NEWS

PEPSI ကုမ္ပဏီကို ထပ်တိုးတရားစွဲရန်အမိန့်ချမှု ၉ရက်နေ့ပြန်လည်ချိန်းဆိုထား

CoverLogo
438 Views

မှော်ဘီမြို့နယ်ရှိ Pepsi အချိုရည်စက်ရုံတာဝန်ရှိသူတွေကို အလုပ်သမားက တရားစွဲဆိုထားမှုမှာ စက်ရုံCEOနဲ့HR ကိုတရားစွဲဆိုထားရုံမက Pepsi ကုမ္ပဏီအမည်ကိုပါ ထပ်တိုးတရားစွဲဆိုဖို့ တရားသူကြီးက အမိန့်ချထားမှုကို ယခုလ၉ရက်နေ့သို့ပြန်လည်ချိန်းဆိုထားတယ်လို့  သိရပါတယ်။

"Pepsi အချိုရည်ဦးသောင်းဟန်အမှု နောက်ဆုံးအခြေအနေ က ၂၅.၄.၂၀၂၄ ရက်နေ့ ခရိုင်တရားရုံးတွင်ရုံးချိန်း ချိန်းဆိုခဲ့ပြီး တရားလိုဘက်မှ ပြင်ဆင်အဆိုလွှာ တင်သွင်းခဲ့ပါတယ်။ ၉.၅.၂၀၂၄ ရက်နေ့ မနက် ၁၁း၀၀ နာရီတွင် ပြန်လည်ချိန်းဆိုထားတယ်"လို့ အဲဒီအလုပ်သမားအရေးကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

အလုပ်သမားဖြစ်သူ ဦးသောင်းဟန်က စွဲဆိုထားတဲ့ (Pepsi)အမှုကို  မှော်ဘီခရိုင်တရားရုံးမှာ နှစ်ဖက်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ဧပရယ်လ၃ရက်နေ့ရုံးချိန်းမှာတော့  တရားသူကြီးက  နောက်တိုးတရားပြိုင်အဖြစ်  ကုမ္ပဏီကိုပါ တရားစွဲဆိုဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီလို့ကုမ္ပဏီအမည်ကိုပါတရားဆွဲဖို့အမိန့်ချမှတ်လိုက်တဲ့အပေါ် ကုမ္ပဏီကနေ  ပြင်ဆင်အဆိုလွှာပြန်လည်တင်သွင်းမှုကို ဧပြီ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ရုံးချိန်းကိုမေလ၉ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။ 

တရားစွဲဆိုမှူပြုလုပ်ခဲ့တဲ့ နစ်နာသူအလုပ်သမားဦးသောင်းဟန်ဟာ  ၂၀၂၂ခုနှစ် အောက်တိုဘာလ၃၁ရက်က အလုပ်ခန့် ထားမှုဆိုင် ရာ သဘောတူစာချုပ်နှင့်မညီဘဲ အသက်အရွယ်ကြီးရင့်မှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတာဖြစ်လို့ မှော်ဘီ ခရိုင် တရားရုံးတွင် တရားမ နစ်နာကြေး ကျပ်သိန်း ၁၀,၀၄၀,၀၀၀ ရလိုမှုနဲ့  တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အလုပ်ထုတ်ခံရသူဦးသောင်းဟန်က  ၂၀၂၂ရက် နို၀င်ဘာလက အလညသို့တိုင်ကြားခဲ့ရာ   မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးသို့ လွှဲပြောင်းခဲ့လို့ ညှိဖျန်မှာ၃ကြိမ်ညှိနှိုင်းခဲ့ပြီး ခုံကောင်စီရဲ့ဆုံးဖြတ်ချက်ကိုခံယူခဲ့ပေမဲ့ အလညသို့ပြန်လည်လွှဲပြောင်းခဲ့တာကြောင့်  အလညနှင့်တိုင်းရုံးတို့ ပေါင်းစပ်ညှိနှိုင်းမှု၃ကြိမ်ထပ်မံညှိနှိုင်းဖြေရှင်းခဲ့ရာ  ပြေလည်မှုမရှိခဲ့ဘဲ   ဦးစီးမှုးကနစ်နာသူကတရားစွဲဆိုရန် အမိန့်ညွှန်ကြားချက်ထုတ်ပေးဖို့ နစ်နာသူအလုပ်သမားက အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် ၂၀၂၃ခုနှစ် မတ်လလယ်ရောက်မှသာ အလုပ်သမားကတရားစွဲစေဖို့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါအလုပ်သမားဟာ  ပက်စီအချိုရည်စက်ရုံမှာ  အနှစ်၂၀အထိလုပ်ကိုင်ခဲ့ရာမှ  ၂၀၂၂ခုနှစ် ၁၀လ ၃၁ ရက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်နှင့်မညီဘဲ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပြီး  လုပ်သက်အရ အလုပ်ထုတ်နစ်နာကြေးကျပ်သိန်း၅၀ကျော်ရရှိရမှာဖြစ်တယ်လို့လည်း သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026