NEWS

POLY CLOTHING Co.,Ltd အထည်ချုပ်စက်ရုံ အချိန်ပို ညလုံးပေါက်ခိုင်းစေ

CoverLogo
700 Views
 
လှိုင်သာယာ အနောက်ပိုင်းနည်းပညာတက္ကသိုလ်အနီး က POLY CLOTHING Co.,Ltd (မင်းသားလေး အထည်ချုပ် MTL garment ) အထည်ချုပ်စက်ရုံမှာ မေလက စပြီး တရက်ခြား အချိန်ပို ညလုံးပေါက် ခိုင်းစေနေတယ်လို သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ကို အလုပ်သမားတွေက ပြောပါတယ်။
 
UK အခြေစိုက် Minoti brand ချုပ်တဲ့ အဲဒီစက်ရုံမှာ ညလုံးပေါက် လုပ်ကိုင်ရတဲ့ အချိန်ပိုမဆင်းပါက အောစူပါက ခြိမ်းခြောက်ဖိအားပေးတာတွေရှိလို့ နေမကောင်း ဖြစ်လဲ အချိန်ပိုဆင်းရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို ညလုံးပေါက် ရက်ခြားဆင်းရတော့ အလုပ်သမားတွေ ပင်ပန်းပြီး နေမကောင်းဖြစ်လို့ အလုပ်မဆင်းနိုင်တာတွေရှိတယ်” လို့ ပြောဆိုထားပါတယ်။
 
အချိန်ပို အလုပ်မဆင်းနိုင်ပါက ရက်မှန်ကြေး၊ ဂရိတ်ကြေး ဖြတ်တောက်တာတွေကို စက်ရုံ စူပါတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ အချိန်ပို (OT) မဆင်းနိုင်ပါက ဖိအားပေး ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ အချိန်ပို မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အောစူပါ ဒေါ်ဝင်းပပက နောက်နေ့ စက်ရုံလာစရာ မလိုဘူးဆိုပြောတယ်” လို့ စက်ချုပ်အလုပ်သမားတွေက ပြောပါတယ်။
 
POLY CLOTHING Co.,Ltd စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး လုပ်သား ၃၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026