NEWS

Prettex Myanmar စက်ရုံ တွင် သီတင်းကျွတ် ပိတ်ရက်အား အချိန်ပို အတင်းအကျပ်ခေါ်

CoverLogo
736 Views

အများပြည်သူ အလုပ်ပိတ်ရက် သီတင်းကျွတ် ပိတ်ရက် ( အောက်တိုဘာ ၁၆ )ရက်မှာ အချိန်ပို ဆင်းဖို့ Prettex Myanmar စက်ရုံ တာဝန်ရှိသူတွေက အတင်းအကျပ် လက်မှတ်တိုး အလုပ်ဆင်းခိုင်းတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ် ။ 

“နင်တို့ ပြန်မဲ့ရက်ကို နောက်ဆုတ် လိုက်ဆိုပြီး စူပါက ပြောတယ်၊  ပိတ်ရက် အလုပ်ဆင်းဖို့ကို အတင်းအကျပ် ပြောနေတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

အလုပ်သမားအများစုက နယ်လာရောက် လုပ်ကိုင်သူတွေဖြစ်လို့ အများပြည်သူ ပိတ်ရက်ရှည်မှာ နေအိမ်ပြန်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သဘောဆန္ဒမပါဘဲ အလုပ်ဆင်းရတာ ဖြစ်လို့ ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

"နောက်ဆုတ်ရအောင်လဲ ကားလက်မှတ်က ဖြတ်ထားပြီးပြီ ။ အဆင်မပြေဘူး လက်မှတ်ဆုံးရှုံးမှာ ။ ပဲခူး ပြန်မဲ့ သူတွေဆိုရင် ကားစီးလုံး ငှားပြန်ဖို့ လူစုပြီး ငှားထားရတာ။ ကားခလဲ ဆုံးရှုံး ပြီ ။ အခုက မဖြစ်မနေ ဆင်းပေးရမယ် မဆင်းလို့မရဘူး ၊ ညီမတို သဘောလည်းမတူတာကို၊ အတင်းအကျပ် လက်မှတ်လိုက်ထိုးခိုင်း ပြီး ဆင်းခိုင်းတယ်။  အတင်းလက်မှတ်ထိုးခိုင်းတာ ။ မဆင်းရင် ပွိင့်အပိုင်မပေးဘူး လူချိန်းမယ် ဆိုပြီး ပြောတယ် ။၊ “ လို့အလုပ်သမားက ပြောပါတယ်။

မြန်မာ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရ သတင်းကျွတ်ရက်ပိတ်ရက်မှာ နေရပ်ပြန်ကြပြီး မိဘဆွေးမျိုးတွေကို ကန့်တော့ အလေးအမြတ်ပြုတဲ့ ဓလေ့ ရှိပါတယ်။ ဒါ့အပြင် ၁၉၅၁ ခုနှစ် ၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေ ပုဒ်မ(၁၇)မှာ  အများပြည်သူအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမားဆန္ဒကို ရယူပြီး ယင်းနေ့မတိုင်မီ ဦးစီးဌာနသို ကြိုတင်ခွင့်ပြုမိန့် တောင်းခံရမည်လို ပြဌာန်းထားပါတယ်။ 

"အလုပ်သမား တွေကိုကျ ဟိုတိုင် ဒီတိုင် မလုပ်နဲ့ ဆိုပြီး သူတိုက နည်းလမ်းမှန်မှန် မလုပ်ဘူး ။ အလုပ်သမား တွေမှာ အားကိုးပြီး အကူညီ တောင်းရမဲ့သူလဲ မရှိဘူး။ စက်ရုံ ဖွင့်တာ ၂နှစ်ကျော်ပြီ WCC အဖွဲ့လည်း ဖွဲမထားဘူး ။ အခုလည်း ပိတ်ရက်ကို ခြယ်လှယ်ချင်သလို ခြယ်လှယ်နေ တယ်။ " ဆိုပြီး စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။   

၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ- အခန်း(၂ ) ပုဒ်မ(၃) ပုဒ်မခွဲ (ခ)မှာ  အလုပ်သမား အဖွဲအစည်း မရှိလျှင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်း ရေးကော်မတီကို သတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း  ဖွဲ့စည်းရမည် လို့ ပြဌာန်းထားပါတယ်။ 

Prettex Myanmar စက်ရုံက ရန်ကုန်မြို ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိပြီး လုပ်သား ၁၀၀၀  ဝန်းကျင်လုပ်ကိုင်နေတဲ့ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်မှု စက်ရုံဖြစ်ပါတယ်။  တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး Have a wonderful day , Chinese National Geography စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို  အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026