NEWS

Sheng Da Ming Apparel Co.,Ltd စက်ရုံ လုပ်သက် ၂ နှစ်ရှိ အလုပ်သမားအား အလုပ်ထုတ်

CoverLogo
1K Views

ရွှေပြည်သာစက်မှုဇုန် (၁) က Sheng Da Ming Apparel Co.,Ltd (စိမ့်သာမင်း) အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက အမျိုးသား အလုပ်သမားတဦးကို မီးခြစ်ငှားလို့ဆိုပြီး အလုပ်ထုတ်ခဲ့တယ်လို့ ကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ စိမ့်သာမင်းစက်ရုံ HR မန်နေဂျာရဲ့ အမျိုးသားက မီးခြစ်ငှားလို့ ထုတ်ပေးတာကို လုပ်ငန်းခွင်အတွင်း ဆေးလိပ်သောက်တယ်လို့ စွပ်စွဲပြီး အကူလုပ်သား မျိုးဇော်ထွန်းကို အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။

 

“ကျွန်တော်ရှိနေတဲ့ နေရာကို HR မန်နေဂျာရဲ့ အမျိုးသားက မီးခြစ်လာငှားတယ်။ ကျွန်တော်မှာမပါလို့ သူငယ်ချင်း ဆီမှာတော့ ပါတယ်လို့ ပြောလိုက်တာပါ ။ အလုပ်မအားသေးတော့ အားမှယူပေးမယ်လို့ ပြောတော့၊ အိမ်သာမှာ လာပေးဆိုပြီး ပြောသွားပါတယ်။ အဲဒါနဲ့ သွားပေးလိုက်တယ်။ ဒါကို သန့်ရှင်းရေး အန်တီကြီးလည်း မြင်ပါတယ်။ HR မန်နေဂျာက ဆေးလိပ်သောက်တာလား၊ မီးခြစ်ပေးတာလားလို့ မေးတော့ မီးခြစ်ပေးတာ မြင်တယ်လို့ အန်တီကြီးက ပြောခဲ့ပါတယ်။ အလုပ်သမားရုံးရောက်တော့ သန့်ရှင်းရေး အန်တီကြီးက ဆေးလိပ်သောက်တာ မြင်ပါတယ်ဆိုပြီး ပြောင်းပြီး ဖြေသွားပါတယ်။” လို့ ကိုမျိုးဇော်ထွန်းက ပြောပါတယ်။ 

 

စိမ့်သာမင်း စက်ရုံမှာ ကိုမျိုးဇော်ထွန်း လုပ်ကိုင်နေတာ နှစ်နှစ်ရှိနေပြီး ဆေးလိပ်သောက်တယ်လို့ ဒီဇင်ဘာ ၃၀ ရက်မှာ စွပ်စွဲခံရပြီးနောက် အလုပ် ထုတ်ခံရတာ ဖြစ်ပါတယ်။ မတရား အလုပ်ထုတ်ခံရတာကြောင့် နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ အလည (အလုပ်သမားညွှန်ကြားမှုဦးစီးဌာ)ကို ကိုမျိုးဇော်ထွန်းက တိုင်ကြား ခဲ့တာဖြစ်ပါတယ်။  

 

စက်ရုံလုပ်ငန်းခွင်မှာ အလုပ် လုပ်နေတဲ့ ကိုမျိုးဇော်ထွန်းကို HR မန်နေဂျာက သူ့ကို လှောင်ပြောင်တယ်ဆိုပြီး ဝိမ်တိန် ထိုးခိုင်းကာ အလုပ်မလာဖို့ ပြောဆိုခဲ့တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ စိမ့်သာမင်းစက်ရုံကို စက်လိုင်း အကူအနေနဲ့ ကိုမျိုးဇော်ထွန်း စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Cutting ဌာန ပြောင်းရွှေ့ခဲ့ပါတယ်။ လုပ်ငန်းခွင်အတွင်း HR မန်နေဂျာနဲ့ ပြသနာဖြစ်ခဲ့တာကြောင့်ချုပ်လုပ်ရေး စက်လိုင်းကို ပြန်လည် ပြောင်းရွှေ့ခံ ခဲ့တာလို့ ပြောပါတယ်။  

 

“ဒီအဖြစ်အပျက် မဖြစ်ခင် ရှေ့ပိုင်းမှာကတည်းက HR မန်နေဂျာက အငြိုးနဲ့ အလုပ်သမားကို နေရာပြောင်း တာတွေလုပ်ခဲ့တာ ။ အခုအလုပ်ထုတ်ခံရကိစ္စမှာ သူ့အမျိုးသားလည်း ပါနေတယ်။ မီးခြစ်ငှားတာက သူ့ အမျိုးသားဆိုတော့ ၊ သူအမျိုးသားလည်း ဆေးလိပ်သောက်တာပဲ ။ အလုပ်သမားကို အလုပ်ထုတ်လို့ရအောင် သေချာ အကွက်ချတာလား၊ မပြေးသော်လည်း ကံရာရှိလားပေါ့။ ဘာပဲပြောပြော HR မန်နေဂျာနဲ့ကတော့ ပတ်သက်နေပြီ” လို့ ကူညီရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။ 

 

လက်ရှိ ကိုဇော်မျိုးထွန်း ရဲ့ နစ်နာမှုတွေကို မြို့နယ် အလုပ်သမားဦးစီးဌာနမှာ ညှိနှိုင်းဖြန်ဖြေမှုတွေ ဆောင်ရွက်ရာမှာ ပြေလည်မှုမရတာကြောင့် အရပ်ဖက်တရားရုံးမှာ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ 

 

စိမ့်သာမင်း အထည်ချုပ်စက်ရုံက CALLIOPE အမှတ်တံဆိပ် ချုပ်လုပ်နေပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁) မှာ လုပ်သား ၃၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome အထည်ချုပ် EC စာချုပ် ပေးမထားလို့ အလုပ်သမားအခွင့်အရေးများ နစ်နာနေရ
Mar 09, 2026
Cover
Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026
Cover
Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း
Mar 09, 2026
Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026