NEWS

Ruby Lion စက်ရုံကအလုပ်သမား​တွေ လုပ်အားခခေါင်းပုံဖြတ်ခံရပြီး စက်ရုံပိတ်နစ်နာကြေးပါမရဖြစ်နေ

CoverLogo
440 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဦးထွန်းညိုလမ်း၊ စက်မှုဇုန် (၃) ၊အမှတ် (-)တွင်ဖွင့်လှစ်ထား​သော    Ruby Lion Manufacturing စက်ရုံက အလုပ်သမားတွေဟာ  လုပ်အားများခေါင်းပုံဖြတ်ခံရပြီးမှ  စက်ရုံပိတ်လိုက်ပြီး  စက်ရုံပိတ်နစ်နာကြေးပါမရသေးဘဲဖြစ်နေတယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားတွေဟာ လုပ်ငန်း သ​ဘော သဘာဝ  စာရွက် အခက်အခဲကြောင့် ဟုဆိုကာ အလုပ်သမားများကို အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် (ECစာချုပ်)ချုပ်ဆိုပေးခြင်းမရှိဘဲ အလုပ်သမားများအပေါ် ၄င်းတို့စိတ်ကြိုက် ခေါင်းပုံဖြတ်မှုများကို ပြုလုပ်လျှက်ရှိတယ်လို့ သိရပါတယ်။  


စက်ရုံလုပ်ငန်းရှင်ဟာ အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ် EC အစား စက်ရုံဘက်မှ ဥပဒေနှင့်မညီသော အလုပ်ရှင်တစ်ဦးတည်းသာတစ်ဖက်သတ်ရေးဆွဲထားတဲ့  ဝန်ထမ်းလက်စွဲစာအု်ဖြင့် ဝန်ထမ်းများကို အရေးယူခြင်း၊ နေထိုင်စေခြင်း၊အပတ်စဉ် စနေနေ့တိုင်း အချိန်ပို (OT)နေ့ဝက်စာ မရရှိခြင်း၊ အချိန်ပိုကြေးကိုလည်း တစ်နာရီလျှင် (၁၂၀၀)ကျပ် နှုန်းဖြင့်သာ ရှင်းပေးခြင်း၊ ECစာချုပ်ချုပ်ဆိုရန် တင်ပြသော်လည်း လျစ်လျူရှုထားခြင်းနှင့် အစိုးရသတ်မှတ်ချက်နှင့်အညီ ခွင့်ရက်များကို ခံစားခွင့်မပေးခြင်းစတာတွေကို  ကျူးလွန်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက်အောက်တိုဘာလ ၂၁ရက်နေ့ နေ့လည်က  လုပ်ငန်းရှင်၊ HR နှင့်မန်နေဂျာတို့မှ ဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်ကာ  ယနေ့မှစတင်ကာ စက်ရုံပိတ်သိမ်းတော့မည်ဖြစ်ကြောင်း နှင့် အောက်တိုဘာလ ၂၃ရက်နေ့မှာ လုပ်သက်အလိုက်နစ်နာကြေးများကို ဥပဒေအရထုတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် သွားရောက်ထုတ်ယူခဲ့ရာ လုပ်ငန်းရှင်နှင့် မန်နေဂျာတို့ မရှိသည့်အတွက်ဟုဆိုကာ နစ်နာကြေးများကိုမရရှိခဲ့ပေ။ 

အလုပ်သမားများအနေဖြင့် မိမိတို့ရရှိရန် ကျန်နေသေးသော အောက်တိုဘာလ ၂၁ရက်နေ့ နံနက်ပိုင်းအထိ လုပ်ခလစာများနဲ့  ကုမ္ပဏီပိတ်သိမ်းလိုက်တဲ့ ရရှိမည့်လုပ်သက်အလိုက်နစ်နာကြေးများကို စက်ရုံမန်နေဂျာထံ ဖုန်းဆက်တောင်းဆိုရာ စက်ရုံမန်နေဂျာက နိုဝင်ဘာလ ၂ ရက်နေ့မှသာ ထုတ်ပေးနိုင်ဟု ပြန်လည်အကြောင်းပြန်ခဲ့ပေမမဲ့  လက်ရှိအချိန်ထိ မသေချာမရေရာဘဲဖြစ်နေတယ်လို့ သိရပါတယ်။  

"ခုထိဘာမှမထူးသေးဘူး။ လျော်ကြေးပေးမှာလားလည်းဘာမှမသိရသေးဘူး။  ၄ရက်နေ့မှသိရမယ်ထင်တယ်"လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။ 

အဆိုပါစက်ရုံက ပဲဆီထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး ယခုကဲ့သို့ အလုပ်သမားများအပေါ် ဥပဒေနှင့်အညီ ECစာချုပ်ချုပ်ဆိုခြင်းမပြုလုပ်ဘဲ အလုပ်သမား လုပ်အားများကို ခေါင်းပုံဖြတ်ခြင်းဟာ မြန်မာနိုင်ငံတည်ဆဲဥပဒေရှိ အလုပ်သမားဥပဒေကို ချိုးဖောက်ခြင်းသာဖြစ်သလို အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းဖြစ်တယ်လို့လည်း  အလုပ်သမားအ​ရေး လုပ်​ဆောင်သူ​တွေက သုံးသပ်ထားပါတယ်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026