NEWS

Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်

CoverLogo
1.7K Views

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် လုပ်ငန်းလုပ်ဆောင်နေတဲ့ Brand တွေကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန် Pay your Worker ကမ်ပိန်းကို အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စတင်စီစဥ်နေပြီလို့  အဆိုပါကမ်ပိန်းဆောင်ရွက်နေတဲ့  STUM တာဝန်ရှိသူ ကပြောပါတယ်။

''ပြည်တွင်းထဲမှာတော့လုပ်လို့ရချင်မှရမယ် ကမ်ပိန်းအတွက်ဓာတ်ပုံရိုက်တဲ့နေရာ ကိုတောင်မှ ရဲကလာတားထားတာရှိတယ်ဆိုတော့ international ပေါ့နော် နိုင်ငံတကာက ကျွန်မတို့ချိတ်ဆက်ထားတဲ့ CCC ရဲ့page တို့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ Page တို့ကနေလုပ်မယ်။ CCC နဲ့တိုင်ပင်ပြီးတဲ့နောက်မှာ သူတို့ရဲ့ Brand ရှေ့မှာ ကမ်ပိန်းလုပ်ဖို့တို့ သူတို့နိုင်ငံမှာ ကမ်ပိန်းလုပ်ဖို့တို့ပါ အဓိကက CCC ကနေဦးဆောင်ပီးလုပ်ဖို့ online ကနေ သွားမှာပါ။ Public ကမ်ပိန်းလုပ်ဖို့ကို ခုဆွေးနွေးနေပါတယ်''လို့ ဆိုပါတယ်။

အဆိုပါကမ်ပိန်းကို နိုင်ငံတကာက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပီးသွားမှာဖြစ်ပြီး   Public ကမ်ပိန်းအဖြစ် ၎င်းတို့ကဦးဆောင်ပီးလုပ်မှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

ဒီအတွက် ကမ်ပိန်းကိုဦးဆောင်ရွက်မဲ့ သက်ဆိုင်ရာနိုင်ငံကအဖွဲ့အစည်းတွေ ဖြစ်တဲ့ CCC Clean Clothes Campaign နဲ့လည်း စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါတယ်။

အဆိုပါကမ်ပိန်းလှုပ်ရှားမှုကြောင့် Brand ကနေအလုပ်သမားတွေအပေါ်  တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိလာစေရန်နဲ့Brand ရဲ့ တာဝန်ယူရမည့်အပိုင်းကို ပေါ်လွင်လာစေရန် ဆောင်ရွက်တယ်လို့လည်းဆိုပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026