NEWS

Sincere Season အထည်ချုပ်စက်ရုံ တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း

CoverLogo
305 Views

ညီမတို့က Sincere Season  အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ ရှင့် ။ စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစိမ်းရောင်လမ်းမှာပါရှင့်။
တနင်္ဂနွေပိတ်ရက်တွေကို စက်ရုံက အချိန်ပိုတွေ ဆင်းခိုင်းနေပါတယ်။ နေ့တိုင်းလည်း  အချိန်ပိုလုပ်ပေးရပါတယ်။ ညနေ ၆ နာရီ ဒါမှမဟုတ်ရင်  ည ၈ နာရီအထိ အဲလိုတွေ လုပ်ပေးရပါတယ်။ မနက်ဖြန် (ဩဂုတ် ၄ ရက်) လည်း အလုပ်ဆင်းခိုင်းပါတယ်။ ဆင်းရမှာပါရှင့် ။ အပတ်တိုင်း လိုလို  ဆင်းနေရပါ တယ်။ ၅လပိုင်းလောက်က စပြီး အချိန်ပိုတေါ အရမ်းခေါ်ပါတယ် ။ ဆက်တိုက် လုပ်ပေးရတာပါ။ 
ညီမတို့မှာ စားဝတ်နေရေးက  အရမ်းခက်ခဲတော့ ပြောသမျှခံရ လုပ်သမျှခံနေရတာပါ။ မဆင်းချင်လည်း မရဘူးရှင့် ။ ပိုက်ဆံ ဖျက်ပါတယ် ။ ပြောဆို ဆူခံရပါတယ်။ 
အချိန်ပိုမဆင်းရင် နောက်နေ့ဆို ခွေးလို ဆဲခံရပါတယ်။
အကြုံပြုစာရေးရင်လည်း ဘယ်သူရေးလဲဆိုပြီး စစ်ဆေးပါတယ်။  “ပြောသေးတယ်။ တိုင်ချင်တဲ့သူ တိုင်။ နောက်ဆုံး သူဌေး စက်ရုံပိတ်ပြီး၊ အခြားမှာသွားဖွင့်လိုရတယ်” ဆိုပြီး မန်နေဂျာကပြောပါတယ်။ 
အချိန်ပိုဆင်းရပေမဲ့ ညနေ ၄ နာရီမှာ ၁၀ မိနစ် ပေးနားပါတယ်။  
စက်ရုံထဲမှာ EC စာချုပ်  မချုပ်ရသေးသူတွေအများကြီး ရှိနေပါတယ်။  အရွယ်မရောက်သေးတဲ့ အလုပ်သမား တွေလည်း အများကြီးရှိပါတယ်။  HR ကလည်း ကိုယ်တိုင် အင်တာဗျူးပြီး  အလုပ်ဝင်လုပ်နေမှာ ကလေး အလုပ်သမားလို့ သိရင်  အလုပ်ထုတ်ပါတယ် ။ နေ့စားတွေလည်း ခေါ်ခိုင်းပြီး၊ ပြီးရင်ထုတ်တယ်။
စစ်ဆေးအဖွဲ့တွေ လာလို့ မေးရင်၊ သူတို့ သင်ပေးတဲ့အတိုင်း ဖြေရပါတယ်။ 
ခွင့်ခံစားခွင့် မရပါဘူး။ ဘာခွင့်မှ မရတာပါ။ ဆေးခွင့်တောင် မပေးပါဘူး ရှင့်။   
စက်ရုံ သူနာပြုကလည်း ဆေးခန်းမှာမနေဘူး ။ ဆေးလာတောင်းရင်လည်း ဖုန်းကြည့်နေတယ် ၊ စိတ်မရှည်တဲ့ ပုံစံနဲ့ဆေးမရှိဘူးလို့ ပြောပါတယ်။  
စက်ရုံက တရုတ်လူမျိုးပိုင်ပါ။ အလုပ်သမားက ၂၀၀၀ ကျော်လောက်  ရှိတယ် ။ WCC က ဖွဲ့ထားတာကို တခြားသူတွေ ပြောမှ သိရပါတယ်။ စက်ရုံအလုပ်သမား သမဂ္ဂ မရှိပါဘူး။  
စက်ရုံမှာ Bestsellers , PULL&BEAR , Sinsay , Amisu , Vero Moda လို တံဆိပ် အတည်တွေ ချုပ်ပါတယ်။
အချိန်ပိုတွေ များလွန်းလို့ ကျွန်မတို့အလုပ်သမားတွေ သေဖို့ပဲ ရှိပါတယ်။ ကူညီ ဖြေရှင်းပေးပါရှင့် ။


Related posts

Cover
Myanto Industrial CO.Ltd  တွင် အလုပ်သမားတစ်ဦးကို ပွိုင့်လေးပွိုင့် ချုပ်ခိုင်းသည့်အပြင် အလုပ်မလာသူများ အတွက်ပါ လုပ်အားဖြည့်ခိုင်း
Nov 26, 2024
Cover
Smooth World  အထည်ချုပ် မန်နေဂျာအပါအဝင် ကြီးကြပ်ရေးမှူးများ ဆဲဆို ခိုင်းစေနေ
Nov 26, 2024
Cover
Jiashihao Myanmar အထည်ချုပ် တနင်္ဂနွေပိတ်ရက်များအား ရက်အစားနှင့် အချိန်ပိုဆင်းခိုင်း
Nov 26, 2024
Cover
Great Glowing စက်ရုံ HR ရုံးအဖွဲ့ အလုပ်သမားများအား ရိုင်းစိုင်းစွာ ခွဲခြားဆက်ဆံ
Nov 25, 2024
Cover
ZHI YUAN GARMENT အထည်ချုပ်စက်ရုံ အခွင့်အ​ရေးချိုး​ဖောက်မှု​တွေကျူးလွန်​နေတယ်လို့ အလုပ်သမား​တွေ​ပြော
Nov 25, 2024
Cover
Prettex Myanmar စက်ရုံ တွင် ဥပဒေကိုဆန့်ကျင်ပြီး ဖိအားပေး အချိန်ပို ဆက်ခိုင်း
Nov 25, 2024
Cover
Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ
Nov 22, 2024
Cover
BOGART LINGERIE (yangon)တွင်အထည်စံချိန်အလွန်အကျွံတောင်းခံနေပြီး မပြည့်မီပါက အလုပ်ချိန်မတိုင်ခင်ကြိုတင်ခိုင်းစေနေ
Nov 16, 2024