NEWS

Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ

CoverLogo
379 Views
 
Shein Lee အထည်ချုပ်စက်ရုံက အောလင်းအောနိုက်တွေ ဆင်းပေးရတဲ့ အပြင် တနင်္ဂနွေနေ့တွေလုပ်ကိုင်ရလို့ နားရက်မရှိ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေ ဆင်းဖို့ လုပ်ငန်းခွင်အတွင်းက ခေါင်းဆောင်တွေက ဖိအားပေး ပြောဆိုတယ်လို့လည်း ပြောပါတယ်။
 
“အောလင်း၊ အောနိုက် မြဲခေါ်၊ တနင်္ဂနွေနေ့ အချိန်ပိုတွေနဲ့ နားရက်မရှိ အလုပ်ဆင်းရတယ်။ မဆင်းချင်လည်း ဆင်းရတယ်။ အချိန်ပို မဆင်းရင် အောစူပါ၊ စူပါ၊ လီတာတွေ ခေါ်ဆူတယ်။ တရုတ်ဆရာတွေလည်း ကို သွားပြောပြီး ဖိအားပေးခံရ အောင် ပြောတယ်။ အချိန်ပိုလက်မှတ်ကို အတင်း ထိုးခိုင်း ၊ လက်မှတ်မထိုးရင် ခေါ်ဆူတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပို မဆင်းလို့ လုပ်ငန်းခွင်ခေါင်းဆောင် အောစူပါ၊ စူပါ၊ လီဒါ တွေက ဖိအားပေးတဲ့အပြင် အထည်စံချိန် မပေးနိုင်ပါက ဆဲဆို၊ အော်ဟစ် ဖိအားပေး တောင်းခံတဲ့ အပြင် အိမ်သာကြာလို့ဆိုပြီး ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုဆင်းလို့ ညစာ ထမင်းဖိုးကို လက်ငင်းမပေးဘဲ နောက်ရက်မှ ရှင်းပေးလို့ အလုပ်သမားတွေမှာ အခက်အခဲတွေနဲ့ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အောနိုက်၊ အောလင်းဆင်းလို့ ထမင်းဖိုး ၃၀၀၀ ပေးလည်း အဲဒီ ထမင်းဖိုးကို နောက်နေ့မနက်ပေးတယ်။ ပိုက်ဆံမပါသော အလုပ်သမားတွေ ဝယ်စားဖို့ ခက်ကုန်တာပေါ့” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် အဆင်မပြေလို့ အလုပ်ထွက်တဲ့ အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ စက်ရုံဘက်က လုပ်အားခ ခေါင်းပုံဖြတ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမား အသစ်တွေ အလုပ်အဆင်မပြေလို့ အလုပ်ထွက်ရင် တစ်ပတ်မပြည့်လို့၊ ၃ရက် မပြည့်လို့နဲ့ မထုတ်ပေးတော့ဘူး၊ ခေါင်းပုံဖြတ်တယ်။ လုပ်ငန်းခွင်သုံး ပစ္စည်းတွေ ဒီတိုင်းထားခဲ့လည်း စာရေးမကို မအပ်ခဲ့လို့ဆိုပြီး အလုပ်သမားထဲက လေးငါးထောင် ဖြတ်ယူထားတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမား အများအပြားကိုခိုင်းစေထားပြီး အထည်ပြုခန့်ထားတာမရှိသလို ကလေးလုပ်သားတွေပါ ခိုင်းစေနေတယ်လို့ သိရပါတယ်။
 
“နေ့စားအလုပ် သမားတွေက ကျွမ်းကျင်အနေနဲ့ အင်တာဗျူးဖြေတာ သုံးလပြည့်လည်း နေ့စားပဲ ခန့်ထားတယ်။ အခု နွေရာသီကျောင်းပိတ်ရက်မှာဆို ၁၃,၁၄အရွယ် ကလေး လုပ်သားတွေ အများကြီး အလုပ်ဝင်လာကြတယ်။ လူကြီးလုပ်သားတွေနဲ့ အတူ အလုပ်လုပ်ရကြတယ်။” လို့ ပြောဆိုထားပါတယ်။
 
လစဥ် ဖူလုံရေးကြေး ပေးဆောင်ပေမဲ့ ဖူလုံရေး ကဒ်လုပ်မပေးလို့ ဆေးခန်းပြဖို့ အခက်အခဲတွေပါ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Shein Lee Co.,Ltd အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေပြီး Vestis, Craft, WearGuard, Tuff Athletlcs တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026