NEWS

Saiform International Garment အလုပ်သမားများ ခွဲခြားဆက်ဆံ ခံနေရ

CoverLogo
571 Views
 
Saiform International Garment က အောစူပါ နဲ့ စူပါတွေက အလုပ်သမားတွေအပေါ်် ဖိအားပေး ခွဲခြားဆက်ဆံနေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေ က ပြောပါတယ်။ စက်လိုင်းအတွင်း မလုပ်ကိုင်လိုတာကြောင့် အလုပ်ထွက်ပြီး အင်တာဗျူးဖြေ ပြန်လည်ဝင်ရောက်သူတွေ ခွဲခြားဆက်ဆံ ခြိမ်းခြောက်တာတွေ ကြုံနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမားတချို့က အလုပ်ထွက်ပြီး အခြားစက်လိုင်းမှာ အလုပ်ပြန်လျောက်တယ်။ အလုပ်ပြန်ဝင်တဲ့ အခါ အရင်စက်လိုင်း က စူပါကထောက်ခံပေးမှ အလုပ် ပြန်လုပ်လို့ရတယ်။ အရင် စက်လိုင်းကစူပါက မကျေနပ်လို့ သူ့လိုင်း ပြန်ခေါ်လည်း လိုက်သွားမှရတယ်။ အောစူပါ၊စူပါ တချို့က ငါတို့ခွင့်ပြုမှ အလုပ်ပြန်ရမှာ၊ ငါတို့ခွင့်မပြုရင် အလုပ်ပြုတ်သွားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ လူဟောင်းတွေကို လူသစ်တွေနဲ့ မပေါင်းရခိုင်းဘူး။ ထမင်းစားရင် အတူတူ မစားရဘူးလို့ အောစူပါ၊ စူပါတွေက ပြောထားတယ်။ အလုပ်သမားအချင်းချင်းကို ခွဲခြားဆက်ဆံနေတာပါ။” လို့ ပြောပါတယ်။
မီတင်အစည်းအဝေးအတွင်း အလုပ်သမားတွေကို အော်စူပါ၊ စူပါတွေက ဆဲဆိုပြောကြားပြီး ခြိမ်းခြောက် စကား မကြာခဏ အပြောခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်လိုင်း၉ စူပါကဆိို မန်နေဂျာက ငါကို အလုပ်မထုပ်ဘူး။ မန်နေဂျာကိုယ်တိုင် ငါ့ကို ပြန်ခေါ်ထားတာ။ ငါပြောတာကိုမခံနိုင်တဲ့ အလုပ်သမားတွေ သတိရှိရင် ငါကိုလာပြော၊ ငါကဘယ်သူမှ ဂရုမစိုက်ဘူးလို့ ခနခန ပြောပြီး ခြိမ်းခြောက်ပါတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အထည်စံချိန်တောင်းခံပြီး စက်လိုင်းတလိုင်းကိုလိုင်းပေါက် အထည် တနာရီ (၆၀)ကျော် တောင်းခံတာကြောင့် စက်သမားတစ်ဦးကို နှစ်ပွိုင့်ကနေ သုံး ပွိုင့်အထိ ချုပ်လုပ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့ပေမဲ့ စက်ရုံဘက်က တောင်းတဲ့ အထည်စံချိန် ပြည့်အောင်မချူပ်နိုင်လို့ နေ့စဉ် အောစူပါနဲ့ စူပါတွေရဲ့ ဆဲဆိုမှုကို ခံ၇တယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံက ဒေးကြေးနဲ့ ရှင်းပေးတယ်လို့ ပြောဆိုပေမဲ့ အလုပ်သမားတွေကို တစ်ကတ်ကြေးနဲ့ ချုပ်ခိုင်းတယ်လို ဆိုပါတယ်။ တစ်ကတ်ကြေးသတ်မှတ်ရာမှာ အောစူပါ၊ စူပါတွေက ဘတ်လိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။
 
“ တစ်ကတ်ကြေး ဈေးနူန်းပေးတာ အောစူပါနဲ့ စူပါတွေ လက်ထဲမှာပဲ။ သူတို့တဲ့အဆင်ပြေတဲ့ လူတွေကို ဈေးကောင်းတာ ရွေးပေးတာပဲ။ နေ့စားတွေ လုပ်နေကြတယ်။ သူတို့ဆို အစမ်းခန့်ကာလ ကျော်လည်း အမြဲတမ်းခန့် မဖြစ်ကြဘူး။ သူတို့ ကြိုက်တဲ့သူဆိုရင်တော့ ဖြစ်တယ်။မကြိုက်ဘူးဆိုင် မခန့်ဘူး။ အစမ်းကာလလုပ်ခဲ့တော့ မခန့်ဘူးဆို အလုပ်သမားတွေက နစ်နာရတယ်။ ” လို့ ပြောပါတယ်။
 
စက်ရုံမှာ နေ့စားအလုပ်သမားများ ၅၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း သောက်သုံးရေထားတဲ့နေရာက အရမ်းဝေးပြီး၊ သောက်ရေ သုံးရေ မကြာခဏ ပြတ်တောက်မှု ဖြစ်တယ်လို့ပြောပါတယ်။ သောက်ရေ ပြတ်လတ်မှုကြောင်ပ အလုပ်သမားတွေ ရေမသောက်ရတဲ့ အချိန်တွေရှိပြီး စက်ရုံသန့်စင်ခန်းတွေကလည်း လုံခြုံမှု မရှိဘူးလို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း WCC အဖွဲ့ကို ဖွဲ့စည်းထားပေမဲ့ အလုပ်သမားတွေက ရွေးချယ်မှုမဟုတ်ဘဲ အလုပ်ရှင်ဘက်က စိတ်ကြိုက်ရွေးချယ်မှုနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် အလုပ်သမားတွေရဲ့ အခက်ခဲ့တွေကို ဖြေရှင်းဆောင်ရွက်ပေးတာမရှိဘဲ အလုပ်ရှင်ဘက်ပဲ ပြောဆိုနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Saiform International Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဘုရင်နောင်ပန်းခြံအနီးမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်ရှိပြီး FOUR DINENSOIN & COLE FEELINE၊ AERO LIGHT တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026