NEWS

Peak Outdoor (Yangon) အထည်ချုပ် ကိုယ်ဝန်ဆောင်များအား အောလင်းအချိန်ပို ဆင်းခိုင်း

CoverLogo
250 Views
 
Peak Outdoor (Yangon) Co.,Ltd စက်ရုံကပါ။
ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို ဖိနှိပ်နေလို့ပါ။
 
စက်ရုံက ပြီးခဲ့တဲ့ (ဇူလိုင် ၁၈) သောကြာနေ့က အောလင်း အချိန်ပိုဆင်းရပါတယ်။ ကိုယ်ဝန်ဆောင်သည် တွေ အချိန်ပို မဆင်းနိုင်ဘူးပြောတာကို အတင်း ဆင်းခိုင်းလို့ပါ။
 
အောလင်းမဆင်းနိုင်ရင် အိမ်ကထဲက မလာနဲ့လို့ ပြောခဲ့ပါတယ် ။ အလုပ်သမားတွေ ရက်မှန်ကြေး ပြုတ်မှာ မရမှာ စိုးပါတယ်။ အမ တယောက်က ပြောလို့ရမယ် ထင်ပြီး သွားပြော ပြန်မလွှတ်လို့ အောလင်းထိ ဆင်းခဲ့ရပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ မြစိမ်းရောင်စက်မှုဇုန် ၊ မြသရဖီလမ်းမှာ ရှိတယ်။
 
WCC ရှိပါတယ်၊ သမဂ္ဂလည်း ရှိပါတယ်။ စက်ရုံမှာ လုပ်သား ၆၀၀ လောက် ရှိတယ်။ အောလင်း အောနိုက်က တခြားဌာနတွေ ဆင်းရတာများပါတယ်။ စက်လိုင်းကတော့ သောကြာနေ့က အောလင်းခေါ်တာပါ။
 
(အထည်ဖြတ်)Cutting ဌာနကတော့ တပတ်လုံး ဆင်းရတဲ့ အပတ်တွေလည်း ရှိပါတယ်။ နေ့တိုင်း ည ၇ နာရီခွဲအထိ အလုပ်ဆင်းရပါတယ်။ စနေနေ့က ၆ နာရီခွဲအထိ လုပ်ရတာပါ။
 
ည ၈ ခွဲအထိ အချိန်ပိုဆင်းရတာကို တိုင်ကြလို့ နောက်ပိုင်း ည ၇နာရီခွဲအထိ ဆင်းရပါတယ်။ အခုတော့ အတင်းအကျပ်တွေ ဖြစ်လာလို့ပါ။
 
ကူညီပါရှင့်
(ပြီးခဲ့တဲ့ မတ်လအတွင်း Peak Outdoor (Yangon) Co.,Ltd စက်ရုံမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေအပေါ် စက်ရုံကြီးကြပ်သူတွေက ခွဲခြားဆက်ဆံမှု ပြုလုပ်ခဲ့တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် အချိန်ပို မဆင်းလိုတဲ့ အလုပ်သမားတွေကို သတိပေး ဝိမ်တိန်ထိုးခိုင်းတာတွေကို နိုင်ငံခြားသား ကျွမ်းကျင်သူတွေက ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီအချိန်က ဂျပန်အော်ဒါ INAREM အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ )

Related posts

Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025