NEWS

Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း

CoverLogo
380 Views
 
ကျေးဇူးပြုပြီး သေချာလည်း ဖတ်ပေးစေချင်ပါတယ်။
 
စက်ရုံက အထည်ချုပ်စက်ရုံပါတယ်။ Sheng Tai (ST) စက်ရုံ ဆိုပြီး မင်းကြီး မဟာမင်းခေါင်လမ်း၊ ရွှေပြည်သာစက်မှုဇုန် (၃) ၊ ရွှေပြည်သာမြိုနယ်မှာ ဖွင့်ထားပါတယ်။ ဖွင့်ထားတာ ၉ လကျော်ပါပြီ။
 
အလုပ်သမားရုံးကလာ မစစ်ခင်အထိ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ် ဆိုပြီး ခန့်ထားတာမရှိပါဘူး။ လာစစ်မယ်လို့ သတင်းကြားတော့မှ စက်ရုံက သဘောကျတဲ့ သူတွေကို အလုပ်သမားတွေကို အသိမပေးဘဲ WCC အဖွဲ့ဝင်တွေလို့ ခန့်လိုက်တာပါ။ ခန့်ထားတာတဲ့ အလုပ်သမားဆိုတာတွေက စက်ရုံ မန်နေဂျာ၊ စကားပြန်နဲ့ စူပါတွေပါ။
 
စက်ရုံ စဖွင့်တဲ့ ၉ လအတွင်းမှာ EC စာချုပ်ချိုးဖောက်မှုတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး တဘက်သတ် အ လုပ် ထုတ်တာတွေကို လုပ်နေခဲ့တာပါ။
 
အလုပ်သမား သုံးရာကျော် အတွက် စက်ရုံမှာ အိမ်သာအလုံအလောက်လဲ မရှိပါဘူး။ အမျိုးသမီးအလုပ်သမားတွေ အတွက် ဒီ အိမ်သာသုံးလုံးနဲ့ မလောက်ပါဘူး။ တခါတလေနှစ်လုံးပဲ သုံးလိုရပါတယ် ၊ အိမ်သာခန်း မအားလို စောင့်နေရရင်လဲ HR က မိုက်နဲ့ ပြောဆိုတယ်။
 
Production Manager မြန်မာအမျိုးသမီးနဲ့ HR ကိုယ်တိုင်က ကြမ်းတမ်းပြီး စရိုက်ဆန်ဆန် စကားတွေပြောပါတယ်။
မနက် အလုပ်တက်ပြီဆို HRကိုယ်တိုင်က တစ်နာရီစာ စံချိန်အပြည့်ချုပ်ဖို့ မိုက်နဲ့အော်ပါတယ်။ တနင်္လာနေ့နဲ့ စနေနေ့တွေဆိုရင် အပြင်ထွက်ခွင့် GatePass မပေးပါဘူး။
 
အဲ့လိုမပေးလို့ ရတာလား သိချင်ပါတယ်။
အလုပ်သမား ကိုယ်စားလှယ်ကို အလုပ်သမားကိုယ်တိုင်က မရွေးချယ်ဘဲ ခန့်ထားလို့ ရလား ၊သိချင်ပါတယ်။
အလုပ်သမား မလုံလောက်တဲ့ ဌာနတွေအတွက် ဖူလုံရေးဆောင်ရမှာ စိုးလို့ နေ့စားအလုပ်သမားပဲ ခေါ်သုံးပါတယ် ။ အလုပ်နိုင်နင်းသွားရင် အလုပ်က ထုတ်ပါတယ်။
 
စက်ရုံမှာ ဆေးပေးခန်းနဲ့သူနာပြုလဲ မရှိပါဘူး။ ဆေးလဲ လုံလုံလောက်လောက်မရှိပါဘူး။ အလုပ်သမားရုံးက လာစစ်ရင်လဲ သူတို့ ရွေးထားတဲ့ အလုပ်သမားတွေကိုပဲ ခေါ်ဖြေခိုင်းပါတယ်။ စက်ရုံမှူးနဲ့ တရုတ်အမျိုးသမီးကလဲ အလုပ်သမားတွေကို ဌာန အပြောင်းအလဲ လုပ်ပြီး ခိုင်းစေပါတယ်။
 
ဒေးကြေးကို ၁၁၀၀၀ နဲ့ အလုပ်ခေါ်ပါတယ်။ ပြီးတော့ ၉၅၀၀ နဲ့ပဲ ရှင်းပေးပါတယ်။ အလုပ်ခန့်တော့ ရာထူးက တစ်မျိုး ၊ လစာထုတ်တော့ ရာထူးတစ်မျိုး အပြောင်းအလဲ လုပ်ပါတယ်။
 
ဖြေရှင်းဖို့ တောင်းဆိုပါတယ် ရှင့်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026