NEWS

Qi Cai (Myanmar) အထည်ချုပ်စက်ရုံ ပိတ်ရက်တွေအတွက် ဒေးကြေး အပြည့်အဝရရှိလိုတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.5K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဦးရွှေဘင်လမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့  Qi Cai (Myanmar)     အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာစတင်ပြီး တပတ်ခန့်ပိတ်ထားမည်ဟုဆိုကာ ယနေ့ထိပိတ်ထားပြီး ပြန်ဖွင့်မယ့်ရက်ကို အလုပ်သမားတွေထံအကြောင်းကြားတာမျိုးမရှိလို့ အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

STRADIVARIUS အမှတ်တံဆိပ်ချုပ်လုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။

စက်ရုံမှာ အလုပ်သမား ဝန်ထမ်း ၇၀၀ ကျော်ရှိပြီး ၂၀၀ ခန့်မှာ နေ့စားအလုပ်သမားတွေဖြစ်ပြီး နေ့စားအလုပ်သမားတွေအနေနဲ့ တစ်နေ့အလုပ်ချိန် ၁၀ နာရီအတွက် ဒေးကြေး ၅၀၀၀ ကျပ်နှုန်းနဲ့ လုပ်ကိုင်နေရတာဖြစ်ပြီး ၃ လမှ ၆ လကျော်ထိ နေ့စားလုပ်ကိုင်ပြီးပါက အလုပ်ထုတ်ပစ်တာတွေ လုပ်ပြီး ပိတ်ရက်နဲ့ ခွင့်ခံစားခွင့်တွေမရရှိဘဲ လုပ်ကိုင်နေရတာဖြစ်တယ်လို့သိရပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်ရှင် သဘောတူထားတဲ့ WCC ကိုသာအလုပ်သမားတွေ က လက်မှတ်ထိုးပေးထားရတာလို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ (၂၅.၁.၂၀၂၃) ရက်နေ့တွင် အလုပ်သမားများအား စူပါများမှ လိုင်းပိုင်လိုင်းအလိုက် မီတင်ပြုလုပ်ကာ  စက်ရုံ  အလုပ်သမားကို (၂၇.၁ ၂၀၂၃ ရက်နေ့မှ ၆.၂.၂၀၂၃) ရက်နေ့အထိ ဒေးကြေးမပေးဘဲ အလုပ်ပိတ်မည်ဟု ကြေငြာပေးခဲ့ပြီး စက်ရုံ၏ လုပ်ငန်းရှင်ဘက်မှ အလုပ်ပိတ်ရက်များတွင် ဒေးကြေးမပေးနိုင်သည့်ကို သဘောတူကြောင်း အလုပ်သမားများအား ဖိအားပေး၍ လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်ထိုးခဲ့သူများရှိသလို လက်မှတ်မထိုးသည့် အလုပ်သမားများလည်း ရှိတယ်လို့ သိရပါတယ်။

" ဇန်နဝါရီ ၂၆ ရက်နေ့က နောက်ဆုံးဆင်းရတာပဲ အဲ့ဒီလက လုပ်ခဲ့တဲ့ ၂၆ ရက်စာ လုပ်ခထုတ်ပေးခဲ့ပါတယ်။ နောက်နေ့စက်ရုံပိတ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့လည်း ရောက်ရော အလုပ်မဆင်းရသေးဘူး နောက်ထပ် ပိတ်မယ့် ရက်အတွက် ဒေးကြေး ၁၆၀၀ ပေးမယ်ဆိုပြီး စူပါတွေက တစ်ဆင့် အကြောင်းကြားတယ် ကျွန်မတို့ ဘယ်လို ဆက်လုပ်ရမှာလဲ ၊ စားဝတ်နေရေးက ရှိသေးတယ်လေ ခုက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး" လို့ စက်ရုံပိတ်ထားလို့ အခက်တွေ့နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ဆက်လက်ပိတ်ထားမယ့် ရက်တွေအတွက် ဒေးကြေး ၁၆၀၀ ကျပ်ကို အေပြီလမှ ပေးမည်ဟု အသိပေးထားသဖြင့် လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ ငွေကြေး အခက်အခဲနှင့် စားဝတ်နေရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

" ဒေးကြေး ပိုက်ဆံ ၁၆၀၀ နှုန်းကို ၄ လပိုင်းမှ ပေးမယ်တဲ့ အခုပိုက်ဆံမရှိတော့ အဆောင်လခ ဘယ်လိုပေးရမလဲ ထမင်းဘယ်လို စားရမလဲ အရင်ရတဲ့ လစာတွေကလဲ လောက်ငှမှု ရှိတာမဟုတ်ဘူး စက်ရုံပိတ်တယ်ဆိုလည်း အလုပ်သမာတွေကို ရသင့် ရထိုက်တာတွေ လုပ်ပေးသင့်ပါတယ်" လို့ အခက်တွေ့နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံပိတ်ထားတဲ့ရက်အတွက် အလုပ်ရှင်မှ တစ်ဖက်သက် သတ်မှတ်ထားသော ၁၆၀၀ နှုန်းမဟုတ်ဘဲ အပြည့်အဝရရှိလို ပြီး တိကျတဲ့ သတင်းအချက်အလက်သိရှိလိုတယ်လို့ ဆိုပါတယ်။

စက်ရုံအပြီးပိတ်သိမ်းမည်ဆိုပါကလည်း အလုပ်သမားဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

ယခင်က လုပ်ငန်းခွင်ထဲမှာ လူမှုဖူလုံရေးခွင့်မှလွဲပြီး ကျန်သည့် ခွင့်ခံစားတွေများ မရရှိခြင်း သောက်သုံးရေ မသန့်ရှင်းလို့ မကြာခဏ ဝမ်းလျောတာ အိမ်သာ နှင့် လူဦးရေ မမျှတာတာ တွေ ဖြစ်ပေါ်နေပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာရပ်တွေ ကြုံတွေ့ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အလုပ်သမားများကို အလုပ်ခန့်အပ်ပြီး ချုပ်ဆိုထားတဲ့ EC စာချုပ်ပါ အချက်အလက်တွေကို အလုပ်သမားတွေ မဖတ်ရှု့ရပဲ အလုပ်ရှင်မှ သိမ်းထားတယ်လို့ သိရပါတယ်။

အလုပ်သမားများကို စံချိန်တောင်ခံရာတွင် မချုပ်လုပ်နိုင်သော စံချိန်ကိုတောင်ခံခြင်း၊ စံချိန်မပြည့်လျှင်  အချိန်ပိုအိုတီ အလကားဆင်းပေးရခြင်း၊ အချိန်ပိုအိုတီကို အောနိုက်၊အောလင်းများလည်း ဆင်းခဲ့ရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026