NEWS

Sheng Jie (Myanmar) အထည်ချုပ် မိုးအလင်း ရက်ဆက် လုပ်ကိုင်ခိုင်း၊ အခွန်အတွက်ဆိုပြီး လုပ်ခလစာ ဖြတ်

CoverLogo
804 Views
 
Sheng Jie(Myanmar) Clothing Co.,Ltd အထည်ချုပ်စက်ရုံက မိုအလင်း ရက်ဆက်လုပ်ကိုင်ခိုင်းပြီး လုပ်ငန်းခွင် လိုအပ်ချက်တွေကြောင့် လုံခြုံရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အထည် အော်ဒါအရေးကြီးတယ်ပြောပြီးတော့ အချိန်ပိုကို တနင်္ဂနွေနေ့ပါ မနားရဘဲ ဆင်းရတယ်။ တစ်ခါတလေ ဒဘလယ်အောလင်း(၂ရက် ဆက်) ဆင်း ရတယ်။ ။ ညဘက် အချိန်ပိုဆင်းရလို့ အိမ်သာ သွားချင်တာ၊ အခန်းတွေ မီးမရှိတော့ မလုံခြုံသလို ခံစားရတယ်။ ကြောက်လည်း ကြောက်မိတယ်။ အဖော်ခေါ်ပြီး နှစ်ယောက်သွားလည်း မကြိုက်ဘူး။ အပြော အဆို ခံရတယ်။ မီးက အခုအထိကို တပ်မပေးတာ။” လို့ ပြောပါတယ်။
 
အရေးပေါ်ကိစ္စရှိလို့ အလုပ်သမားတွေ ဂိတ်ပတ်စ်တောင်းတာမရလို့ မိသားစုပြဿနာတွေနဲ့ တွေ့ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေကို စက်ရုံဘက်က အထည် စံချိန် အလွန်အကျွံတောင်းခံပြီး စံချိန်မပြည့်ပါက အောစူပါ၊ စူပါတွေက အော်ဟစ် ဆဲဆိုတာ ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်တစ်လိုင်း အလုပ်သမား ၅၀ လောက်ကို တစ်နာရီ အနွေးထည် ၄၀ လောက်တောင်းတာ။ အရင်က ၂၅ ထည်လောက်ပဲ တောင်းတာ။ တောင်းတဲ့ စံချိန်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ အရေအတွက် ဖြစ်နေပြီ”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံဘက်က ဒေးကြေး ကျပ် ၁၀၀၀၀ ၊ ရက်မှန်ကြေး ၂၂၀၀၀ သတ်မှတ် ပေးထားပေမဲ့ အလုပ်သမားတွေဆီက လုပ်ခလစာ ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။
 
“ပိုက်ဆံတွေ ဖြတ်တယ် ၊ စစ်ကောင်စီဘက်ကို အခွန်ပေးရတယ်ဆိုပြီး ဖြတ်တာ။ အလုပ်သမား တစ်ယောက်ကို အနည်းဆုံး ၅၀၀၀ ကနေ ၅၀၀၀နဲ့ အထက် ဖြတ်ခံရတယ်။ အလုပ်ထဲမှာ အသက်မပြည့်တဲ့ (လူငယ်) အလုပ်သမား ၃၀ လောက်ကို ခိုင်းတာလည်း ရှိတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လူငယ်၊ လူရွယ် အလုပ်သမားတွေကို ဆရာဝန်ရဲ့ ဆေးထောက်ခံချက်မပါဘဲ လူကြီးအလုပ်သမားတွေနဲ့ တန်တူ လုပ်ကိုင်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Sheng Jie (Myanmar) Clothing Co.,Ltd အထည်ချုပ်စက်ရုံက Celio၊ H&M တံဆိပ် အထည်တွေချုပ်လုပ်နေပြီး တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ စက်ရုံအတွင်းအလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး အလုပ်သမား သမဂ္ဂကို ဖွဲ့စည်းထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026