NEWS

pepsi အချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာအား တရားစွဲဆိုထားမှု နောက်လမှသာကြားနာမည်

CoverLogo
649 Views

မှော်ဘီမြို့နယ်ရှိ Pepsi ပက်စီ အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှု လာမည့်အောက်တိုဘာ ၆ရက်မှာ ကြားနာဖို့ချိန်းဆိုလိုက်တယ်လို့  အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၄ ရက်နံနက် ၁၀နာရီက တိုင်းတရားရုံး၌ တရားမ စေ့စပ်ညှိနှိုင်းမှူပြုလုပ်ပေမဲ့ပြေလည်မှုမရခဲ့တာကြောင့် စက်တင်ဘာ ၁၄ ရက်မှာ မှော်ဘီ ခရိုင် တရားရုံး ၌အမှူ ကိုဆက်လက်ကြားနာဖို့ချိန်းဆိုလိုက်တာဖြစ်ရာ ယနအမှုတွဲက ခရိုင်ကိုပြန်လည်မရောက်လာသေးတာကြောင့် နောက်လသို့ပြန်လည်ချိန်းဆိုလိုက်တာလို့ သိရပါတယ်။ 

"ယနေ့ရုံးချိန်းတွင် တိုင်းရုံးမှ အမှူတွဲ ခရိုင် သို့ပြန်လည်မရောက်သဖြင့် အောက်တိုဘာ ၆ရက် နေ့တွင်  ၆ ကြိမ်မြောက်ရုံးချိန်း ကို ချိန်းဆို ခဲ့ပါတယ်။၁၄-၈-၂၃ နေ့ 
တိုင်းရုံးချိန်း မှ တလ အကြာ ရုံးချိန်းမှာ အမှူတွဲက အောက်ရုံး ကို မရောက်သေးဘူးဆိုတော့လဲ နောက်တချိန်းပေါ့"လို့ STUM ကအသိပေးထားပါတယ်။ 
အလုပ်သမားရဲ့တရားစွဲဆိုမှုကို ဇူလိုင်၂၈ရက်က တတိယ မြောက် ရုံးချိန်းအဖြစ် အလုပ်ရှင် အလုပ်သမား ၂ဘက် လုံးကို ခရိုင်တရားသူကြီးကလက်ခံစစ်မေးခဲ့ရာ လုပ်ငန်းရှင်က CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့ပြီး တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ တိုင်းတရားရုံး၌ နှစ်ဘက်ညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်။ 

တရားစွဲဆိုမှူပြုလုပ်ခဲ့တဲ့ နစ်နာသူအလုပ်သမားဦးသောင်းဟန်ဟာ  ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က  ၂၀၂၂ရက် နို၀င်ဘာလက အလည သို့တိုင်ကြားခဲ့ရာ   မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖျန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့်  အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ  ပြေလည်မှုမရှိခဲ့ဘဲ   ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက လုပ်သက်အနှစ်နှစ်ဆယ်အထိလုပ်ကိုင်ခဲ့တာကြောင့်  အသက်ကြီးလို့အလုပ်ထုတ်မယ်ဆိုပါက နစ်နာကြေးသိန်း၅၀နဲ့လေးသောင်း ပေးချေရမှာဖြစ်ပြီး  ညှိနှိုင်းသော်လည်း လုပ်ငန်းရှင်ကမပေးဘဲနဲ့ အချိန်ကြာမြင့်မှ  အလုပ်သမားကတရားစွဲဆိုရန်  အမ်ိန့်စာထုတ်လိုက်တာကြောင့်  ယခုလိုတရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါအလုပ်သမားဟာ  ပက်စီအချိုရည်စက်ရုံမှာ လုပ်သက် အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ  ၂၀၂၂ခုနှစ် ၁၀လပိုင်း ၃၁ ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026