NEWS

Pay your Worker ကမ်ပိန်းကို ၆ ရက်ဆက်တိုက်ပြုလုပ်သွားမည်

CoverLogo
955 Views

နိုင်ငံတကာ ကုန်အမှတ်တံဆိပ်( Brand)တွေ့ရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာ၀န်ယူမှုတာ၀န်ခံမှုအပြည့်ရှိလာစေရန် အတွက်  Pay your Worker ကမ်ပိန်းကို  ယနေ့အောက်တိုဘာ ၂၅ရက်နေ့က ဒုတိယနေ့ဆက်လက်ပြုလုပ်ခဲ့ပြီး  အဆိုပါလှုပ်ရှားမှုကို ၆ရက်ဆက်တိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  သိရပါတယ်။

"ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ adidas ချုပ်တဲ့ ဘရန်းချုပ်တဲ့စက်ရုံတွေမှာ  အခွင့်အရေးချိူးဖောက်တာတွေရှိနေတဲ့အတွက် ကမ်ပိန်းလုပ်တာပါ။ ရုံးကနေကမ်ပိန်းလုပ်တယ် ဒီမနက် စက်ရုံတွေသွားပြီး စက်ရုံမှာလည်းကမ်ပိန်းလုပ်ခဲ့တယ်။ အလုပ်သမားတွေအားလုံးအများကြီးပါ၀င်တဲ့ကမ်ပိန်းမျိုးတော့မလုပ်သေးဘူး။ ခုလောလောဆယ် ဒီ၆ရက်မှာ ဒီပိုစတာလေးတွေကမ်းမယ် ဓတ်ပုံရိုက်မယ်။  ဒါနဲ့ပတ်သက်ပြီး အခြားအဖွဲ့အစည်းတွေနဲ့လည်းချိတ်ဆက်ဆောင်ရွက်ပြီး ဆွေးနွေးနေတာတွေလည်းရှိပါတယ်"လို့  အဆိုပါကမ်ပိန်းလှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။

အဆိုပါကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ စက်မှုဇုန်တွေ မြေပြင်တွေမှာ လူအများကြီးနဲ့လုပ်ရမှာဖြစ်ပေမဲ့လည်း လက်ရှိအခြေအနေတွေအရ အွန်လိုင်းကနေအဓိကထားလုပ်ဆောင်ရတာဖြစ်ပြီး  အချို့သောနေရာတွေမှာလည်း မြေပြင်မှာလည်းချပြလုပ်ဆောင်နေပြီလို့လည်းသိရပါတယ်။  

အဆိုပါ Pay your Worker ကမ်ပန်းကို ပြုလုပ်ရခြင်းမှာလည်း  Brand တွေရဲ့ လုပ်သမားအခွင့်အရေးချိုးဖောက်ခံရတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန်၊ Brand ရဲ့ တာဝန်ယူရမည့်အပိုင်းကို ပေါ်လွင်လာစေရန်နဲ့  အလုပ်သမားတွေအနေနဲ့လည်း မိမိတို့အခွင့်အရေးအပေါ် သိရှိလာစေရန်အတွက်  ဆောင်ရွက်ခြင်းဖြစ်ပြီး စက်ရုံများနဲ့ အချို့သောနေရာတွေမှာ ကမ်ပိန်းစတေကာဖြန့်ခြင်း၊ ပုံရိုက်ခြင်းဖြင့်သာလုပ်ဆောင်နေရကာ ပြည်ပအဖွဲ့အစည်းများက ဦးဆောင်ပြီး ဆောင်ရွက်မှာဖြစ်ပြီး  မြန်မာနိိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုကဘယ်လောက်အထိ ဘယ်အတိုင်းတာထိ ပါဝင်နိုင်မလဲဆိုတာပါချိန်ဆပီး လုပ်နေရခြင်းဖြစ်တယ်လို့လည်း  သိရပါတယ်။  

အဆိုပါကမ်ပိန်းကို online သီးသန့်တစ်ခုသာမကဘဲ မြေပြင်အနေအထားဖြင့်ပါ ဆောင်ရွက်သွားရန်အတွက်  နိုင်ငံတကာက သက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေ ဖြစ်တဲ့ Clean Clothes Campaign(CCC)နဲ့ ပြီးခဲ့တဲ့ဇူလိုင်လကစပြီး  ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး  အဆိုပါလှုပ်ရှားမှုကို CCC ရဲ့ လူမှု့ကွန်ယက် စာမျက်နှာနဲ့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စာမျက်နှာတွေ ကနေလုပ်မဲ့အပြင် နိုင်ငံတကာတွေက Brand တွေရဲ့ရှေ့မှာ ကမ်ပိန်းလုပ်ဖို့တွေအပြင်  public မှာ ချပြဆောင်ရွက်သည်အထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။

MyanmarLabourNews 
PayyourWorker


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026