NEWS

Sen yu အထည်ချုပ် လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှု ညှိနှိုင်း အဆင်မပြေ

CoverLogo
259 Views
 
ရွှေလင်ဗန်းစက်မှုဇုန် က Sen yu အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချုပ်တွေကို ညှိနှိုင်းခဲ့ရာမှာ စက်ရုံဘက်က လုံးဝ လိုက်လျှောမှု မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဘက် က လုပ်ခတိုးမြှင့်ပေးရေး အပါအဝင် အချက် လေး ချက်တောင်းဆိုမှုကို ဒီကနေ့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
 
“စက်ရုံဘက်က တောင်းဆိုမှု အားလုံး မလိုက်လျှောဘူး၊ ဘာမှမလုပ်ပေးနိုင်ဘူးလို့ ငြင်းတယ်၊ လာညှိတဲ့ အလုပ်သမားဦးစီးဌာနက လူတွေကလည်း ၊ သူတို့ ဆက်မညှိတော့ဘူး၊ ရုံးဖွင့်ရက်မှာ အခုဖြစ်တာတွေကို တရားဝင် လာတိုင်ဆိုပြီး ပြောတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၁၂၀၀၀၊ အိုတီကြေးကို တစ်နာရီ ၂၅၀၀ တိုးပေးဖို့၊နဲ့ လုပ်ငန်းခွင်တွင်း မတရားဖိနှိပ်တဲ့ စက်လိုင်းမန်နေဂျာနဲ့ အောစူပါချုပ်ကို ထုတ်ပေးဖို့တောင်းဆိုတာခဲ့တာလို့ အလုပ်သမားတဦးက ပြောပါတယ်၊
“တောင်းဆိုတာက ဒီနေ့ ၇ ရက်က စပြီး တောင်းတာ၊ ညှိတာက မနေ့ကရယ် ဒီနေ့ရယ်ပါ။ အရင်က ဒေးကြေး ၁၀၀၀၀ ပဲရနေလို့ တိုးတောင်းတာ။ အောချုပ်နဲ့ မန်နေဂျာကတော့ လုပ်ငန်းခွင်ထဲမှာ ချယ်လှယ်။ လစာ အတိုး အလျှော့၊ အလုပ်ထုတ်တာက သူတို့စိတ်ကြိုက်လုပ်တယ်။ အလုပ်သမားတွေက သူတို့ကို ကြောက်နေရတော့ ဖိအားတအားများတယ်။ အခုညှိတော့ အလုပ်သမားဦးစီးတွေကလည်း စိတ်ရှည်ရှည်နဲ့ ညှိမပေးတော့ အခုလို အဆင်မပြေတာတွေ ဖြစ်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှုအတွင်း လုံခြုံရေးအဖွဲ့စအည်းတွေ၊ အလုပ်သမားဦးစီးဌာနက အရာရှိတွေ လာရောက်ခဲ့ပြီး လက်ရှိ အလုပ်သမား ၄၀၀ ဝန်းကျင် ပါဝင်နေပြီး ညအိပ်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဒီတောင်းဆိုမှုကာလအတွင်း စက်ရုံဘက်က ကွန်တိန်နာထွက်ဖို့ လုပ်တာ၊ ဒါထွက်ရင် တောင်းတဲ့ အချက်တွေ မပြည့်မှာ မို့ တောင်းဆိုတဲ့နေရာမှာပဲ ညအိပ်ခဲ့ရတယ်။ ဒါကိုတောင် စက်ရုံဘက်က ကိုယ်ထိလက်ရောက် အပြုအမူတွေ ရှိခဲ့တယ်၊ ဒါကို လုံခြုံရေးအဖွဲ့တွေ ရှေ့မှာ လုပ်ခဲ့တာ။ ”လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
Sen yu အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း၊ ရွှေလင်ဗန်းအဝိုင်းအနီးမှာ ရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026