NEWS

PEPSI အချိုရည် စက်ရုံCEOနဲ့HR ကို အလုပ်သမားကတရားစွဲဆိုထားမှု ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲရန်အမိန့်ချ

CoverLogo
572 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံ CEOနဲ့HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီအမည်ကိုပါ ထပ်တိုးတရားစွဲဆိုဖို့ တရားသူကြီးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ 

"ယခင်မူလက CEO နှင့် HR ကို တရားစွဲဆိုထားခဲ့သော်လည်း ယနေ့ရုံးချိန်းတွင် Pepsi ကုမ္ပဏီ အမည်ကို ထပ်တိုးစွဲဆိုရန် တရားသူကြီးမှအမိန့်ချမှတ်ခဲ့"လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို  မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ၃ရက်နေ့ရုံးချိန်းမှာတော့  တရားသူကြီးမှ နောက်တိုးတရားပြိုင်အဖြစ်  ကုမ္ပဏီအားထပ်ထည့်ရန်အမိန့်ချမှတ်လိုက်တာဖြစ်ပြီး  နောက်ထပ်ရုံးချိန်းကိုတော့ ဧပြီ ၂၅  ရက်နေ့ နေ့လည် ၁၁နာရီချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

တရားစွဲဆိုမှူပြုလုပ်ခဲ့တဲ့ နစ်နာသူအလုပ်သမားဦးသောင်းဟန်ဟာ  ၂၀၂၂ ခုနှစ်အောက်တိုဘာလ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က ၂၀၂၂ရက် နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ   မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖြန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့်  အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ  ပြေလည်မှုမရှိခဲ့ဘဲ   ဦးစီးမှုးက နစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက လုပ်သက်အနှစ်နှစ်ဆယ်အထိလုပ်ကိုင်ခဲ့တာကြောင့်  အသက်ကြီးတဲ့ အကြောင်းပြချက်နဲ့ အလုပ်ထုတ်မည် ဆိုပါက နစ်နာကြေးသိန်း ၅၀နဲ့လေးသောင်းရရမှာဖြစ်ပြီး ကျပ်သိန်း၄၀ ဖြင့်ညှိနှိုင်းသော်လည်း လုပ်ငန်းရှင်က ပေးရန် ငြင်းဆိုခဲ့ကာ အချိန်ကြာမြင့်မှ  အလုပ်သမားကတရားစွဲဆိုရန်  တရား ရုံးက အမိန့်စာထုတ်တာကြောင့် ယခုလိုတရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအလုပ်သမားဟာ  ပက်စီအချိုရည်စက်ရုံမှာ လုပ်သက် အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ  ၂၀၂၂ခုနှစ် ၁၀ လပိုင်း ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews 

 


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025