NEWS

PEPSI အချိုရည် စက်ရုံ CEO၊ HR နဲ့ ကုမ္ပဏီကိုထပ်တိုးတရားစွဲဆိုမှု ကုမ္ပဏီဘက်က​ချေပလွှာတင်သွင်း

CoverLogo
450 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံ CEO၊ HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီကိုပါ ထပ်တိုးတရားစွဲဆိုမှုကို ကုမ္ပဏီကချေပလွှာတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

"၂၁နေ့ရုံးချိန်းမှာ  တရားပြိုင်ဖြစ်တဲ့ ပက်စီဘက်ကပြင်ဆင်ချေပလွှာတင်သွင်းပါတယ်။ နောက်ရုံးချိန်းကိုတော့ ၇ လပိုင်း ၅ ရက်နေ့ပြန်ချိန်းထားတယ်" လို့ အဆိုပါအမှုကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့လမေလ၂၁ရက်နေ့က  မှော်ဘီခရိုင် တရားရုံး မှာ ဦးသောင်းဟန် နှင့် Pepsi  ရုံးချိန်း တွင် ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲခြင်းအပေါ် တရားပြိုင် ၃ ဦး အတွက် Pepsi ဘက်မှ အမည်စာရင်း တင်သွင်းခဲ့ရာဆုံးဖြတ်ချက်အရ ဒေါ်စုစုမြတ်ကို ကုမ္ပဏီကိုယ်စား စွဲဆိုထားသည့်အမှု တွင်ထုချေခွင့်ပြုခဲ့ရာ ယခုလဇွန်၂၁ရက်နေ့မှာ အဆိုပါအမှုအတွက်ပြင်ဆင်ချေပလွှာတင်သွင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ 

အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ ၃ ရက်နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့လို့ ကုမ္ပဏီအမည်ကိုပါတရားစွဲဆိုခဲ့ရာ  ကုမ္ပဏီဘက်ကပြန်လည်ရင်ဆိုင်နေရခြင်းပဲဖြစ်ပါတယ်။  

ရုံးချိန်းကို လာမဲ့ဇူလိုင်လ ၅ရက်နေ့သို့ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်။ 

အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၃၁ ရက်က အီးစီစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲ အလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် Pepsi ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့ ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူCampaign ပြုလုပ်ခံထားရတယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025
Cover
ကျားဖြန့်လုပ်ငန်းများ အလုပ်သမားနှင့် လက်လုပ်လက်စားများအား ပစ်မှတ်ထားလာ
Sep 01, 2025
Cover
Tianjin Fashion Mile Stone လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုတွေ ကြုံနေရ
Sep 01, 2025
Cover
Myanmar Huasheng Kefu Fashion အထည်ချုပ်လုပ်သားများ အကျဉ်းသားသဖွယ် ဆက်ဆံရ ဟုဆို
Aug 31, 2025
Cover
Victor House အထည်ချုပ် စက်ရုံ ခွင့် ခံစားခွင့်မပေးဘဲ လစာဖြတ်တောက်
Aug 31, 2025
Cover
အဖွဲ့ချုပ်အမည်ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲမှုသည် CTUM ကို ကိုယ်စားမပြုကြောင်းထုတ်ပြန်
Aug 30, 2025
Cover
XIN YUAN FU ZHUANG အထည်ချုပ်စက်ရုံ ခွင့်ခံစားခွင့်များ မပေးဘဲ ဖြတ်တောက်
Aug 30, 2025
Cover
PK Myanmar စက်ရုံတွင် တောင်းဆိုမှု ဖြစ်ပွားနေ
Aug 30, 2025