NEWS

Pepsi အချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာအား တရားစွဲဆိုထားမှု ဇူလိုင် ၂၆ရက်နေ့သို့ ပြန်လည်ချိန်းဆို

CoverLogo
842 Views

မှော်ဘီကပက်စီအချိုရည်စက်ရုံမှာ လုပ်သက်အနှစ် ၂၀ အထိ အလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားက Pepsi အချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာကို တရားစွဲဆိုထားတဲ့အမှုကို လာမဲ့ ဇူလိုင်၂၆ရက်နေ့သို့ ပြန်လည်းချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

 

"Pepsi ယနေ့ ရုံးချိန်းသို့CEO မလာသည့်အတွက် နောက်တပတ် ဇူလိုင် ၂၆ ရက် နေ့ ၁၀ နာရီ ၃၀ ပြန်လည်ချိန်းဆိုပါတယ်။CEO အနေဖြင့် လာရောက်နိုင်ခြင်းမရှိပါက တရားဝင် ကိုယ်စားလှယ် စေလွှတ်ရန် မှော်ဘီခရိုင် တရားသူကြီး မှ ပြောကြားခဲ့တယ်" လို့ အဆိုပါအလုပ်သမားတရားဆွဲဆိုမှုကို ကူညီဆောင် ရွက်ပေးနေသူကဆိုပါတယ်။ 

 

အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၃၁ ရက်က အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့် အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်လို့ ပထမအကြိမ်ရုံးချိန်းကို ဇွန်လ၂၃ရက်နေ့သို့ချိန်းဆိုခဲ့တာဖြစ်ပြီး အဲ့နေ့မှာလည်း Pepsiက CEO မရောက်လာလို့ယခုလ၂၆ရက်နေ့သို့ ဒုတိယအကြိမ်ပြန်လည်ချိန်းဆိုခဲ့တယ်လို့သိရပါတယ်။ 

 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က ၂၀၂၂ရက် နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖျန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့် အလညနှင့် တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ ပြေလည်မှုမရှိခဲ့ဘဲ ဦးစီးမှူးက နစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

 

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားကအနှစ်နှစ်ဆယ်အထိလုပ်ကိုင်ခဲ့တာကြောင့် အသက်ကြီးလို့အလုပ်ထုတ်မည် ဆိုပါက နစ်နာကြေးသိန်း၅၀နဲ့လေးသောင်းရရမှာဖြစ်ပြီး သိန်း၄၀ ပေးပါညှိနှိုင်းသော်လည်း လုပ်ငန်းရှင်ကမပေးဘဲ အချိန်ကြာမြင့်မှ အလုပ်သမားကတရားစွဲဆိုရန် အမ်ိန့်စာထုတ်လိုက်တာကြောင့် ယခုလိုတရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဆိုပါအလုပ်သမားဟာ ပက်စီအချိုရည်စက်ရုံမှာ အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ ၂၀၂၂ခုနှစ် ၁၀လ ၃၁ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026