NEWS

Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း

CoverLogo
393 Views
Sambo Myanmar အထည်ချုပ်စက်ရုံက အောနိုက် မနက် ၂ နာရီ ထိ အချိန်ပိုကို ညစာမကျွေးဘဲ လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 
 
"ထမင်းလဲ မကျွေး ၊ ထမင်းဖိုးလည်း မပေးဘူး။ အိုတီ မုန့်ဖိုး ၅၀၀ ပဲပေးတယ် ။ နေ့တိုင်း ည ၉ နာရီအထိ ဆက်တိုက်ခေါ်တယ် ။ တနင်္ဂနွေပိတ်ရက် တိုင်း လဲ အိုတီခေါ်တယ်။ စနေနေ့ဆို ညနေ ၆ နာရီခွဲ ထိ လုပ်ရတာ” လို့ ပြောပါတယ်။
 
အချိန်ပို အိုတီ မဆင်းရင် ဂရိတ်ကြေး ချခံရသလို ဆုကြေးလည်း လျှော့လို့ မဖြစ်မနေ အချိန်ပိုတွေ ဆင်းပေးနေရလို့ ဖိအားဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို ဆင်းဖို့ လက်မှတ်ထိုး ခိုင်းမရှိသလို “အိုတီ”ခေါ်လို့ တိုင်ကြားသူကို လျော်ကြေးမပေးဘဲ အလုပ်ထုတ် တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"သင်္ကြန်ပိတ်ရက်တွေမှာ ဂရိတ်ကြေး ဆုကြေး အကုန်လုံးလျှော့တယ်။ ပိတ်ရက်တွေကို ပိုက်ဆံ ထည့်မပေးဘူး ။ စံချိန်မပြည့်ရင်လဲ စူပါက စပြီး လိုင်းသားတွေထိ လုပ်ခ လျှော့ခံရ တယ် ။ အထည်ဆုကြေးလဲ မရတော့ဘူး။”လို့ ပြောပါတယ်။
 
ဂရိတ်ကြေးမှာ ပုံသေမရှိဘဲ အလုပ်ဆင်းရက်အတွက်သာ ပေးလို့ ပိတ်ရက် နဲ့ အများပြည်သူ အလုပ်ပိတ် ရက်များပါက လစာ အရ နည်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဂရိတ်ချရင် လအကြာကြီးထိ ချတယ်။ အိုတီ ဆင်းရတာ နားချိန် နားရက် မရှိတော့ဘူး။ ပိတ်ရက် ဆင်းရရင်လဲ စက်ရုံက ပေးတဲ့ ထောက်ပံ့ကြေး ထည့်မပေးဘူး။ အချိန်ပိုဆင်းမလားလို့ မမေးဘူး ။ မဆင်းချင်လို့ ငြင်းခွင့်မရှိဘူး။ ကိုယ်ဝန်သည် တွေလဲ ဆင်းရတယ်။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က ဖူလုံရေးကတ်တွေထုတ်မပေးလို့ ဆေးခွင့်ယူဖို့ အခက်အခဲရှိသလို ဥပဒေပါ ခွင့်တွေနဲ့ ပတ်သတ်ပြီး ရှင်းရှင်း လင်းလင်း အသိပေးထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဘယ်လိုခွင့်ပဲ ယူယူ ၃ ရက် ပြည့်လို့ နောက်နေ့မလာရင် အလုပ်ထုတ်တယ် ။ ဖူလုံရေးကြေး လတိုင်းပေးရတယ် ။ ရက်ပျက်ရင် လစာ တအားအဖြတ်ခံရတော့ နေမကောင်း လဲ လာဆင်းရတယ် ။” လို့ ပြောပါတယ်။
 
စက်ရုံဘက် စီစဉ်ပေးတဲ့ ကြိုပို့ယာဉ်တွေက ကျပ်တည်းပြီး နေအိမ်ပြန်ချိန် လမ်းကြောင်းပေါင်းထည့် စီးနင်းရလို့ ညနက်မှာ နေအိမ်ပြန်ရောက်တယ်လို့ ပြောပါတယ်။ မနက်ပိုင်းမှာလည်း အလုပ်ချိန်ကို ၁၀ မိနစ် စောပြီး အလုပ်ဝင်ခိုင်းတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဖယ်ရီ ကားတွေမလောက်၊ လမ်းကြောင်း ပေါင်းထည့်ပေးတော့ အိမ်ပြန်တော့ ၉ နာရီခွဲလောာက်မှ ပြန်ရောက်တယ်။ မနက်လည်း အဲလို နောက်ကျတော့ အဆာပြေ စားရတာ အဆင်မပြေဘူး။ အလုပ်ဝင်ချိန် ၁၀မိနစ်လောက် အလိုဆို မီတင်လုပ်မယ်ဆိုပြီး မန်နေဂျာက အော်ခေါ်နေတာ” လို့ ပြော ပြောပါတယ်။
 
စက်ရုံ မှာ WCC ရှိပေမဲ့ အလုပ်သမားတွေ ရွေးထားတဲ့ အဖွဲ့ဝင်တွေ မဟုတ်ဘဲ စက်ရုံဘက်က ရွေးချယ် ထားတဲ့ အဖွဲဖြစ်လို့ ကူညီ ညှိနှိုင်း ပြောဆိုပေးတာမျိုး မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Sambo Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်‌နေပြီး စက်ရုံ က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
 
Larger 157 ,Beework ,DAKINE , United Colours Of Benetton စတဲ့ တံဆိပ် အထည်တွေကို ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026