက်စားနှစ်ရက် ဆင်းပေးရတာကိုတောင် ၁၀ ရက်နေ့ ပျော်ပွဲရွှင်ပွဲလုပ်မှာမို့ အချိန်ိပို ၄နာရီကို အလုပ်သမာတွေထဲက ခေါင်းပုံဖြတ်ထားတယ်၊” လို့ အလုပ်သမားတွက ပြောပါတယ်။
 
လုပ်သက်ခွင့် ဆယ်ရက်ကို တနှစ်ပြည့်ပြီးလည်း မရသလို တခြားခွင့်အမျိုးအစားတွေကိုလည်း စက်ရုံဘက် မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ မရဘူး ၊ ခွင့်မရတော့ ရကိပျက်တော့ ဒေးကြေး၊ ရက်မှန်ကြေးတွေ အဖြတ် ခံရတယ်။ လုပ်သက်ခွင့်ကို တနှစ်ပြည့်တာနဲ့ မရဘူး နောက်ထပ် နှစ်လ စောင့်ဆိုပြီး ပြောတယ်။” လို့ အလုပ်သမား တွေက ပြောပါတယ်။
 
စက်ရုံဘက်က ရက်မှန်ကြေး ကျပ် ၁၀,၀၀၀ တိုးပေးပေမဲ့ အဲဒီငွေက အလုပ်သမားတွေ ရနေတဲ့ အထည်ကြေး က ဖြတ်တောက်ပြီး ခေါင်းစဉ်ပြောင်း ပေးထားတာလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်မှာ အသက် မပြည့်တဲ့ ၁၂နှစ် / ၁၃အရွယ် ကလေးလုပ်သားတွေကို ခိုင်းစေနေပြီး စစ်းဆေးရေးလာပါ အလုပ်က ထုတ်ပယ်လို့ သိရပါတယ်။
 
“ ကလေးလုပ်သားတွေကို လူကြီးတွေ တန်းတူခိုင်းတယ်၊ အောတစ်လာရင် အလုပ်တစ်ရက် နားခိုင်းပြီး နောက်ရက် အလုပ်က ထုတ်လိုက်တယ် ။ နေ့စားအလုပ်သမားတွေဆိုတော့ အဲ့လိုပဲ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံဘက်က အလုပ်ထုတ်ထားတဲ့ နေ့စားကလေး လုပ်သားတွေကို နောက်ရက်မှာ အလုပ်ပြန်လျှောက်ခိုင်းပြီး ခိုင်းစေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည် စံချိန်တောင်းခံနေပြီး စံချိန်မရပါက တနင်္ဂနွေပိတ်ရက်မှာ အချိန်ပိုကြေးမရဘဲ ချုပ်ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို အလကား မဆင်းပေးနိုင်ကြောင်းပြောတာနဲ့ စူပါက အငြိုးထားပြီး ဖိအားပေးတာပဲ။” လို့ ပြောပါတယ်။
ဒါ့အပြင် စက်ရုံ wccကိုလဲ အလုပ်ရှင်ဘက်က စိတ်ကြိုက်ဖွဲ့စည်းထားသလို့ အလုပ်သမားတွေ ချိုးဖောက်ခံရလို့ ပြောပြလည်း အငြိုးအတေးထားဆက်ဆံခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ချိုးဖောက်ခံရတာကို သွားပြောလည်း၊ ပြောသောအလုပ်သမားများကိုပါ အမျိုးမျိုး အငြိုးထားပြီး စိတ် ဖိအားပေးတယ်၊ ပြီးတော့ အလုပ်ထုတ်တာတွေ လုပ်တယ်” လို့ ပြောထားပါတယ်။
 
Sky Fashion Myanmar Co.,ltd စက်ရုံက ရန်ကုန်မြို့ ၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမားများ ၈၀၀ ကျော်လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး Legender’s,Xside တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026