NEWS

Precol Myanmar စက်ရုံ တွင် အချိန်ပို အတင်းကြပ် ခေါ်ယူနေ

CoverLogo
777 Views
 
Precol Myanmar အထည်ချုပ်စက်ရုံက ညလုံးပေါက် အချိန်ပိုတွေအပြင် ပိတ်ရက်တွေမှာပါ အချိန်ပိုဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက အထည်ကြေး Ticket ရုံဖြစ်ပြီး Ticket မဝင်ပါက လစာနဲ့ ရှင်းပေးတာလို့ အထည်ကြေးဝင်အောင် လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
" ticket ရုံဖြစ်လို ကိုယ်ချုပ်ရင် ချုပ်သလောက်ရတယ်။ ဒီလိုဖိအားဖြစ်အောင် စက်ရုံက လုပ်ထားတာ။ ticket မဝင်ရင် ဒေးကြေး နဲ့ပဲ ရှင်းတော့ လစာနည်းတယ်။ အဆင်မပြေဘူး ။ ticket ဝင်မှ လစာကောင်းတာဆိုတော့ အရမ်းပင်ပန်းတယ်။ “ လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း မနက် ၇နာရီ ခွဲကနေ ည ၇နာရီ ထိ ထမင်းစား နားချိန်ကလွဲလို့ တဆက်တည်း လုပ်ကိုင်ရတဲ့ အပြင် ညနက် အချိန်တွေပါ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက် အချိန်ပိုလုပ်ကိုင်ရတိုင်း စက်ရုံမှာပဲ ဖြစ်သလို အိပ်ရပြီး မနက် အပြန်မှာလည်း စက်ရုံဘက်က ကြိုပို့ယာဉ် စီစဉ်ပေးတာ မရှိဘူးလို့ သိရပါတယ်။
 
“အောနိုက် ခေါ်ရင် လဲ ထမင်းဖိုး မပေးဘူး။ ကြိုမပြောတော့ ပိုက်ဆံမပါရင် ချေးပြီး စားရတယ်။ မနက်ပြန်ဖို့ ဖယ်ရီ မစီစဥ်ပေးဘူး။ စက်ရုံမှာ ဖြစ်သလို အိပ်ရတယ်။ မဆင်းချင်လည်း အတင်းဆင်းခိုင်းတယ် ။ မဆင်းနိုင်လို့ ပြောရင် ခေါင်းဆောင်က မန်နေဂျာဆီခေါ်သွားပြီး တိုင်တယ် ။ တနင်္ဂနွေ ပိတ်ရက်ဆိုရင် အိုတီ ခေါ်တယ်။ ဖယ်ရီ မစီစဥ် ပေးဘူး။
 
ကိုယ့်စရိတ် နဲ့ ကိုယ် အလုပ်လာဆင်းရတယ် ။ မဖြစ်မနေ ဆင်းပေးရတယ် ။ အိုတီ ခေါ်ရင် ငြင်းလိုမရဘူး ဆင်းဆို ဆင်းပဲ ။ တနေကုန် အသည်းအသန် ချုပ်နေရတော့ ပင်ပန်း ပြီး နားချင်တာ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင််း ထမင်းစားခုံ မလုံလောက်ပဲ ကြမ်းပြင်မှာ ဖြစ်သလို စားသောက်နေရပြီး သန့်စင်ခန်း အနံ့ အသက်မကောင်းတာနဲ့ အသွာအလမ်းမှာ အမိုးတွေလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ “သန့်စင်ခန်း သွားတဲ့လမ်း အမိုးမရှိတော့ မိုးရွာရင် မိုးရေထဲ သွားရတယ်၊ ရေစိုနဲ့ စက်ရုံထဲ ဝင်ရတာက အဆင်မပြေဘူး။ ချုပ်ထည်တွေလည်း တခုခု ဖြစ်သွားနိုင်တာ။” လို့ ပြောပါတယ်။
 
Precol Myanmar စက်ရုံက လုပ်သား ၁၅၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁ မှာ ဖွင့်ထားပြီး Aircraft,Burtle တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026