NEWS

Shwe Myinn လျှော်ဖွတ်လုပ်သားများ ထိခိုက်မှု အလုပ်ရှင်ဘက်မှ တာဝန်ယူမှု မရှိ ဟုဆို

CoverLogo
455 Views
 
Shwe Myinn Washing Factory လျှော်ဖွတ်စက်ရုံက အလုပ်သမားတွေမှာ ဓာတုပစ္စည်းတွေနဲ့ လုပ်ကိုင်နေရပေမဲ့ အကာအကွယ် မပါဘဲ လုပ်ကိုင်ရလို့ ထိခိုက်မှုတွေ ရှိတိုင်း အလုပ်ရှင်ဘက်က တာဝန်ယူတာ မရှိဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်ငန်းခွင်ထဲမှာ Chemical တွေနဲ့ လုပ်ရတယ်။ လက်အိတ်၊နှာခေါင်းစီး မပေးဘူး။ လျှော်တဲ့ဆေးတွေက မွန်လွန်းလို့လို့ ရင်ဘတ်တွေ အောင့်နေတာ။ အန်ချင်လာတယ်။ ဘာမှ လုပ်မပေးတာ။ အလုပ်ထဲ ထိ ခိုက်မိလည်း ထည့်စရာ ဆေးမရှိဘူး၊ ဆေးခန်းလည်း မရှိဘူး။ တစ်ခုခုထိခိုက်မိရင်လည်း အလုပ်ရှင်က တာဝန်ယူတာ မရှိဘူး။ ကိုယ်တိုင်ပဲ အပြင်မှာဆေးခန်းပြရတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အ လုပ်သမား ၁၀၀ကျော်ပဲ ရှိပြီး နေရာစုံ လုပ်ကိုင်ခိုင်းတာကြောင့် အလုပ် မနိုင်မနင်းဖြစ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ လုပ်သားနည်းတော့ အချိန်ပိုတွေလည်း လုပ်ရတယ်။ပုံမှန်နေ့မှာ ညနေ ၆ / ည ၈ နာရီ အဲလိုတွေဆင်းရတယ်။ နောက် ညနက် ၁၂နဲ့ မနက် ၂ နာရီ အထိ လုပ်ရတယ်။ ည ၁၀ နာရီ ဆင်းတဲ့သူကို မုန့်တစ်ထုတ်ကျွေးပြီးပြန်လွတ်တယ်။ ၁၂ နာရီဆင်းတဲ့သူတွေကို ထမင်းတော့ ကျွေးတယ်။ ဖယ်ရီ ကားခဆိုပြီး ၁၅,၀၀၀ ပေးထားလည်း အိုတီဖြစ်ဖြစ် ၊ ပုံမှန်အလုပ်ဆင်းတာပဲဖြစ်ဖြစ်၊ ကားခတွေလည်း ဈေးတွေတက်ထားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ဆိုတော့ အိပ်စိုက်နေရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေကိုယ်ပိုင် အစီအစဉ်နဲ့ လုပ်ငန်းခွင် သွားရောက်ရပေမဲ့ အလုပ်ဝင်ချိန်နောက်ကျလို့ဆိုပြီး လစာ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ အဝင်နောက်ကျလည်း လစာဖြတ်တယ်။ ဒေးကြေးနဲ့ အိုတီကြေးတွေကလည်း နည်းတယ်။ လုပ်ခလစာတွေ တိုးပေးစေချင်ကြတာပါ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေမှာ ဥဒေပါ ခံစားခွင့်တွေ ဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက် ခွင့်တွေမပေးပဲ ရက်ပျက်ပါက လုပ်ခလစာ ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်တိုင်ရင် ခွင်မပေးဘူး။ တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၈,၈၀၀ ၊ ရက်မှန်ကြေး ၃၀,၀၀၀ ဖြတ်တယ်။ အိုတီ လက်မှတ်မထိုးလ်ညး ခြိမ်းခြောက်တယ်။ စက်ရုံမှမန်နေဂျာက အချိန်ပိုအိုခေါ်တာကို ဘယ်သူလာတားတား၊ တားမရဘူးလို့ ပြောတယ်။ တိုင်ချင်တဲ့သူတွေကိုလည်း အဆုံးသတ်ခံနိုင်အောင်လုပ်ထားလို့ ခြိမ်းခြောက်နေတာ.” လို့ ပြောပါတယ်။
 
စက်ရုံကို လာရောက်စစ်ဆေးမှုတွေရှိပေမဲ့ ရွေးချယ်ထားသူတွေကိုပဲ တွေ့ဆုံဖြေကြားခိုင်းတယ်လို့လည်း ပြောပါတယ်။ WCC အဖွဲ့လည်း ဖွဲ့ထားပေမဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားလို့ အခက်အခဲတွေ ပြောခွင့်မသာဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်း ခွင်မှာ အသက်၁၄နှစ် /၁၅နှစ်အရွယ် လူငယ်၊ လူရွယ်အလုပ်သမားတွေ အများအပြားရှိနေပြီး ဆေးထောက်ခံချက်မပါဘဲ ခိုင်းစေနေတယ်လို့လည် သိရပါတယ်။
 
Shwe Myinn Washing Factory လျှော်ဖွတ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026