NEWS

pepsi အချိုရည် ကုမ္ပဏီကိုထပ်တိုးတရားစွဲဆိုမှု ၁၈ ရက်နေ့သို့ပြန်လည်ချိန်းဆို

CoverLogo
441 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံCEOနဲ့HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီအမည်ကိုပါ ထပ်တိုးတရားစွဲဆိုမှုကို ကုမ္ပဏီကချေပလွှာတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

"၅ ရက်နေ့ ဦးသောင်းဟန် pepsi အမှု မှော်ဘီခရိုင်တရားရုံးချိန်းတွင် တရားသူကြီးမှ ငြင်းချက် ထုတ်ရန် အဆင်သင့်မဖြစ်သေးသောကြောင့် နောက်ရုံးချိန်းကို ဇူလိုင် ၁၈ ရက်နေ့ နေ့လည် ၁ နာရီ ပြန်လည်ချိန်းဆိုလိုက်ပါတယ်"လို့  အဆိုပါအမှုကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။  

ဦးသောင်းဟန် နှင့် Pepsi  ရုံးချိန်း တွင် ကုမ္ပဏီအမည်ကိုပါထပ်တိုးတရားစွဲခြင်းအပေါ် တရားပြိုင် ၃ ဦး အတွက် Pepsi ဘက်မှ အမည်စာရင်း တင်သွင်းခဲ့ရာဆုံးဖြတ်ချက်အရ ဒေါ်စုစုမြတ်ကို ကုမ္ပဏီကိုယ်စား စွဲဆိုထားသည့်အမှု တွင်ထုချေခွင့်ပြုခဲ့လို့ ပြီးခဲ့တဲ့ဇွန်၂၁ရက်နေ့မှာ အဆိုပါအမှုအတွက်ပြင်ဆင်ချေပလွှာတင်သွင်းထားတယ်လို့သိရပါတယ်။ 

ယခုဇူလိုင်၅ရက်နေ့မှာတော့  အဆိုပါတင်သွင်းမှုအပေါ် တရားသူကြီးကငြင်းချက်ထုတ်ဖို့အဆင်သင့်မဖြစ်သေးတာကြောင့်  ဇူလိုင်၁၈ရက်နေ့သို့သာ ပြန်လည်ချိန်းဆိုလိုက်တာလို့သိရပါတယ်။  

အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ၃ရက်နေ့ရုံးချိန်းမှာတော့ တရားသူကြီးက နောက်တိုးတရားပြိုင်အဖြစ် ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့လို့ ကုမ္ပဏီအမည်ကိုပါတရားစွဲဆိုခဲ့ရာ  ကုမ္ပဏီဘက်ကပြန်လည်ရင်ဆိုင်နေရခြင်းပဲဖြစ်ပါတယ်။  

အလုပ်သမားဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အီးစီစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ ညှိနှိုင်းမှုအဆင့်ဆင့်မှာပြေလည်မှုမရခဲ့လို့ ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲ အလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်တာတွေကြောင့် ၎င်းရဲ့ထုတ်ကုန်များအားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ရန် နိုင်ငံတကာအဆင့် စားသုံးသူ Campaign ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026