NEWS

PEPSI အချိုရည် စက်ရုံ CEOနဲ့HRအပြင် ကုမ္ပဏီကိုပါထပ်တိုးတရားစွဲရန်အမိန့်ချမှု တရားပြိုင်၃ဦးအတွက် ကုမ္ပဏီဘက်ကအမည်စာရင်းတင်သွင်း

CoverLogo
525 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံCEOနဲ့HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီအမည်ကိုပါ ထပ်တိုးတရားစွဲဆိုဖို့ တရားသူကြီးက အမိန့်ချထားမှုကို မေလ ၂၁ရက်နေ့က Pepsi ဘက် တရားပြိုင်၃ဦးအတွက် အမည်စာရင်းတင်သွင်းခဲ့တယ်လို့  သိရပါတယ်။ 


"Pepsi ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲဖို့ဆိုတော့ ဟုတ်တယ်။ သူတို့ကအမည်ပေးတာပေါ့။ ကုမ္ပဏီအမည်ကိုစွဲတဲ့အခါကျတော့  ကုမ္ပဏီအမည်ဘက်က ကိုယ်စားလှယ်တစ်ယောက်ပေးရမယ်။ ဘယ်သူဆိုတာ။ နောက်ပိုင်းကျသူ့ရဲ့ လုပ်ငန်းစဥ်အတိုင်းသွားမှာပေါ့။ ဒီဘက်ကတောင်းဆိုလွှာပေးထားပြီးပြီ အဲ့တာကိုသူတို့ဘက်ကအချေလွှာတင်မယ်။ တရားမရဲ့သဘောကတော့ တောင်းဆိုလွှာအပေါ် အချေလွှာတင်ပြရတာ။ တောင်းဆိုတဲ့သူဘက်က သက်သေတွေအထောက်အထားတွေနဲ့ တောင်းဆိုလွှာတင်မယ်။  ပြီးတဲ့အခါကျစွပ်ဆွဲခံရသူဘက်က သက်သေတွေတင်ပြမယ် အချေလွှာတွေတင်ပြမယ် ပြီးတဲ့အခါကျအမိန့်ချမယ်"လို့  အဆိုပါအမှုကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။  


မေလ၂၁ရက်နေ့က  မှော်ဘီခရိုင် တရားရုံး မှာ ဦးသောင်းဟန် နှင့် Pepsi  ရုံးချိန်း တွင် ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲခြင်းအပေါ် တရားပြိုင် ၃ ဦး အတွက် Pepsi ဘက်မှ အမည်စာရင်း တင်သွင်းခဲ့ရာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါ်စုစုမြတ်ကို ကုမ္ပဏီကိုယ်စား စွဲဆိုထားသည့်အမှု တွင်ထုချေခွင့်ပြုကြောင်းတရားသူကြီးကပြောဆိုခဲ့ပြီး နောက်ရုံးချိန်းကို နောက်လ၄ရက်နေ့ နေ့လည် ၁၁ နာရီသို့  ပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ 


အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ၃ရက်နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့လို့ ကုမ္ပဏီအမည်ကိုပါတရားစွဲဆိုခဲ့ရာ  ကုမ္ပဏီဘက်ကပြန်လည်ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။  


အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အီးစီစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 


ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် Pepsi ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့ ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူ Campaign ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ 


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026