ညီမတို့က Sincere Season အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ ရှင့် ။ စက်ရုံကတော့ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစိမ်းရောင်လမ်းမှာပါရှင့်။
တနင်္ဂနွေပိတ်ရက်တွေကို စက်ရုံက အချိန်ပိုတွေ ဆင်းခိုင်းနေပါတယ်။ နေ့တိုင်းလည်း အချိန်ပိုလုပ်ပေးရပါတယ်။ ညနေ ၆ နာရီ ဒါမှမဟုတ်ရင် ည ၈ နာရီအထိ အဲလိုတွေ လုပ်ပေးရပါတယ်။ မနက်ဖြန် (ဩဂုတ် ၄ ရက်) လည်း အလုပ်ဆင်းခိုင်းပါတယ်။ ဆင်းရမှာပါရှင့် ။ အပတ်တိုင်း လိုလို ဆင်းနေရပါ တယ်။ ၅လပိုင်းလောက်က စပြီး အချိန်ပိုတေါ အရမ်းခေါ်ပါတယ် ။ ဆက်တိုက် လုပ်ပေးရတာပါ။
ညီမတို့မှာ စားဝတ်နေရေးက အရမ်းခက်ခဲတော့ ပြောသမျှခံရ လုပ်သမျှခံနေရတာပါ။ မဆင်းချင်လည်း မရဘူးရှင့် ။ ပိုက်ဆံ ဖျက်ပါတယ် ။ ပြောဆို ဆူခံရပါတယ်။
အချိန်ပိုမဆင်းရင် နောက်နေ့ဆို ခွေးလို ဆဲခံရပါတယ်။
အကြုံပြုစာရေးရင်လည်း ဘယ်သူရေးလဲဆိုပြီး စစ်ဆေးပါတယ်။ “ပြောသေးတယ်။ တိုင်ချင်တဲ့သူ တိုင်။ နောက်ဆုံး သူဌေး စက်ရုံပိတ်ပြီး၊ အခြားမှာသွားဖွင့်လိုရတယ်” ဆိုပြီး မန်နေဂျာကပြောပါတယ်။
အချိန်ပိုဆင်းရပေမဲ့ ညနေ ၄ နာရီမှာ ၁၀ မိနစ် ပေးနားပါတယ်။
စက်ရုံထဲမှာ EC စာချုပ် မချုပ်ရသေးသူတွေအများကြီး ရှိနေပါတယ်။ အရွယ်မရောက်သေးတဲ့ အလုပ်သမား တွေလည်း အများကြီးရှိပါတယ်။ HR ကလည်း ကိုယ်တိုင် အင်တာဗျူးပြီး အလုပ်ဝင်လုပ်နေမှာ ကလေး အလုပ်သမားလို့ သိရင် အလုပ်ထုတ်ပါတယ် ။ နေ့စားတွေလည်း ခေါ်ခိုင်းပြီး၊ ပြီးရင်ထုတ်တယ်။
စစ်ဆေးအဖွဲ့တွေ လာလို့ မေးရင်၊ သူတို့ သင်ပေးတဲ့အတိုင်း ဖြေရပါတယ်။
ခွင့်ခံစားခွင့် မရပါဘူး။ ဘာခွင့်မှ မရတာပါ။ ဆေးခွင့်တောင် မပေးပါဘူး ရှင့်။
စက်ရုံ သူနာပြုကလည်း ဆေးခန်းမှာမနေဘူး ။ ဆေးလာတောင်းရင်လည်း ဖုန်းကြည့်နေတယ် ၊ စိတ်မရှည်တဲ့ ပုံစံနဲ့ဆေးမရှိဘူးလို့ ပြောပါတယ်။
စက်ရုံက တရုတ်လူမျိုးပိုင်ပါ။ အလုပ်သမားက ၂၀၀၀ ကျော်လောက် ရှိတယ် ။ WCC က ဖွဲ့ထားတာကို တခြားသူတွေ ပြောမှ သိရပါတယ်။ စက်ရုံအလုပ်သမား သမဂ္ဂ မရှိပါဘူး။
စက်ရုံမှာ Bestsellers , PULL&BEAR , Sinsay , Amisu , Vero Moda လို တံဆိပ် အတည်တွေ ချုပ်ပါတယ်။
အချိန်ပိုတွေ များလွန်းလို့ ကျွန်မတို့အလုပ်သမားတွေ သေဖို့ပဲ ရှိပါတယ်။ ကူညီ ဖြေရှင်းပေးပါရှင့် ။
NEWS
Sincere Season အထည်ချုပ်စက်ရုံ တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း

1K Views
Related posts

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026

New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026

WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026