NEWS

SDI Manufacturing စက်ရုံချိုးဖောက်မှုအား ကောလာဟလ ဟု အလုပ်သမားရုံးတာဝန်ရှိသူက ပြောဆို ၊ လက်ရှိ ဓါတ်လိုက်မှုများအား စက်ရုံမှ ပြုပြင်ခြင်းမရှိ

CoverLogo
460 Views
 
SDI Manufacturing စက်ရုံလုပ်ငန်းခွင်မှာ အမိုးမလုံဘဲ မိုးရေယိုစိမ့်မှုကြောင့် ဓါတ်လိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ လုပ်ငန်းပိုင်ရှင်က ပြုပြင်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဓါတ်လိုက်မှုတွေက အရင်ကာလထည်းက ဖြစ်ပွားနေတာ ဖြစ်ပြီး မိုးရာသီမှာ ပိုမို ဖြစ်ပွားလာတာလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်((IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အခုမိုးရာသီရောက်ပြီ၊ စက်ရုံကအမိုးမလုံတာလည်း မပြင်၊ ဓာတ်လိုက်တာလည်း အရင်ထက်ပိုပြီးများလာတယ်။ ဒီလိုအန္တရယ်ရှိနေတာကို အလုပ်ရှင်ရော၊ တာဝန်ရှိသူတွေကပါ ပြုပြင်မပေးတာပါ။” လို့ ပြောပါတယ်။
 
အလုပ်သမား ဥပဒေပါ ခွင့်ရက်ခံစားခွင့်တွေကို အလုပ်ရှင်(စက်ရုံ)ဘက်က မပေးဘဲ၊ ခွင့်တိုင်ကြားပေမဲ့ လစာမဲ့ခွင့် သတ်မှတ်ပြီး လုပ်ခလစာ ပိုက်ဆံ ဖြတ်တောက်၊ အထည်စံချိန်ကို အော်စူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုပြီး ဖိအားပေး တောင်းတာ၊ လူငယ်၊လူရွယ်အလုပ်သမား ၃၀ကျော်ကို နေ့စားအလုပ်သမား ခိုင်းစေပြီး လုပ်သက် ၃ လပြည့်ပေမဲ့ အတည်ပြု ခန့်ထားခြင်းမရှိတာ၊ အချိန်ပို ည၈နာရီအထိ အတင်းအကျပ်ဆင်း ခိုင်းစေတာ စတဲ့ ဥပဒေချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာ လုပ်ငန်းခွင်ချိုးဖောက်တွေကို လေဘာရုံကလူကြီးတွေလာစစ်တယ်။ လုပ်ငန်းခွင် ရောက်ရောက်ခြင်း သူတို့ အရင်ဆုံးပြောတာက “လိုင်းပေါ်မှာ စက်ရုံဘက်ကချိုးဖောက်မှုသတင်းတွေ တင်တာတွေ့လို့ အထက်ကစာကျလို့ လာရောက်စစ်ဆေးတာ။ လိုင်းပေါ်မှာတင်တဲ့ စက်ရုံကသတင်းဟာအမှန် မဟုတ်ဘူး၊ ကောလဟာလ” ဆိုပြီး လေဘာရုံးက လူကြီးတွေကပြောတယ်။ အဲ့ဒါ ဘာမှ မစစ်သေးဘူးနော်။ စက်ရုံသတင်းကို မမှန်ဘူးလို့ ပြောကတည်းက သူတို့ စစ်ဆေးတာကို စက်ရုံအခြေအနေ အမှန် မပြောရဲတော့ဘူး။ အမှန်အတိုင်း ချိုးဖောက်မှုတွေ ပြောလည်း အလုပ်ထုတ်ခံရတော့မယ်။ နားထောင်ပြီး ပြန်လာလိုက်တာ။ ” လို့ ပြောပါတယ်။
 
SDI Manufacturing Co;Ltd စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပြီး Fourth dimension တံဆိပ် ဘောင်းဘီတွေ ချုပ်လုပ်နေပါတယ်။ စက်ရုံမိုးမလုံတာ၊ သန့်စင်ခန်းမကောင်းတာနဲ့ လူရွယ် လုပ်သားတွေကို အတည်ပြုခန့်ထားတာ မရှိတာတွေက ၂၀၂၃ ခုနှစ် မတိုင်မီကတည်းက ဖြစ်ပေါ်နေတာကို Myanmar Labour News ရဲ့ သတင်းတွေမှာ တွေ့ရှိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လအတွင်းမှာ အလုပ်သမားတွေကို လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခေါ်ယူမယ်ဆိုပြီး စက်ရုံ HR မန်နေဂျာက ဖိအားပေး ခြိမ်းခြောက်ခဲ့ပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026