NEWS

pepsi အချိုရည် စက်ရုံ CEO နှင့် HR မန်နေဂျာအား တရားစွဲဆိုထားမှု ခရိုင်တရားရုံးမှာဆက်လက်ကြားနာမယ်

CoverLogo
714 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံကတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှု ကိုတိုင်းတရားရုံးမှာ တရားမစေ့စပ်ညှိနိူင်းရာ မပြေလည်လို့ ခရိုင်တရားရုံးမှာဆက်လက်ကြားနာမယ်လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

 

"ယနေ့ သြဂုတ်လ ၁၄ ရက် နံနက် ၁၀နာရီ တွင် တိုင်းတရားရုံး၌ တရားမ စေ့စပ်ညှိနှိူင်းမှူ ပြေလည်မှူ မရရှိပါ။စက်တင်ဘာ ၁၄ တွင် မှော်ဘီ ခရိုင် တရားရုံး ၌အမှူ ကိုဆက်လက်ကြားနာမည်" လို့ STUM ကအသိပေးထားပါတယ်။ 

 

ပြီးခဲ့တဲ့ဇူလိုင်၂၈ရက်က တတိယ မြောက် ရုံးချိန်းကို အလုပ်ရှင် အလုပ်သမား ၂ဘက်ကို ခရိုင်တရားသူကြီးကလက်ခံစစ်မေးခဲ့ရာ လုပ်ငန်းရှင်က CEO နဲ့ HR ကိုယ်စား HR ကို တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခဲ့ပြီး တရားမ စေ့စပ်ညှိနှိုင်းရေးလုပ်ထုံးလုပ်နည်းအရ ဒီကနေ့မနက် ၁၀ နာရီကတိုင်းတရားရုံး၌ နှစ်ဘက် ညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်။ 

 

အဲ့ဒီတတိယမြောက်ရုံးချိန်းမှာကတည်းက

လုပ်ငန်းရှင်ဘက်က ညှိနှိုင်းရန်မလို ဘဲ အမှူ ကို ဆက်စစ်ရန်တောင်းဆိုခဲ့ပေမဲ့ လုပ်ထုံးလုပ်နည်းအရ ညှိနှိုင်းခဲ့ရတာဖြစ်လို့ ဩဂုတ်၁၄ရက်နေ့မနက်ညှိနှိုင်းမှူမှာလည်း ပြေလည်မှုမရခဲ့ဘဲ လာမယ့်စက်တင်ဘာ ၁၄ ရက်နေ့မှာ မှော်ဘီခရိုင်တရားရုံးမှာ ဆက်လက်ကြားနာစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

တရားစွဲဆိုမှူပြုလုပ်ခဲ့တဲ့ နစ်နာသူအလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ်အောက်တိုဘာလ ၃၁ ရက်က အလုပ်ခန့် ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့် အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က ၂၀၂၂ နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖြန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့် အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ ပြေလည်မှုမရှိခဲ့ဘဲ ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

 

အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားက လုပ်သက်အနှစ်နှစ်ဆယ်အထိလုပ်ကိုင်ခဲ့တာကြောင့် အသက်ကြီးလို့အလုပ်ထုတ်မည်ဆိုပါက နစ်နာကြေးကျပ်သိန်း၅၀နဲ့လေးသောင်းရရမှာ ကိုညှိနှိုင်းသော်လည်း လုပ်ငန်းရှင်ကမပေးဘဲ အချိန်ကြာမြင့်မှ အလုပ်သမားကတရားစွဲဆိုရန် အမ်ိန့်စာထုတ်လိုက်တာကြောင့် ယခုလိုတရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဆိုပါအလုပ်သမားဟာ ပက်စီအချိုရည်စက်ရုံမှာ အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ ၂၀၂၂ခုနှစ် ၁၀လ ၃၁ရက်က အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026