NEWS

Shuangxi  Myanmar  အထည်ချုပ်စက်ရုံ အချိန်ပိုအလွန်အကျွံဆင်းခိုင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေ

CoverLogo
1K Views

အစိုးရရုံးပိတ်ရက်တွေမှာပါ အချိန်ပိုဆင်းနေရပြီး နေ့စဉ် ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတာ‌တွေ အချိန်ပိုဆင်းရန် ငြင်းဆန်ပါက ခွဲခြားဆက်ဆံတာ ခြိမ်းခြောက်ခိုင်းစေတာတွေပြုလုပ်‌နေတယ်လို့ Shuangxi  Myanmar  အထည်ချုပ်စက်ရုံအလုပ်သမားက ပြောပါတယ်။

စက်ရုံမှာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ မက္ခရာမင်းသားကြီးလမ်းမှာဖွင့်လှစ်ထားတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ကာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။

အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ရုံမှာ  JAKO အမှတ်တံဆိပ်   လူကြီးအင်္ကျီ၊ ဘောင်းဘီ၊  နှစ်သား၊ ဂျာကင်ပုံစံတွေ ချုပ်လုပ်တာလို့ သိရပါတယ်။

အချိန်ပိုအလွန်အကျွံခိုင်းစေတာအပြင် အခြားကျူးလွန်မှုတွေလဲ ပြုလုပ်နေတာရှိပြီး အထည်စံချိန်ကို အလုပ်သမား ချုပ်လုပ်နိုင်တာထက် အဆမတန် သတ်မှတ်တောင်းဆိုတာ ချုပ်လုပ်ရခက်ခဲပြီး စံချိန်အပြည့်မရရှိတဲ့ စက်လိုင်းတွေကို ဖျက်သိမ်းပြီး အခြားစက်လိုင်းတွေကို ပို့တာ ခွဲခြားဆက်ဆံတာတွေလုပ်လို့  စိတ်သောကရောက်နေရပြီး အလုပ်မှ နုတ်ထွက်ချင်အောင် ပြုမူလုပ်ဆောင်တာတွေပြုလုပ်တယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"အလုပ်သမား ၁ ဦးကို တစ်နာရီကို အထည် ၄၀ အထိတောင်းပါတယ် ပွိုင့်တွေက တစ်ပွိုင့်ထဲချုပ်ရတာမဟုတ်ဘဲ အနည်းဆုံး နှစ်ပွိုင့်ချုပ်ရတာ လက်ဝင်တဲ့အထည်တွေရှိတယ် ခက်တာတွေရှိတယ်ပေါ့နော် အဲ့လိုစံချိန်မပြည့်တဲ့လိုင်း‌တွေကို  ဖျက်ပစ်တယ် အခြားလိုင်းကို ပြောင်းလိုက်ပြန်တော့လဲ တရုတ်အမျိုးသမီးနဲ့အော စူပါက  အသုံးမကျတဲ့လူတွေဆိုပြီး ဆဲဆိုနေတာ နေ့တိုင်းစိတ်ဆင်းရဲနေရတာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားက လုပ်ငန်းခွင်ထဲက အခြေအနေကို ပြောပြပါတယ်။

လုပ်ငန်းခွင်ထဲမှာ စံချိန်မရပါက ဆဲဆိုတာ ရိုင်းစိုင်းစွာပြောဆိုနေတာတွေကြောင့် အလုပ်သမားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတယ်လို့ ပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်သက် ၃လ မှ  ၄ လ ကျော် ထိရှိတဲ့ နေ့စားအလုပ်သမား ၂၀ ကျော်ရှိပြီး အတည်ပြုဝန်ထမ်းခန့်အပ်ခြင်းမရှိတာကြောင့် ယင်းအလုပ်သမားတွေအနေနဲ့ ခွင့်ရက်များ အလုပ်ပိတ်ရက်များ လူမှုဖူလုံရေးခံစားခွင့်များ လုပ်သက်များဆုံးရှုံးနေရလို့ ဒါကလည်း အလုပ်သမားခွင့်အရေးများ ချိုးဖောက်နေတာလို့ အလုပ်သမားကပြောပါတယ်။

"ဖြစ်နေတာတွေကတော့ အဲ့အတိုင်းပဲ တချို့စူပါတွေရှိတယ် အလုပ်သမားတွေကို မျှမျှတတ ဆက်ဆံတာတွေရှိတယ် အဲ့လိုမျိုးလူဆိုရင် မန်နေဂျာတို့ အောစူပါတို့က ဆက်ဆံရေးကောင်းတဲ့ စူပါ‌ကို အပြစ်မရှိ အပြစ်ရှာပြီးအလုပ်ထုတ်တယ် အဲ့လိုဆိုတော့ ကျန်တဲ့ စူပါတွေကလည်း ဆက်ဆံရေးမကောင်းတော့ဘူး ကိုယ်အလုပ်မပြုတ်ရေးဘဲ လုပ်ကြတော့ လုပ်ငန်းခွင်ထဲပိုဆိုးသွားတာပေါ့ လုပ်ငန်းရှင်တွေအနေနဲ့ တကယ်ပဲအဲ့လိုဖြစ်ချင်နေတာလားဆိုတာ မေးချင်တယ်"လို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့  လုပ်ငန်းခွင်ထဲက လုပ်သက်ရင့် အလုပ်သမားက ပြောပြပါတယ်။

လက်ရှိမှာတော့ အစိုးရရုံးပိတ်ရက် ဖြစ်တဲ့ တနင်္ဂနွေ နေ့မှာပါ အချိန်ပို ဆင်းပေးရတာ တခြားရက်တွေမှာ ညလုံးပေါက်ဆင်းရတာ အလုပ်သမားတွေရဲ့ သဘောဆန္ဒအရ အချိန်ပိုခေါ်ဖို့ ဥပဒေမှာ သတ်မှတ်ပြဌာန်းထားပေမဲ့ အလုပ်သမားတွေကို မမေးမြန်းဘဲ မဆင်းမနေရ ဆင်းခိုင်းတာ မဆင်းပါက အငြိုးအတေးထားပြီးဆက်ဆံတာ တွေ ကျူးလွန်နေတာလို့ အလုပ်သမားကပြောဆိုပါတယ်။

"ည ၁၀ နာရီအထိ ဆင်းရတဲ့ရက်တွေဆိုရင် စက်ရုံမှာညအိပ်ခိုင်းတယ် မနက်ကျတော့ ထပြန်ပေါ့လေ အဲ့လိုလုပ်ထားပြီး မနက်ကျတော့ ဖယ်ရီလဲမပေးဘူး ကိုယ့်ဘာသာပြန်ရတာ ပြီးရင် အလုပ်ကိုပြန်လာဖို့လည်း ဖယ်ရီမပေးဘူး အဲ့လို လုပ်ချင်တိုင်း လုပ်နေတာ တကယ်အခက်တွေ့ရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ တောင်ဆိုချက်အနေနဲ့ အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်ကျူးလွန်နေတာတွေကို ရပ်တန့်ဖို့ အချိန်ပိုတွေ အလွန်အကျွံမဆင်းခိုင်းဖို့ အချိန်ပိုခေါ်ယူမယ်ဆိုပါက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းဖို့  အချိန်ပိုဆင်းရတဲ့အလုပ်သမားတွေအတွက်ဖယ်ရီစီစဉ်ပေးဖို့ လုပ်ငန်းခွင်ထဲမှာ တရုတ်အမျိုးသမီး အောစူပါ နဲ့ စူပါများမှ ဆဲဆိုတာ ရိုင်းစိုင်းစွာ ပြောဆိုတာတွေ မလုပ်ဖို့ နဲ့ ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ အပြစ်မရှိတဲ့ အလုပ်ထုတ်တာတွေ မကျူးလွန်ဖို့ စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့  သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026