NEWS

Sinsay၊ TERRANOVA နိုင်ငံတကာအမှတ်တံဆိပ်ချုပ်စက်ရုံမှာ နေ့စားသမားများကို ၃ လခန့်ခိုင်းပြီး အလုပ်ထုတ်၊ ပိတ်ရက်မရှိလုပ်နေရလို့ ထောက်ပြတဲ့အလုပ်သမားကို နို့တစ်ပေးပြီးအလုပ်ထုတ်နေ

CoverLogo
728 Views

Sinsay၊ TERRANOVA စတဲ့နိုင်ငံတကာအမှတ်တံဆိပ် ဂျာကင်ထည်တွေချုပ်လုပ်နေတဲ့ SEN YU အထည်ချုပ်စက်ရုံဟာ စက်ရုံဖွင့်တာ ၅  လခန့်ရှိသေးတာဖြစ်ပြီး လက်ရှိမှာတော့ နေ့စားအလုပ်သမား ၁၀၀ ကျော်ကို ၃ လခန့်ခိုင်းစေပြီးအလုပ်ထုတ်တာ ပြီးမှနေ့စားအဖြစ်ပြန်ခန့်ပြီး ခိုင်းစေနေတာတွေကြောင့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၁၀၀၀ ကျော်နဲ့လည်ပတ်နေတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လှိုင်သာယာမြို့နယ် အလယ်ရွာထိပ် ဗန်းမော်အတွင်းဝန်လမ်းမှာဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

နေ့စားအလုပ်သမားတွေကို ချိုးဖောက်တာအပြင် အတည်ပြုဝန်ထမ်းတွေထဲက အချို့ကိုလည်း နို့တစ်ပေးပြီးအလုပ်ထုတ်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်သမားတွေကို အလုပ်ရပ်စဲ နစ်နာကြေးပေးချေရာမှာ လုပ်သက် ၁ နှစ်ရှိအလုပ်သမားကို နစ်နာကြေး လဝက်စာ လုပ်သက် ၆ လ အလုပ်သမားကို နစ်နာကြေး ပေးချေရန်မလိုဆိုတဲ့ အချက်ကို အသုံးချပြီး လုပ်သက် ၆ လမကျော်ခင် အလုပ်ထုတ်ရန် ကြံစည်နေတာလို့လည်းအလုပ်သမားတွေက ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအမှတ်တံဆိပ်ချုပ်လုပ်နေတဲ့ CMP စနစ် အထည်ချုပ်စက်ရုံအချို့မှာ အလုပ်သမားတွေရဲ့ လုပ်သက်ကိုလျော့ပါးအောင် အချိန်တိုတွင်း အလုပ်မှ ရပ်စဲပြီးမှ လုပ်သက်အစကနေ ပြန်စနေရတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပြီး ကျွမ်းကျင်လုပ်သားတွေအတွက် ထိခိုက်နစ်နာရသလို အလုပ်အကိုင်မတည်ငြိမ်မှုကိုပါ တပါးတည်းခံစားနေရတာလို့ အလုပ်သမားတွေကပြောပါတယ်။

"အော်ဒါမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နို့တစ်ပေးခံထားရတဲ့အလုပ်သမားတွေအများကြီးရှိတယ် လုပ်သက်ကလည်း ၆ လမပြည့်သေးတော့အလုပ်ထုတ်လည်း လျော်ကြေးပေးစရာမလိုဘူးဆိုတဲ့ ပုံစံနဲ့ လုပ်နေတာ ဘာကြောင့်နို့တစ်ကြေညာပြီးထုတ်လဲဆိုတော့ မန်နေဂျာ အောစူပါ စူပါတွေ မမှန်မကန်လုပ်တာတွေကို ထောက်ပြတဲ့အလုပ်သမားတွေ ကို အကုန်ထုတ်ပစ်တာ"လို့ အလုပ်သမားကပြောပါတယ်။

နို့တစ်ပေးထားခံရသော အလုပ်သမားများသည် အောစူပါ၊ စူပါများမမှန်ကန်ပြုပြောဆိုလုပ်လျှင် ပြန်ပြောသောအလုပ်သမားဖြစ်ပြီး ထို့အလုပ်သမားများကို အလုပ်ထုတ်ရန် အောစူပါ၊ စူပါ၊ မန်နေဂျာ ဒေါ်စီစီမေတို့မှပူပေါင်းလုပ်ဆောင်နေခြင်းဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

မန်နေဂျာ ဒေါ်စီစီမေသည် စက်ရုံတော်တော်များတွင် အလုပ်ရှင်များမှ ငှားရမ်းပြီး အလုပ်သမားများပြသာနာကို ဖြေရှင်းသူဖြစ်ပြီး အလုပ်သမားများအပေါ် ထောက်ထားခြင်းမရှိ၊ ဥပဒေအတိုင်းမလုပ်ဆောင်ပဲ အလုပ်ရှင်ဘက်ကနေပြီး ပွဲစားအဖြစ်ဆောင်ရွက်နေသူတစ်ဦးအဖြစ်သိရှိထားကြောင်း အလုပ်သမားတွေကပြောဆိုပါတယ်။

"တချို့အလုပ်သမားတွေကို အော်ဒါမရှိဘူးဆိုပြီး နို့တစ်ပေးပြီးအလုပ်ထုတ်တယ် ပြီးတော့ လူသစ်တွေထပ်ခေါ်တယ် ဥပဒေကို လက်တလုံးခြားချိုးဖောက်နေတာ"လို့ အလုပ်သမားက မှတ်ချက်ပြုပါတယ်။

 လက်ရှိလုပ်ငန်းခွင်ထဲမှာအချိန်ပိုကို ရုံးပိတ်ရက်ပါမချန်ဆင်းနေရတာလို့ သိရပြီး နံနက် ၇ နာရီ ၅၅ မိနစ်မှ  စနေ့နေ့တိုင်း ၆ နာရီ ၃၀ မိနစ်ထဲ တနင်္ဂနွေ နေ့ကို ၄ နာရီ ၃၀ ထိ ဆင်းရပြီး ကျန်နေ့များကို ညဘက် ၈ နာရီ ၃၀ မိနစ်ထိ နားရက်မရှိဆင်းပေးရလို့ နားရက်ပေးဖို့ ပြောတဲ့အလုပ်သမားတွေကို အော်ဒါမရလို့ အလုပ်မှအနားပေးတယ်လို့ ဆိုကာနို့တစ်ပေးလိုက်တာ လို့ အလုပ်သမားကပြော ဆိုပါတယ်။

"စက်တင်ဘာ ၂၈ ရက်နေ့ အလုပ်လွှတ်ခါနီးမှ အော်ဒါမရလို့ အလုပ်နားခိုင်းလိုက်တဲ့ အလုပ်သမားတွေရှိတယ် နောက် နေ့ မန်နေဂျာကို မေးကြည့်တော့ အောစူပါ စူပါတွေရဲ့ စကားကိုနားမထောင်လို့ ထုတ်တာဆိုပြီး ပြန်ပြောတယ် အဲ့လိုလုပ်တာ များနေပြီ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အိုတီဆင်းရန် ငြင်းဆန်တဲ့ တဲ့ အလုပ်သမားတွေကို မလိုအပ်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်အတင်းထိုးခိုင်းတာ အိုတီမဆင်းပါက အလုပ်မှထုတ်ပယ်လို့ ခြိမ်းခြောက်တာတွေလုပ်ဆောင်တယ်လို့ လည်းသိရပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမားတွေအတွက် ဖယ်ရီမလုံလောက်ခြင်း  အောစူပ်၊စူပါများမှ အလုပ်သမားများ ထမင်းစားချိန်၊ နားချိန်များတွင် အစည်းဝေးလုပ်ခြင်း၊ မိန်းခလေး၊ ယောက်ကျားလေး အိမ်သာများတွင်လည်း cctv တပ်ထားခြင်း၊  တစ်လလုံး ဂိတ်ပတ်ဖြင့်ထွက်လို့ ၄နာရီပြည့်လျှင် ရက်မှတ်ကြေးတစ်ဝက်ဖြတ်တောက်ခြင်း ယခင်ကမဖြတ်တောက်ပဲ ယခုမန်နေဂျာရောက်မှ အလုပ်သမားများကို အသိပေးခြင်းမလုပ်ပဲ ဖြတ်တောက်နေခြင်း တို့ ကြုံတွေ့နေရပြီး  အလုပ်သမားများသည် လုပ်ငန်းခွင်ထဲတွင် ဖိအားပေးစေခိုင်းခံနေရခြင်း၊ အငြိုးအတေးထားပြီး အလုပ်ထုတ်ခံရခြင်းများကြုံတွေ့ခံစားနေရတယ်လို့ ဆိုပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026