NEWS

Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်

CoverLogo
330 Views
Sheng mei စက်ရုံ အလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Sheng mei စက်ရုံက ဝါးတရာ စက်မှုဇုန်မှာ ရှိပြီး အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
“လုပ်အားခဆိုတာ အထည်ကြေးတွေပါ။ စက်ရုံက အထည်ကြေးကို တလ ၃၀၀၀၀ ဖိုးပြည့်အောင်ချုပ်မှ အဲ့ဒီ လုပ်အား ခရတယ်။ ၁၀၀ ပဲလိုလို ၊ ၁၀၀၀ ပဲလိုလို မပြည့်ဘူးဆိုရင် ချုပ်ထားတဲ့ လုပ်အားခတွေ မရတော့ဘူး။” လို ပြောပါတယ်။
 
ဒါ့အပြင် အထည်မချုပ်မီ သတ်မှတ် အထည်ကြေးကို လုံးဝ ပြောကြားတာမရှိဘဲ၊ လကုန် လစာ ထုတ်ဖို ရက်ပိုင်းအလိုမှာ ချုပ်ရတဲ့ အထည်ကြေး ဈေးနှုန်းကို သိရတာလို အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိတွက်ပေးနေတဲ့ ဈေးနှုန်းတွေ အနည်းဆုံး ၂ ကျပ်ကနေ အမျာဆုံး ၁၅ ကျပ် သတ်မှတ်ထားပြီး တံဆိပ်အတူ၊ အထည်တူချုပ်တဲ့ တခြားစက်ရုံတွေနဲ့ ဈေးနှုန်းများစွာ ကွာခြားနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ သုံးသောင်းဖိုးမပြည့်လို ချုပ်ထားတဲ့ လုပ်အားခတွေနစ်နာတာတမျိုး၊ ကိုယ်ချုပ်ထားလိုက်တာ ဘယ်လောက်ရမှန်းမသိတာက တမျိုး၊ လစာထုတ်ခါနီးမှ ဘယ်လောက်ပဲရတယ်ဆိုတာ သိရတာဆိုတော့ ၊ အများကြီး နစ်နာနေရတာ။ ဒီကြားထဲ တံဆိပ်တူ ၊ အထည်တူချုပ်တဲ့ တခြားစက်ရုံတွေမှာဆို အနည်းဆုံး အနည်းဆုံး ပွိုင့်ကို ၂၀ ပေးတယ်။” လို့ ပြောပါတယ်။
 
စက်ရုံမှာ လက်ရှိ Only နဲ့ Jack & Jone တံဆိပ် ဂျာကင်တွေချုပ်လုပ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက် အထည်ကြေးနည်းပါးတာနဲ့ လုပ်အားခ ဖြတ်တောက်မှုက အလုပ်သမား တဦးအတွက် တလ စားသောက်စာရိတ် ပမာဏအထိ ရှိတယ်လို့လည်း အဲ့ဒီ အလုပ်သမားက ပြောပါတယ်။
 
“ ကျပ်သုံးသောင်းဆိုတာ ကျမ တစ်ဦးတည်းအတွက် တလစာ ဆန်ဖိုးရှိပါတယ်။ “ လို့ ပြောပါတယ်။
 
ဒီလို အထည်ကြေး သတ်မှတ်တန်ဖိုးမပြည့်လို ချုပ်ထားတဲ့ အထည်တွေအတွက် လုပ်ခမရဘူးဆိုတာ ခိုးယူမှု တခုပဲလို အလုပ်သမားအရေးလှုပ်ရှားသူတဦးက အခုလို ပြောပါတယ်။
 
“ အလုပ်သမားတစ်ယောက် လုပ်ဆောင်ခဲ့တဲ့ အလုပ်ပမာဏ အတွက် ထိုက်တန်တဲ့ လုပ်အားခကို ရပိုင်ခွင့်ရှိပါတယ်။ စက်ရုံတွေမှာ အထည်ကြေး နဲ့ တွက်ချက်ပေးတယ်ဆိုရင်တောင် ဒီစက်ရုံရဲ့ စနစ်ဟာ မတရားတဲ့ ခေါင်းပုံဖြတ်မှု ဖြစ်နေပါတယ်” လို အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ တဦးက ပြောပါတယ်။
 
စက်ရုံဘက်က ဒီလိုလုပ်ခပေးမယ်ဆိုတာ သဘောတူကြောင်းကို အလုပ်ဝင်ကတည်း လက်မှတ်ထိုးခိုင်းထားတာလို အလုပ်သမားတွေက ပြောပါတယ်။ စံချိန်အထည်တွေရဖို တနေ့ အချိန်ပို ၂ နာရီကနေ ၄ နာရီအထိ အချိန်ပိုတွေလုပ်ကိုင်ရပြီး အချိန်ပိုကြေးကိုတော့ စက်ရုံဘက်က ပေးချေတယ်လို့ သိရပါတယ်။
 
“အခု ၅ လပိုင်းမှာ ည၈ ခွဲအထိ လုပ်ခိုင်းတယ်၊ စနေနေ့တွေဆို ၆ ခွဲမှာ ပြန်ရတယ်၊ ဒီလမှာတပတ်ကို နာရီ ၂၀ ကျော် အချိန်ပိုလုပ်ရပါတယ်၊ အချိန်ပိုအပြီး ဖယ်ရီတော့ပေးပါတယ်။ ဒါပေမဲ့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
 
အချိန်ပို ဆင်းရလို ညနေ ၆ နာရီခွဲမှာမှ နားချိန်ပေးလို အလုပ်ချိန် ၆ နာရီ တဆက်တည်းလုပ်ကိုင်နေရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ဖယ်ရီကား အရေအတွက် လျှော့ချထာလို့ အချိန်ပို အပြန်တွေမှာ သတ်မှတ်နေရာမပေးနိုင်တာ၊ လူဦးရေများလို ချန်ထားခံရတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
 
“ထောက်ကြံဘက် ပြန်တဲ့သူများရင်၊ အင်းစိန်ဘက်က လူအတွက် အဆင်မပြေဘူး၊ အဲ့လိုမျိုး။ ဆီဈေးနဲ့ ကားခတွေ ဈေးတက်တော့ ဖယ်ရီတွေမကိုက်ကြဘူး၊ အဲ့လို ပတ်ပို့ဆို ယာဉ်မောင်းတွေရမပိုချင်တော့ဘူး၊ အလုပ်သမားလည်း ဒုက္ခရောက်ကြတယ်” လို့ ပြောပါတယ်။
 
Sheng mei အထည်ချုပ်စက်ရုံအနေနဲ့ အချိန်ပိုအပြင် အဆင်ပြေဖို့ ကြိုပို့ယာဉ်တွေကိ သေချာ စီမံပြိး၊ အထည်ကြေးစနစ်ကနဲ့ ဂရိတ်ကြေး ပြောင်းလဲ သတ်မှတ်တာ ဒါမှမဟုတ် အထည်ကြေးတွေကို တခြားစက်ရုံနည်းတူ တိုးမြှင့်သတ်မှတ်ပေးဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။
 
“ဖြစ်ချင်တာကတော့ ဂရိတ်ကြေး ပြောင်းလဲ ပေးဖို့ပါ” လို့ ပြောပါတယ်။
 
Sheng mei အထည်ချုပ်စက်ရုံက ရွှေပြည်သာမြို့နယ် ဝါးတရာစက်ရုံမှာ လုပ်ငန်လုပ်ကိုင်နေပြီး လုပ်သားအင်အား ၁၀၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမား တွေက ပြောထားပါတယ်။ ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026