NEWS

S-M MYANMAR စက်ရုံကမြန်မာအလုပ်သမားများ အချိန်ပိုကြေးမပေးဘဲ ဖိအားပေးစေခိုင်းခံနေရ

CoverLogo
817 Views

လှိုင်သာယာမြို့နယ် ၊ ရွှေသံလွင်စက်မှုဇုန် (၄)က  S-M MYANMAR Garment အထည်ချုပ်စက်ရုံဟာ  အလုပ်သမားများကိုအချိန်ပိုကြေးမပေးဘဲ  အချိန်ပိုတွေဖိအားပေးစေခိုင်းနေတယ်လို့ သိရပါတယ်။  

အလုပ်သမား(၄၀၀)ကျော်ဖြင့်လုပ်ငန်းလည်းပတ်ပြီး House တံဆိပ်ပါအနွေးထည် များချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်ဆိုင်သော စက်ရုံတစ်ရုံဖြစ်တယ်လို့ သိရပါတယ်။  

၎င်းစက်ရုံက အလုပ်သမားများကို ကျွမ်းကျင်ကြေးအဆင့်သတ်မှတ်ပေးထားခြင်း၊ ကျွမ်းကျင်အဆင့်များကို A+(၇၀၀၀၀)၊ A(၅၀၀၀၀)၊ B(၃၀၀၀၀)၊ C(၂၀၀၀၀)ကျပ်ဖြင့်သတ်မှတ်ထားပါပြီး ၎င်းကျွမ်းကျင်ကြေးသတ်မှတ်ပေးရာတွင်လည်း တကယ်ချုပ်လုပ်နိုင်ပြီးတကယ်ကျွမ်းကျင်သော အလုပ်သမားများကမရရှိဘဲ  စူပါများမှသဘောကျပြီး ပြောချင်တိုင်းပြောဆိုလို့ရသော အလုပ်သမားကိုသာကျွမ်းကျင်ကြေးပေးထားခြင်း၊ ကျွမ်းကျင်ကြေးက လည်းလူနည်းစုလောက်ပဲရရှိပြီး တကယ်ကျွမ်းကျင်သောအလုပ်သမားများက တကယ်ချုပ်လုပ်ရပြီး ကျွမ်းကျင်ကြေးမရရှိဘဲ ဘက်လိုက်မှုကြောင့်နစ်နာတဲ့အလုပ်သမားတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်မရရှိခြင်း၊ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသော်လည်း အလုပ်သမားများကဆေးခွင့်ခံ စားခွင့်မရရှိခြင်း၊ ထို့ခံစားခွင့်များမရရှိခြင်းကြောင့် အလုပ်သမားများနေထိုင်မကောင်းလို့ အလုပ်တစ်ရက် ပျက်လျှင်ခွင့်တိုင်သော်လည်း ခွင့်မရရှိသည့်အတွက် ဒေးကြေး(၅၈၀၀)ကျပ်၊ ရက်မှန်ကြေး(၂၀၀၀၀)ကျပ်၊စုစု ပေါင်း(၂၅၈၀၀)ကျပ်ဖြတ်တောက်ခံရသည့်အပြင် ကျွမ်းကျင်ကြေးရရှိထားသောအလုပ်သမားဆိုလျှင်လည်း ကျွမ်းကျင်ကြေးပါအဆင့်လိုက်ပါဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။ 
 
လုပ်ငန်းခွင်ထဲတွင်အောစူပါ၊စူပါများက  အလုပ်သမားများကို စံချိန်တောင်းခံရာတွင်အလုပ်သမားတစ်ဦးမချုပ်လုပ်နိုင်သောစံချန်တောင်းခံနေခြင်း၊ စက်လိုင်းတစ်လိုင်းကို စူပါအပါအဝင် အလုပ်သမား(၄၀)ဦးရှိပြီး လိုင်ပေါက်ထည်တစ်နာရီကို(၃၅)ထိပေးရခြင်း၊ လက်ရှိချုပ်နေသောအထည်မှာပွိုင့်များခြင်း၊ အလုပ် သမားတစ်ဦးကိုနှစ်ပွိုင့်မှသုံးပွိုင့်အထိချုပ်နေရသလို  စက်လိုင်းထဲတွင်လူဦးရေ (၄၀)ရှိသော်လည်း အလုပ်ရှင်ဘက်မှ အလုပ်မလာတဲ့သူတွေအတွက်ပါ အထည်စံချိန်ကိုထည့်တွက်၍တောင်းခံပြီး  တောင်း ခံသည့်အထည်စံချိန်မပေးနိုင်လျှင် လည်းအောစူပါ၊ စူပါများကကြမ်းတမ်းစွာ အော်ဟစ်ဆဲဆိုခြင်းများပြုလုပ်ခံနေရတာလည်းရှိတယ်လို့ သိရပါတယ်။  

အောစူပါ၊ စူပါများကအထည်စံချိန်ပြည့်မီရန်အတွက်ဆိုပြီး အများပြည်သူအလုပ်ပိတ်ရက်များ တနင်္ဂနွနေ့များတွင် အချိန်ပိုအိုတီကြေးမပေးပဲခိုင်းစေနေပြီး  အဲ့ဒီအချိန်ပိုကို အလုပ်သမားများမဆင်းချင်းသော်လည်း အောစူပါ၊စူပါများမှာဖိအားပေးဆင်းခိုင်းခြင်းကြောင့် မည်သည့်အလုပ်သမားများမှာမလွန်ဆန်ရဲသောကြောင့် ပိုက်ဆံမရပဲအချိန်ပိုအိုတီကိုဆင်းနေရတယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲတွင်လည်း နေ့စားအလုပ်သမားများ (၅၀)ဦးခန့်ရှိပြီး ထို့နေ့စားသမားများကိုလည်း လုပ်သက်၃လပြည့်သော်လည်း အတည်ပြုဝန်ထမ်းမခန့်အပ်ခြင်း၊ အလုပ်ရှိလျှင် နေ့စားသမားများကိုခေါ်ပြီး အလုပ်ပါးလျှင်နေ့စားသမားများကို အလုပ်မှထုတ်ပယ်ခြင်းများပြုလုပ်နေတာ ကြောင့် နစ်မာမှုများရှိနေတယ်လို့ သိရပါတယ်။  

"ပြီးခဲ့တဲ့ ၁၂ လပိုင်း ၂၀၂၃ တုန်းက အလုပ်ဝင်တာ ၁ လပဲရှိသေးတဲ့နေ့စားအလုပ်သမားတစ်ယောက်ဆို အလုပ်လုပ်နေရင်းလက်ကိုစက်နဲ့ထိမိလို့ စတီးရိုးအစားထည့်လိုက်ရတာ စက်ရုံဘက်က ပိုက်ဆံ ၁ သိန်းပေးပြီး အလုပ်မလာခိုင်းတော့ဘဲ ထုတ်ပစ်လိုက်တာရှိတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 S-M MYANMAR Garment CO,Ltd စက်ရုံလုပ်ငန်းခွင်အခြေအနေနဲ့ပတ်သက်လို့   အလုပ်သမားများက အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသောနေ့စားသမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ရန် ၊ အလုပ်သမားများကိုအချိန်ပိုအိုတီအလကားဆင်းခိုင်းခြင်းမပြုလုပ်ရန်နှင့် အချိန်ပိုအိုတီအလကားမဆင်း ပါကဖိအားပေးခြင်းမပြုလုပ်ရန်၊ ကျွမ်းကျင်အဆင့်သတ်မှတ်ရာတွင် ဘက်လိုက်မှုမရှိဘဲ အလုပ်ပေါ်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရန်၊ ၃လပြည့်ပြီးသောနေ့စားအလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ရန်၊ စံချိန်တောင်းခံရာတွင် အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် ၊ သောက်သုံးရေမှာ သံချေးနံ့နံနေခြင်းကြောင့် သောက်မရတဲ့အတွက် ရေသန့်စီစဉ်ပေးရန် စတဲ့ အချက်တွေ‌ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။

 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026