NEWS

Peak Outdoor အထည်ချုပ် ရက်ပျက်ပါက ပိတ်ရက်ခမပေးဘူးဆိုပြီး ပြော

CoverLogo
634 Views
ဧပြီ ၃၊ ၂၀၂၅
စက်ရုံအကြောင်းလေး ပြောပြချင်လို့ပါ ။ မြစိမ်းရောင်စက်မှုဇုန်၊ ခြံအမှတ် A6 က
Peak Outdoor စက်ရုံပါ။
အခု ၄ လပိုင်းထဲမှာ တစ်ရက်ပျက်တာနဲ့ အခါရက် ပိတ်ရက်ခ မရဘူးလို့ပြောနေလို့ပါ။
ပြောတာက နှစ်လိုင်းကိုင် အောစူပါက စက်ချုပ်အလုပ်သမားတွေကို မီတင် ခေါ်ပြီး ပြောတာပါ။
အချိန်ပို ot လည်း အရမ်းခေါ်ပါတယ်။ နေမကောင်းနေရင်တောင် ဂိတ်ပတ်ယူလို့မရပါဘူး။
အချိန်ပိုကို ပြန်ခါနီးမှ ဘယ်အချိန်အထိ ဆင်းရမယ်ဆိုတာ အတိကျသိရပါတယ်။ အလုပ်ချိန်ဆို ပုံသေမရှိပါဘူး။
တရက် Myanmar Labour News မှာ စက်ရုံ သတင်းပါလာပြီး၊ အခု ဧပြီ ၁ ရက်စလို့ ပုံမှန် ၆ နာရီခွဲ ပြန်လွှတ်မယ်လို့ ပြောပါတယ်။ နောက်ရက်မှာတော့ ည ၇ ခွဲမှ ပြန်လွှတ်ပါတယ်။
ညီမတို့ အချိန်ပိုကို ဘယ်အချိန်အထိခေါ်မယ်ဆိုတာ မသိတော့၊ ချက်ရေးပြုတ်ရေး ခက်ပါတယ်။ လုံခြုံရေးလည်း စိုးရိမ်ရတာပါ။ ရက်ပျက်ရင် ပိတ်ရက်မရဘူးဆိုတာ ဥပဒေမှာ သတ််မှတ်ထားလို့လား ရှင့်။
WCC အဖွဲ့ရှိပေမဲ့ ကူညီ ညှိနှိုင်းပေးတာမရှိလို့ပါ။
ကူညီပေးစေချင်ပါတယ်။
(#အချက်အလက်- Peak Outdoor စက်ရုံက EC စာချုပ် ချုပ်ဆိုထားပေမဲ့ စာချုပ်တစုံကို အလုပ်သမားတွေကို ပေးအပ်တာမရှိပါဘူး။ ရက်ပျက်ဆိုပြီး သတိပေးလက်မှတ်ထိုးခိုင်းတယ် ဆိုပါတယ်။ စနေ့နဲ့ တနင်္ဂနွေ့မှာ ည ၈ နာရီခွဲအထိ အချိန်ပို ခိုင်းစေတာရှိပြီး အချိန်ပိုင်လုပ်ကိုင်ရမယ်ဆိုတာ ကြိုတင်အကြောင်းကြားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။)

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026