NEWS

SHI AN (MYANMAR) စက်ရုံအလုပ်သမားတွေ ခွင့်ခံစားခွင့်မရ ဘဲလုပ်ကိုင်နေရ

CoverLogo
838 Views

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂) ကနောင်မင်းသားကြီးလမ်းမှာ အလုပ်သမား ၈၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ SHI AN (MYANMAR) အထည်​ချုပ် စက်ရုံမှာ ခွင့်ခံစားခွင့်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ စက်ရုံမှာ JACK&JONES တံဆိပ်ချုပ်လုပ်နေပြီး လုပ်ငန်းခွင်မှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 

အလုပ်သမားများ ခံစားခွင့် ဖြစ်သောရှောင်တခင်ခွင့်၊ ဆေးခွင့်များမပေးခြင်း၊ အလုပ်သမားများနေထိုင်မကောင်းသည်ဖြစ်စေ၊ အရေးပေါ်ကိစ္စရှိသည်ဖြစ်စေ ခွင့်တိုင်ကြားသော်လည်းအလုပ်ရှင်ဘက်မှ ခွင့်မပေးဘဲ လစာထုတ်လျှင် ဖြတ်တောက်ထားခြင်း၊ ခွင့်တိုင်ပြီးခွင့်မရသည့်အတွက် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး (၂၀၀၀၀)ကျပ် စုစုပေါင်း(၂၅၈၀၀) ကျပ်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

လူမှုဖူလုံရေးကြေးထည့်ဝင်ထားသော်လည်း ဆေးခွင့် ခံစားခွင့်မရှိသည့်အတွက် အလုပ်သမားများမှာနစ်နာမှုရှိနေတယ်လို့ဆိုပါတယ်။

"လုပ်ငန်းခွင်ထဲတွင်အလုပ်သမားများကို အထည်စံချိန်မတရားတောင်းခံနေခြင်း၊ စက်လိုင်းတစ်လိုင်းတွင် အလုပ်သမားလူဦးရေ (၅၀)သာရှိပြီး အလုပ်သမားတစ်ဦးကိုပွိုင့်နှစ်ပွိုင့်ချုပ်ရခြင်း၊ ချုပ်ရသောအထည်များ မှာဝယ်လွန်သားများဖြစ်ပြီး တစ်နာရီလျှင်အလုပ်သမားတစ်ဦးကို အထည်စံချိန်(၄၅)ပေးရခြင်း၊ ချုပ်ရသည့် အထည်များမှာလက်ဝင်ခြင်း၊ ရေမသောက်၊ အိမ်သာမသွားဘဲချုပ်လုပ်နေရပြီး အလုပ်ရှင်ဘက်မှ တောင်းခံသောစံချိန်ကပြည့်မီရန်ခက်ခဲခြင်း၊ အလုပ်ရှင်ဘက်ကတစ်ဖက်သတ် တောင်းခံသောအထည်စံချိန် မပြည့်လျှင်အောစူပါ၊ စူပါများက စက်လိုင်းထိပ်ကနေ အလုပ်သမားများကိုနာမည်တပ်ပြီး အော်ဟစ်ဆဲဆို နေခြင်းများကိုနေ့စဥ် နားမခံနိုင်အောင်ပြုမှုဆက်ဆံနေတာကြောင့်" အခက်ကြုံနေရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

အောစူပါ၊စူပါများဖိအားပေးမှုကြောင့် ထမင်းစားနားချိန်တွင်ထမင်းမစားရဘဲ အလုပ်ရှင်ဘက်မှ တောင်းခံသောအထည်စံချိန်ပြည့်မီအောင် နားချိန်မရှိချုပ်လုပ်နေရတယ်လို့ ပြောပါတယ်။

ထမင်းမစား မနားရဘဲချုပ်လုပ် နေသည့်အတွက်တစ်နေ့တာစံချိန်ပြည့်မီသွားလျှင် နောက်နေ့တွင်အထည်စံချိန်ကိုထပ်မံတိုးတောင်းတာကြောင့် ယခုလိုလုပ်ဆောင်နေခြင်းမှာ အလုပ်ရှင်မှ အလုပ်သမားများလုပ်အားကိုညှစ်ထုတ်ယူနေခြင်းဖြစ်တယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားများတောင်းဆိုချက် အနေနဲ့အလုပ်သမားများခံစားခွင့်ရှိသော ခွင်ရက်နှင့်ဆေးခွင့်များ ခံစားခွင့်ပေးရန်၊ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်များကိုသာအလုပ်ရှင်ဘက်ကတောင်းခံရန်၊ အောစူပါ၊စူပါများမှစံချိန်တောင်းခံရာတွင် အလုပ်သမားများကိုအော်ဟစ်ဆဲဆိုခြင်း မပြုလုပ်ရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။ 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026