NEWS

onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ

CoverLogo
246 Views
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ။
 
စက်ရုံအမည်က johnson မင်္ဂလာလာဝတ်စုံ ချုပ်ပါတယ်။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြဝတိမင်းကြီးလမ်း ၊ စက်မူဇုန်၄ မှာပါ။
 
စက်ရုံက ခွင့်ပြုချက်မဲ့ အချိန်ပို OT ဆင်းခိုင်းတာ တစ်နှစ်ကျော်ရှိပါတယ်။ ၁၂ လပိုင်းထဲမှာ တနင်္ဂနွေ မပိတ်ဘဲ ၃ ပတ်ဆက်တိုက် ဆင်းရပါတယ်။
 
တနင်္ဂနွေဆင်းရတာက ည ၆ နာရီခွဲအထိ ဆင်းရတာပါ၊ ညနေ ၄ ခွဲ လွှတ်ပေးဖို့ ပြေတာလည်း မရပါဘူး။ ဒါတွေကြောင့် စက်ရုံကို စစ်ဆေးရေး ခဲ့ပါတယ်။
 
အဲ့လို စစ်ဆေးတာ တိုင်တဲ့သူကြောင့်ဆိုပြီး အလုပ်သမားတွေကို စွပ်စွဲပါတယ်။ ဘယ်သူဘယ်ဝါတိုင် တယ်လို့မဟုတ်ဘဲ ရိုးစွပ်တာပါ။
 
အခု တိုင်တဲ့သူ ဘယ်သူလဲဆိုပြီး ဖိအားပေးမေးနေပါတယ်။ အလုပ်သမားတွေ လုပ်ကိုင်ရတာ ခက်ပါတယ်။ နောက် စက်ရုံကလည်း တနှစ်လုံးလုံး အိုတီတွေ တကယ်ဆင်းခဲ့ရတာပါ။ နားရက် မရှိသလောက် လုပ်ကိုင်ခဲ့ရတာပါ။
 
အခုက အလုပ်သမားရုံးကလည်း ထိထိရောက်ရောက် အရေးမယူခဲ့ဘူး။ ဒီထက်ဆိုးတာက အလုပ်သမားတွေကို တိုင်ရမလားဆိုပြီး မဲနေတာပါ။
 
စက်ရုံမှာလည်း WCC အဖွဲ့မရှိပါဘူး။ WCC ရှိရင် အိုတီ ခေါ်မရမှာ စိုးလို့ မဖွဲ့တာလို့ ပြောပါတယ်။ စက်ရုံက တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား နှစ်ဦးပိုင်ပါတယ်။ အလုပ်သမားက ၃၀၀ နီးပါး ရှိပါတယ်။
 
အကူအညီပေးပါဦးဗျ။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026