NEWS

Prettex Myanmar  စက်ရုံ နားရက်မပေးဘဲ ဆက်တိုက် ခိုင်းစေနေ

CoverLogo
750 Views

Prettex Myanmar  စက်ရုံက အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အနားမပေးတဲ့ အပြင် ရက်သတ္တပတ် ပိက်ရက် တွေပါ အနားမပေးဘဲ အချိန်ပို ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  တနင်္ဂနွေနေ့ ပိတ်ရက် အနားမရဘဲ ဆက်တိုက်လုပ်ကိုင်ရတဲ့ အပြင် ညလုံးပေါက် အချိန်ပို လုပ်ကိုင်ရတဲ့ ရက်တွေမှာ ညစာနဲ့ ကြိုပို့ယာဉ် စီစဥ် ပေးတာမရှိဘူးလို့ ပြောပါတယ်။ 

 

"တနင်္ဂနွေ ဆို ၂လပိုင်း(ဖေဖော်ဝါရီလ)တည်းက  အပတ်တိုင်း ဆင်းနေရတာ။ အခု ၃လပိုင်း (မတ်လ)၂ရက်နေ့ က အများပြည်သူ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်တာလည်း အချိန်ပို လုပ်ခိုင်းတာ။ မဆင်းချင်ဘူး၊ ပြော မရဘူး။  မဆင်းချင်ရင် မန်နေဂျာက လာပြောပါဆိုပြီးသာ ပြောနေတာ၊  ခေါင်းဆောင်တွေက အတင်းဖိအားပေး ခေါ်တာ။ မဆင်းချင် ပွိင့်ချိန်းမယ်၊ နောက်နေ့မလာနဲ့ဆိုပြီး ခြိမ်းခြောက်တယ်။ မဆင်းချင်လည်း ဆင်းရတော့တာ ။  လိုင်းက helper တွေဆို အိုတီ ကြေးမပေးဘဲ အလကားဆင်းခိုင်းတာ။ လူရွေးခေါ်တယ်ဆိုပေမဲ့ အပတ်တိုင်း ဆင်းရတော့ မဆင်းနိုင်တော့ဘူး။ ပင်ပန်းလို့ နားချင်လည်း မရဘူး ။ ဖယ်ရီလည်း မပေးဘူး၊ လမ်းစရိတ်လည်း မပေးဘူး။ အိုတီ ကြေးမရတဲ့ helper တွေဆို အဆင်မပြေဘူးပေါ့။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။

 

လစာစဉ် အလုပ်သမားတွေရတဲ့ အထည် ticket ကြေးတွေကို လိုင်း ခေါင်းဆောင် တချို့က ခေါင်းပုံဖြတ် ရယူနေ ပေမဲ့ မေးမြန်းခွင့် မရဘူးလို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ အချိန်ပိုတွေ ဆက်တိုက်ခိုင်းစေပြီး ကြိုပို့ယာဉ် မပေးတာကြောင့် မလုံခြုံမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ 

 

"Finishing မှာဆိုရင် ညတိုင်း အောနိုက် ရှိတယ် ။ အလှည့်ကျနဲ့ ခေါ်တယ်။ ထမင်းလလည်း မကျွေးဘူး၊ ထမင်းဖိုး မပေးဘူး။  ည၁၂နာရီ ထိဆင်း၊ မနက် ၅နာရီ ထပြန်ရတယ်။ ဖယ်ရီ မပေးဘူး ၊လမ်းစရိတ်လဲမပေးဘူး ။ စက်ရုံက ဘာမှ တာဝန်မယူ ဘူး။  စက်မှုဇုန် က လူပြတ်တယ်။ မနက်အပြန်က အရမ်း အန္တရာယ် များတယ် ။ လမ်းမှာ တခု ခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ ။ ခေတ်ကာလ က ကောင်းတာ မဟုတ်ဘူး။ ငြင်းလည်းမရဘူး။  စက်ရုံက ဒါကိုလည်း သိတယ်။ အလုပ်သမားတဦးအတွက်  လုံခြုံမှု မရှိဘူးရင် အိုတီကို မဆင်းချင်ဘူး”လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

Prettex Myanmar စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၅၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ 

 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026