NEWS

Pepsi အချိုရည်စက်ရုံတာဝန်ရှိသူများ၏ စွဲဆိုချက်များကို နစ်နာသူအလုပ်သမားက ပြန်လည်ချေပ

CoverLogo
902 Views

Pepsi အချိုရည်စက်ရုံက ဥပဒေမဲ့ အလုပ်ထုတ်ခံထားရတဲ့ ဦးသောင်းဟန်က စက်ရုံဘက်က စွဲဆိုချက်တွေကို စက်တင်ဘာလ (၃၀) ရက်က ကြားနာခဲ့တဲ့ (၃၃) ကြိမ်မြောက် ရုံးချိန်မှာ ပြန်လည်ချေပငြင်းဆိုခဲ့ပါတယ်။

မတရားအလုပ်ထုတ်ခံခဲ့ရတဲ့ ဦးသောင်းဟန်ဟာ  စီနီယာလျှပ်စစ်အင်ဂျင်နီယာ(S1) အနေနဲ့ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်ရှိ LOTTE MGS Beverage (Myanmar) Co., Ltd (Lotte  MGS) ရဲ့ ထုတ်လုပ်ရေးစက်ရုံမှာ (၈) နှစ်ကြာ အလုပ်လုပ်ကိုင်လာခဲ့သူဖြစ်ပြီး အသက် ၆၄ နှစ်အရွယ်ရောက်ချိန်တွင် စက်ရုံက " အရေးကြီးဧည့်သည်လာရောက်ချိန်တွင် ရှိမခြင်း"ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ 

Pepsi အချိုရည်စက်ရုံက အလုပ်သမားတစ်ဦးဖြစ်တဲ့ဦးသောင်းဟန်ဟာ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၃၁) ရက်က အီးစီစာချုပ်နဲ့မညီဘဲ အလုပ်ထုတ်ခံရတာကြောင့် ညှိနှိုင်းမှုအဆင့်ဆင့်တွေ လုပ်ဆောင်ခဲ့ပြီး  ပြေလည်မှုမရခဲ့လို့ ၂၀၂၃ ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမား ဝန်ကြီးဌာနက တရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်လို့ တရားစွဲဆိုမှုစတင်ခဲ့တာပါ။

စက်တင်ဘာလ  (၃၀) ရက်က ကြားနာခဲ့တဲ့ ရုံးချိန်းမှာတော့ အလုပ်ရှင်က အလုပ်သမားကို အလုပ်မထုတ်မီသတိပေးတာနဲ့  သကြားရည်အအေးခံစက် ပျက်ချိန်မှာ ဦးသောင်းဟန်က စက်ကိုပြန်ပြင်ပေးဖို့ ငြင်းဆိုခဲ့လို့ WCC အဖွဲ့ရှေ့မှာ ထုတ်ပယ်ခဲ့တယ်လို့စွပ်စွဲပြောဆိုထားတဲ့အပေါ် ဦးသောင်းဟန်ကို အချိုရည်စက်ရုံဘက်က ရှေ့နေတွေ မေးမြန်းခဲ့ကြတယ်လို့ သိရပါတယ်။ 

မေးမြန်းမှုကို ဦးသောင်းဟန်က "အလုပ်မထုတ်မီတွင် သတိပေးမှု တစ်စုံတစ်ရာမရှိခဲ့သလို၊ သကြားရည်အအေးခံစက်ပျက်ချိန်မှာလည်း စက်ရဲ့တန်ကြေးကမြင့်မားတဲ့အတွက် စက်ရုံဘက်မှ ပြင်ပ စက်ဆရာတွေကို ခေါ်ယူကာ ပြင်ဆင်ခဲ့တာသာဖြစ်ပြီး မိမိအနေနဲ့ စက်ပြင်ဖို ငြင်းဆန်ခဲ့တာမရှိဘူးလို့ဆိုပါတယ်။ ဒါ့အပြင် WCC အဖွဲ့ရှေ့မှောက်မှာ အလုပ်ထုတ်ပယ်တယ်ဆိုတာဟာ စက်ရုံဘက်က ခေါ်ယူထားတဲ့ WCCအဖွဲ့ဝင်တွေမှာ  အဖွဲ့ဝင်ပြည့်စုံစွာမပါရှိဘဲ အဖွဲ့ဝင်တစ်ဦးလိုအပ်နေတာကြောင့် တရားဝင်မှုအခြေအနေမရှိဘူး”လို့  ပြန်လည် ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ (၃၄) ကြိမ်မြောက် အမှုရုံးချိန်းကို အောက်တိုဘာလ (၁၄) ရက် နေ့လည် (၁၂) နာရီမှာ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။  ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး Pepsiဟာ နာမည်ကျော်အမှတ်တံဆိပ် အချိုရည် တစ်ခုဖြစ်ပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို တားမြစ်တာမရှိဘဲ ယခုအချိန်ထိ တရားရုံးမှာ အလုပ်သမားဘက်က တောင့်မခံနိုင်အောင် အချိန်ဆွဲတဲ့ နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေတာဖြစ်တယ်လို့ STUM ကလည်း သုံးသပ်ထားပါတယ်။ 

Pepsi အချိူရည်စက်ရုံဟာ LOTTE MGS Beverage (Myanmar) Co., Ltd. လက်အောက်မှဖြစ်ပြီး Myanmar Golden Beverage Co., Ltd (MGS) ကုမ္ပဏီနှင့် တောင်ကိုရီးယား Lotte လုပ်ငန်းစုအောက်ရှိ Lotte Chilsung Beverage Co., Ltdတို့်က ၂၀၁၃ - ၂၀၁၄ မှစ၍ ပူးပေါင်း ဆောင်ရွက်ကာ Lotte  MGS အဖျော်ယမကာကုမ္ပဏီအနေဖြင့် Pepsi၊ 7Up၊ Mirinda၊Mountain Dew နှင့် Sting အချိူရည်များကို ဖက်စပ်ထုတ်လုပ်နေတာဖြစ်ပါတယ်။

ပက်စီအချိုရည်စက်ရုံဟာ နှစ် ၂၀ ကြာ၊  လုပ်သက်ရင့်အလုပ်သမားကိုနစ်နာကြေးမပေးဘဲအလုပ်ထုတ်ထားသလို အရောင်းဝန်ထမ်းတွေကိုလည်း target ပြည့်မီအောင်မရောင်းနိုင်လို့ဆိုကာ လျော်ကြေးမပေးဘဲအလုပ်ထုတ်တာတွေလည်းရှိခဲ့တာကြောင့် Pepsi ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ထားလို့ ၎င်းရဲ့ထုတ်ကုန်အားလုံးကို မသုံးစွဲဘဲ Boycott ပြုလုပ်ဖို့ နိုင်ငံတကာအဆင့် စားသုံးသူCampaign ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026