NEWS

Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ

CoverLogo
510 Views
 
တရုတ်နိုင်ငံသားပိုင် Shun Yu Myanmar Garment Co.,ltd အထည်ချုပ်စက်ရုံမှာ အသက် မပြည့်သေးတဲ့ လူငယ်လုပ်သားတွေကို ကျန်းမာရေးကောင်းမွန်ကြောင်းဆရာဝန်ထောက်ခံချက်မပါဘဲ ခိုင်းစေတဲ့အပြင် ကြီးကြပ်သူတွေက ဆဲဆိုခိုင်းစေမှုတွေပါ လုပ်ဆောင်ကာ အခွင့်အရေးချိုးဖောက်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ကနောင်မင်းသားကြီးလမ်း၊ မှာဖွင့်လှစ်ထားပြီး Kaepa အမှတ်တံဆိပ်ချုပ်လုပ်ပြီး အလုပ်သမား ၂၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ ဆိုပါတယ်။ အဲ့ဒီလုပ်ငန်းခွင်မှာ WCC မဖွဲ့စည်းထားသလို အလုပ်သမားသမဂ္ဂလည်း မရှိဘူးလို့ သိရပါတယ်။
 
ချိုးဖောက်မှုအနေနဲ့ ကလေးလုပ်သားတွေကို ဆရာဝန်ထောက်ခံချက်မပါဘဲ လူကြီးလုပ်သားတွေနဲ့ တန်းတူ ခိုင်းစေပြီး ကြီးကြပ်တဲ့ သူတွေက ဆဲဆိုခိုင်းစေမှုတွေပြုလုပ်တာ၊ နေ့စားအလုပ်သမာတွေခန့်ထားပြီး လုပ်သက် ၁ နှစ်ကျော်ကြာတဲ့အထိ နေ့စားအဖြစ်သာခိုင်းစေတာ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် EC ချုပ်ပြီး စာအုပ်ကို အလုပ်သမားတွေလက်ထဲ မပေးထားတာ၊ အလုပ်ခန့်ထားပါက အထောက်အထားစာရွက်စာတမ်းတွေမတောင်းဘဲ ခန့်ပြီး အလုပ်ထုတ်ပါက ဥပဒေမဲ့ ထုတ်တာ၊ အလုပ်သမား ၂၀၀ ဝန်းကျင်ကို ဖယ်ရီ ၁ စီးသာ စီစဉ်ပေးတာကြောင့် အဆင်မပြေတာ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ ခံစားခွင့်တွေမပေးတာ တွေပါ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားပါတယ်။
 
"ရှောင်တခင်ခွင့်တွေ၊ ဆေးခွင့်တွေ မရပါဘူး။ နေမကောင်းလို့ အလုပ် ၁ ရက်ပျက်ရင် ဒေးကြေး၊ ထောက်ပံ့ကြေး ရက်မှန်ကြေး စုစုပေါင်း ၄၅၀၀၀ ကျော်ထိ ဖြတ်တောက်ခံရပြီး လူမှုဖူလုံရေးကြေး ထည့်ဝင်ရပေမယ့် ၆ လကျော်တဲ့အထိ ကတ်မရလို့ ဆေးခန်းတောင်ပြလို့မရဘူး၊ အလုပ်ထဲမှာလဲ ထိခိုက်တာ တခုခုဖြစ်ရင်လည်း ဆေးဝါးကမပေးပါဘူး။ ဓါတ်ဆားထုတ်တောင် မရှိဘူး"လို့ အလုပ်သမားကပြောပါတယ်။
 
နံနက် ၇ နာရီ ၃၀ အလုပ်ဝင်ရပြီး နေ့လည်စာနားချိန်ပြီးနောက် ည ၇ နာရီ အထိ အနားမပေးဘဲ ခိုင်းစေသလို တခါတရံ ည ၈၊ ၉ နာရီအထိ ကို ၁၅ မိနစ်နားခိုင်းပြီး အဆာပြေမကျွေးဘဲ ဆက်တိုက်ခိုင်း စေမှုတွေရှိတယ်လို့ ပြောပါတယ်။
စံချိန်အနေနဲ့ ကြီးကြပ်ရေး အပါ အလုပ်သမား ၃၅ ဦးရှိတဲ့ စက်လိုင်း ၁ လိုင်းမှာ တနာရီကို အထည် ၆၀ ကျော် တောင်းခံပြီး စံချိန်မပြည့်ပါက အော်ဟစ်ဆူပူတာတွေလုပ်တယ်လို့ ဆိုပါတယ်။
 
"အလုပ်သမားတွေသောက်တဲ့ရေကို တရုတ်က ခြေဆေးတာတွေလုပ်တယ်၊ အဲ့တာမျိုးတွေမလုပ်စေချင်ဘူး၊ နောက်က ဂိတ်ပက် တနာရီယူရင် အချိန်ပိုအိုတီ တနာရီဖျက်ချပြီး ၅ နာရီဆို အချိန်ပိုထဲက ၅ နာရီစာကို ဖြတ်ယူထားတယ်။ အောစူပါဆိုလဲ အလုပ်သမာတွေကို ‌ေ- နဲ့ ကိုင်ပြီး ဆဲဆိုတာလုပ်တယ်၊ အလုပ်ထုတ်ရင်သူက မမှန်သက်သေထွက်ပေးသေးတယ်၊ တရုတ်တွေက အလုပ်ထဲမှာပါ တိုက်ရိုက်ခိုင်းစေပြီး တနေကုန်မျက်စိဒေါက်ထောက်ကြည့်နေပြီး ဆဲဆိုအော်ဟစ်နေတာ၊ အိမ်က မိဘတို့ ကလေးတို့နေမကောင်းလို့ ပြန်ချင်လို့ ဂိတ်ပက်တောင်းရင် လုံးဝ မပေးတဲ့အပြင် အော်ဆဲတာပဲခံရတယ်" လို့အ လုပ်သမားကပြောပါတယ်။
 
"အရေးကြီးလို့ ဂိတ်ပက်ယူရင် တနာရီကို ၂၅၀၀ ဖြတ်တယ်၊ အလုပ်သမားတွေကို တရုတ်တွေက တိုက်ရိုက်စက်လိုက်တွေမှာ လိုက်စောင့်ကြည့်သလို CCTV တွေကနေကြည့်ပြီးတော့လဲ အချုပ်သားတွေလိုမျိုးခိုင်းခံနေရတယ်၊ အလုပ်သမားကမခံနိုင်လို့ ပြန်ပြောတော့ ကိုယ်ထိလက်ရောက်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်၊ အလုပ််သမားအခွင့်ရေးဆို ဘာတခုမှ ရှိမနေဘူး အကြောင်းအရာ ရေရာတာမရှိဘဲ ဝမ်တိမ်ထိုးခိုင်းပြီး အလုပ်နဲ့ ကိုင်ပြီးခြိမ်းခြောက်ခံနေရတယ်" လို့ အလုပ်သမားက ဆက်ပြောပါတယ်။
 
အခုလိုလုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ အများအပြားကျူးလွန်နေပြီး ဖြေရှင်းမပေးတဲ့အပြင် စစ်ဆေးရေးလာပါက ကြိုတင်သင်ကြားထားပြီး အမှန်အတိုင်းပြောခွင့်မပေးဘဲ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေအနေနနဲ့ အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်တွေကတော့
၁။ အလုပ်ရှင်ဘက်မှ တရုတ်များ အောစူပါ၊ စူပါများမှာ စံချိန်မတရား တောင်းခံနေပြီး ဆဲဆိုခြင်း၊ အော်ဟစ် ခြင်းမပြုလုပ်ရန်။
၂။ အလုပ်ရှင်ဘက်က အလုပ်သမားများကို အောလင်း၊ အောနိုက်များကို ဖိအားပေးဆင်းခိုင်းခြင်းများ မပြုလုပ်ရန်။
၃။ အလုပ်သမားများသောက်ရေသောက်ဖြင့် တရုတ်များခြေထောက်မဆေးရန် အလုပ်ရှင်ဘက်က တာဝန်ယူ ဖြေရှင်းပေးရန်။
၄။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၅။ အလုပ်ရှင်ဘက်က အလုပ်ပိတ်ရက်များ တနင်္ဂနွေနေ့များတွင် အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ဥပဒေမဲ့အလုပ်ထုတ်ခြင်း မပြုလုပ်ရန်။
၇။ အလုပ်ရှင်ဘက်မှ ecစာချုပ်ကို အလုပ်သမားများ လက်ထဲသို့ တစ်အုပ်ပေးထားရန်။
၈။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ခိုင်ခိုင်လုံလုံ အကြောင်းပြချက်မရှိဘဲ ဝမ်တိမ်လက်မှတ်ထိုးခိုင်း ခြင်းမပြုလုပ်ရန် တောင်းဆိုလိုတယ်လို့ ပြောပါတယ်။
 

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026