NEWS

Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ

CoverLogo
198 Views
Saifeom International Garment Myanmar စက်ရုံ လုပ်ငန်းခွင်မှာ လျှပ်စစ်အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို မိုးကာလမှာ စက်ရုံက မိုးရေယိုပြီး ဘေးအန္တရာယ်တွေ ကြုံတွေ့နေရတာလို့ ပြောပါတယ်။
 
“အခုက မိုးတွင်း ၊ စက်ရုံမှာ မိုးရေ ယိုပါတယ်။ လျှောက်လမ်းတွေဆို မိုးရေတွေနဲ့ ဓာတ်လည်း ခဏခဏလိုက်ပါတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက အထည်ချုပ်ဖြစ်လို့ နေရာအတော်များများမှာ လျှပ်စစ်နဲ့ ဆက်စပ်နေပြီး မိုးရွာချိန်တိုင်း ဓာတ်လိုက်မှာ ကို ကြောက်လန့်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား (၁၇၀၀) ကျော် လုပ်ကိုင်နေပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု တွေကြောင့် မကြာခဏ သတင်းဖော်ပြခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံသန့်စင်ခန်းတွေ ပျက်စီးနေတဲ့အပြင် ထမင်းစားဆောင်ပါ သီးခြား သတ်မှတ်ထားမရှိလို့ စားသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အိမ်သာတွေဆိုလည်း ပြုပြင်ခိုင်းတာ ခဏခဏပါပဲ မပြင်ပေးပါဘူး။ အိမ်သာရေဆိုလည်း ခဏခဏ ပျက်ပါတယ်။ ထမင်းစားဆောင် သီခြားမထားပေးဘူး။ ရှိတဲ့နေရာကလည်း အလုပ်သမားဦးရေနဲ့က ထမင်းစားပွဲ၊ ထိုင်ခုံ မလောက်ဘူး။ ဒါလည်း ခဏခဏ ပြောတာပဲ၊ စက်ရုံတာဝန်ရှိသူတွေက လုပ်မပေးဘူး” လို့ ပြောပါတယ်။
 
ကြိုပို့ကားတွေကို အချိန်မမီလို့ အခက်တွေ့တာကိုလည်း စက်ရုံဘက်ကို တင်ပြထားပေမဲ့ စက်ရုံဘက်က ဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကြိုပို့ကားတွေက မနက်ပိုင်းမှာ အလုပ်သမားတွေ မိနစ်အနည်းအငယ် နောက်ကျတာကို စောင့်ဆိုင်းပေးတာမရှိပေမဲ့ ညပိုင်း အပြန်မှာတော့ ၄၅ မိနစ်ဝန်းကျင်အထိ ကြိုပို့ယာဉ်တွေကို စောင့်ဆိုင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ ဖယ်ရီကားတွေက အပြန်ဆို အနည်းဆုံး မိနစ် ၃၀ ကနေ ၄၅ မီနစ်ထိ ကို စောင့်ရတယ် ။ စနေနေ့ဆို ပိုပြီးနောက်ကျတယ်။ မနက်အကြိုကြတော့ အလုပ်သမားတွေ ၂ မိနစ်လောက်နောက်ကျတာကိုတောင် မစောင့်ဘဲ ထွက်သွားကြတာ။ အပြန်ဆို ကြိုပို့ ကား အမြဲ နောက်ကျ တယ်။ အိမ်ဝေးတဲ့ သူတွေက ညနက် နောက်ကျမှ ပြန်ရောက်ကြပါတယ်။ “ လို့ ပြောပါတယ်။
 
ကြိုပို့ကားတွေက အလုပ်သမားတွေ နေထိုင်ရာ အိမ်အနီးနားအထိ မဟုတ်ဘဲ နီးစပ်ရာ နေရာတွေမှာပဲ ချပေးလို့ အခက်အခဲတွေနဲ့ တွေ့ရတယ်လို့ ပြောပါတယ်။
 
“ဖယ်ရီတွေက နောက်ကျမှ ကြိုတယ်။ အလုပ်သမားတွေ နီးစပ်ရာနေရာမှာပဲ ဆင်းရတာ။ မိုးချုပ် နောက်ကျနဲ့ လမ်းမှာ လူပြတ်တာနဲ့ ဝေးတာနဲ့ မလို့ မလုံခြုံပါဘူး” လို့ ပြောပါတယ်။
 
ကြိုပို့ကား အခက်အခဲတွေအပြင် စက်ရုံမှာ ဆေးပေးခန်းရှိပေမဲ့ ကျန်းမာရေး စောင့်ရှေက်မှုတွေအတွက် မပြည့်စုံဘူးလို့ ပြောပါတယ်။
 
“ ဆေးပေးခန်းက အရှိပြထားတဲ့ အခန်းလို ဖြစ်နေပါတယ်။ သူနာပြုရှိတယ်၊ ဆေးမရှိဘူး။ တစ်ခုခုဖြစ်လို့ သွားပြ၊ ဘာဆေးမှမရဘူး။ စက်ရုံ အုပ်ချုပ်သူတွေက အရေးပေါ် ကုသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတာမျိုးလည်း မရှိပါဘူး။” လို့ ပြောပါတယ်။
 
စက်ရုံ အုပ်ချုပ်သူတွေက ဘက်လိုက်ပြီး အထည်ကြေးတွေကို သတ်မှတ်ပေးတာကြောင့် စတိုင်တူ၊ အထည်တူ ၊ အရေးအတွက်တူ ချုပ်ကြသူ အချင်းချင်း အထည်ကြေး ကွာဟ ချက်တွေ ရှိတယ်လို့ ပြောပါတယ်။
“ အထည်ကြေးမရလို့ စက်ရုံဘက်ကို ရှင်းပြခိုင်းတော့လဲ ၊ တွက်နည်းအမျိုးမျိုးတွေ ပြောပြ။ ဟိုဟာမှားသလို ဒီဟာမှားသလိုလိုနဲ့ နောက်လ စောင့်ကြည့်ပါဆိုပြီး လုပ်လိုက်တယ်” လို့ ပြောပါတယ်။
 
အထည်ကြေးကွာဟမှုကို မကြာခဏ တင်ပြတဲ့ အလုပ်သမားတွေဆို အငြိုးထား ခွဲခြားဆက်ဆံခံရတဲ့ အပြင် ရသင့်ရထိုက်သည့် လုပ်အားခတွေမရတော့ဘူးလို့ ပြောဆိုထားပါတယ်။ လုပ်ငန်းခွင်အခြေအနေတွေကို မကြာခဏ တိုင်ကြားခဲ့လို့ သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ လာရောက် စစ်ဆေးခဲ့ပေမဲ့ စက်ရုံဘက်က ပြုပြင်ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ပြောပါတယ်။
 
“လာစစ်တဲ့အချိန်သာ စက်ရုံဘက်က လုပ်ပေးမယ်ပြောတယ်။ ပြီးတော့လည်း ဘာမှ မလုပ်ပေးပါဘူး ။ ဒီတိုင်းပဲ။ စက်ရုံ WCC တွေ့ကတော့ ပြောပေးကြပါတယ်။ စက်ရုံဘက်က မလုပ်ပေးတော့ သူတော့လည်း ပြောမော ဖြစ်နေတယ်” လို့ပြောါပတယ်။
 
Saifeom International Garment Myanmar စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်းကြီးမဟာ မင်းခေါင်လမ်း၊ ရွှေသံလွှင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပို စက်ရုံဖြစ်ပါတယ်။ လက်ရှိ အလုပ်သမား ၁၇၀၀ ကျော် လုပ်ကိုင်နေပြီး FOUR DIMENSION & COLD FEELING, FleldCore, ZEROSTAKE, Solonax, Sinsay, M Smode, MOHITO တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026