NEWS

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း

CoverLogo
316 Views
Shwe Myinn Co.,Ltd Washing Fact လျှော်ဖွတ် စက်ရုံက လုပ်သား ၁၀၀ ကျော် လျှော့ချပြီး ကျန် အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်းက နေရာစုံမှာ လိုက်လံ လုပ်ကိုင်ခိုင်းတယ်လို့ ပြောပါတယ်။
 
စက်ရုံမှာ လုပ်သား ၃၀၀ ကျော်နဲ့ လည်ပတ်ခဲ့ပေမဲ့ မကြာမီကမှ ကအလုပ်သမား ၁၀၀ ကျော်ကို လျော့ချပြီး ကျန်လုပ်သမားများတွေနဲ့ လုပ်ငန်းလည်ပတ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကျန်တဲ့ အလုပ်သမားတွေကို အထွေထွေသဘောမျိုး ကြုံရာအကုန်ခိုင်းတာ၊ လစာထုတ်တော့ ဘာခံ စားခွင့် မှ မရဘူး ။” လို့ ပြောပါတယ်။
 
ဌာနပေါင်းစုံက အလုပ်တွေကို အလုပ်သမားတွေ လိုက်လုပ်ပေးရပေမဲ့ ကျွမ်းကျင်ကြေး ကျပ် တစ်သောင်း၊ တစ်သောင်းခွဲ ဝန်းကျင်ကို အပြည့် မရဘူးလို့ ပြောပါတယ်။ စက်ရုံက ရေလျှော်လုပ်ငန်းဖြစ်လို့ ဓာတုပစ္စည်း တွေနဲ့ လုပ်ကိုင်ရပေမဲ့ လုပ်ငန်းခွင်သုံး အကာအကွယ်တွေ ပေးထားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“ ဓာတုပစ္စည်းတွေနဲ့ လုပ်ရတာရှိတယ် ၊ လက်အိတ်လုံးဝမပေးထားဘဲ ဒီအတိုင်းဘဲလုပ်ရတာ” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ အချိန်ပိုအိုတီဆင်းပြီး နေအိမ်အပြန်မှာ လုပ်ငန်းသုံးကား တစ်စီးတည်းနဲ့ ပတ်ပို့လို့ နေအိမ်ကို နောက်ကျမှ ပြန်ရောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားတွေမှာ လစာအလုပ်သမားတွေ တန်းတူ အလုပ်ဆင်းရပေမဲ့ အမြဲတမ်းခန့် အလုပ်သမား ဖြစ်ဖို့ ဖိအားတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ် လုပ်တာ ၃လပြည့်၊ ၄လပြည့်မှ အမြဲတန်း ခန့်တယ်။ ၄ လအတွင်း အလုပ်ဆင်းရက် တစ်ရက်မှ မပျက်တဲ့ အလုပ်သမား ကိုပဲ ခန့်အပ်တယ်။” လို့ ပြောပါတယ်။
 
အန္တရာယ်နဲ့လုပ်နေရတဲ့ အလုပ်သမားတွေကို လစာမတိုးဘဲ မန်နေဂျာနဲ့ အဆင်ပြေတဲ့ ခေါင်းဆောင်ပိုင်းတွေကိုပဲ လစာအများအပြားပေးထားလို စက်ရုံအတွင်း လုပ်ခလစာခွဲခြားခံရပြီး ခေါင်းဆောင်းပိုင်းနဲ့ နီးစပ်သူတွေက လုပ်ခ ပိုမို ရရှိနေတယ်လို့ သိရပါတယ်။
 
“နေ့စားကို ၇၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ လခစားကို ၁၁၀၀၀ အဲလို ခွဲခြားခံရတာ။ ဘယ်လောက်လုပ်သက် ကြာကြာ ခေါင်းဆောင်ပိုင်း က အလုပ်သွင်းပေးပြီး နောက်မှ ရောက်လာသူတွေဆို လုပ်ငန်းအတွေ့ကြုံမရှိလဲ အလုပ်ဝင်တာနဲ့ ကျွမ်းကျင်ကြေးကိုတန်းပေးတယ်။ လုပ်သက်ရင့်တွေ နစ်နာတာပေါ့" လို့ ပြောပါတယ်။
 
ဒီလို မျက်နှာလိုက် ဆောင်ရွက်မှုတွေကို နစ်နာနေရပေမဲ့ စက်ရုံဘက်က ဆောင်ရွက်ပေးတာမရှိလို့ လုပ်သက် လေးငါးခြောက်နှစ်ရှိ အလုပ်သမားတွေ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ လစာနည်းလည်း မပြောရဲ့၊ မတရားခံနေရလဲ မပြောရဲဘူး ။ ဘာလို့ဆို ပြောတဲ့ အလုပ်သမား တွေ ကို အငြိုးအတေး ထားခံရတယ်။ Wcc တွေကလဲ အားမကိုးရဘူး။ မန်နေဂျာကလည်း ဘာပြောပြော အရေး မလုပ်ဘူး။ “ လို့ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ တစ်ပတ်နှစ်ရက် ကောင်းဇေဆေးခန်းက လာထိုင်ပေမဲ့ လူမှုဖူလုံရေးကဒ်မပါလို့ ဆေးခန်းပြ မရဘူးပြောလို့ အရေးပေါ် ဖြစ်မယ်ဆို ဆေးခန်းပြဖို့ အခက်အခဲ ရှိတယ်လို့ အလုပ်သမားတွေက ပြောဆိုထား ပါတယ်။
 
Shwe Myinn Co.,Ltd Washing Fact စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီး လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် ရေလျှော်စက်ရုံဖြစ်ပါတယ်။ အလုပ်သမား၁၀၀ ကျော် လုပ်ကိုင်ပြီး Pageone, Chapter, Next တံဆိပ်အထည်တွေကို ရေလျှော် ဝန်ဆောင်မှု ပေးနေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026