NEWS

Precol Myanmar စက်ရုံ မန်နေဂျာ ကျင့်ဝတ်မညီမှု အမျိုးသမီးအလုပ်သမားများ ထိခိုက်နေ

CoverLogo
296 Views
 
Preclo Myanmar စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့အမျိုးသမီးတချိုကို စက်ရုံ မန်နေဂျာက ကျင့်ဝတ်နဲ့ အညီ မဆက်ဆံဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်လို့ အလုပ်သမားတွေ ထိခိုက်နေရတယ်လို့ ပြောပါတယ်။ အဲဒီ မန်နေဂျာ Pretxe စက်ရုံကိုပါ ပူးတွဲ စီမံနေပြီး စက်ရုံနှစ်ရုံလုံးကို တရုတ်နိုင်ငံသား တစ်ဦးတည်းက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
 
“မန်နေဂျာ ဆိုသူက စက်ရုံ၂ရုံလုံးကို အုပ်ချုပ်နေတယ်။ အဲ့ရုံတွေက အမျိုးသမီး အလုပ်သမားတချို့ကို အပြင်ခေါ်သွား။ နောက်တနေ့မှ နှစ်ပြန်ဝင်လာတာကို ကြိုပိုကားစောတဲ့ နေ့တွေဆို တွေ့ရတယ်။ ညီမတို့ အလုပ်သမားတွေကို တခြားက ဘယ်လိုမြင်ကြမလဲ ” လို့ အမျိုးသမီးအလုပ်သမားတွေက ပြောပါ ။
 
ဒါ့အပြင် အင်တာဗျူးဖြေတဲ့ အလုပ်သမားတွေနဲ့ ကိုယ်ဝန်ဆောာင် အလုပ်သမား တွေကိုပါ လိင်ပိုင်းဆိုင်ရာ နှောင်ယှက် ပြောဆိုတဲ့အပြင် ထိပါးနှောက်ယှက်မှုတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အမျိုးသမီးငယ်တွေကို ပုခုံးဖက်၊ ခေါင်းပုတ်၊ ခါးဖက် လမ်းလျှောက်တယ်၊ နမ်းရရင် အင်တာဗျူး မဖြေရဘူး၊ မနမ်းရရင် ဖြေရမယ် ဆိုပြီး ပြောတယ်။ ပြီးရင် သူ့ရုံးခန်းထဲ ခေါ်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကြားထဲ လက်ဆွဲထည့်တာမျိုးတွေပါလုပ်တယ်။ ကိုယ်ဝန် ဘယ်လိုရလဲ၊ ဘယ်သူနဲ့ ရတာလဲ ဆိုတာမျိုး လူကြားထဲမှာ ကိုယ်ဝန်ဆောင်တွေကို မေးတယ်။ ” လို့ ပြောပါတယ်။
 
စက်ရုံ မန်နေဂျာဆိုသူ မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာမိန်းကလေးတွေပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အပြုအမူ တွေက နိုင်ငံခြားသား တွေကိုပါ ကျူးလွန်ဖို့ လွယ်ကူအောင် လမ်းခင်းပေးနေသလို ဖြစ်နေတယ်လို့လည်း လုပ်ငန်းခွင် အတွင်းက အမျိုးသမီးအလုပ်သမားတွေက ပြောပါတယ်။
 
“မြန်မာ အချင်းချင်း မကာကွယ်ရင် နိုင်ငံခြားသားတွေ ကျူးလွန်ရင်ဘယ်လိုလုပ်မလဲ။ ကိုယ့်လူမျိုးကိုယ်တိုင်က ကျူးလွန်နေတော့။ တခြားက စော်ကားဖို့ ဝန်လေးနေမှာမဟုတ်ဘူး.” လို့ ပြောပါတယ်။
 
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁ ၊ ဆောက်လုပ်ရေး မှတ်တိုင်မှာ Precol စက်ရုံ ဖွင့်လှစ်ထားပြီး Pretxet စက်ရုံကတော့ သာဓုကန်စက်မှုဇုံမှာ ဖွင့်လှစ်ထားပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူ မန်နေဂျာက စက်ရုံ ၂ ရုံလုံး စီမံနေသူဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက Aircraft , Burtle တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026