NEWS

one tea စက်ရုံ ဝန်ထမ်းတဦးပေးပို့လာတဲ့ စာ

CoverLogo
5.2K Views

စက်ရုံက ဇေကမ္ဘာ  ၁၁ လမ်းထိပ်က one tea စက်ရုံ Consumer Goods Myanmar Limited ပါ။

မနက် ၆ နာရီည ၆ နာရီဆင်းခိုင်းတယ်။ မဆင်းရင်အလုပ်က၂လနားတယ်ဆိုပြီထုပ်ပစ်တယ်။ နေ့စားတွေခေါ်တယ်မနက်၆ ည ၆ ဆင်းမှ ၆၆၀၀ ပဲပေးတယ်၊ လစားတွေကို လတိုင်းပိုက်ဆံတွေဖြတ်တယ် ဘာလို့ဖြတ်တာလဲဆိုတော့ဘယ်သူမှမပြောဘူး လုပ်ချင်ဆက်လုပ်မလုပ်ချင်ထွက်လို့ပြောတယ်၊ မန်နေဂျာတွေကိုလဲမေးမရဘူး သူတို့ကိုမေးကြည့်တော့လဲဘာမှမပြောဘူး၊ ကျနော်တို့မှာတော်တော်ဒုက္ခရောက်နေတယ်ဗျာ ။

စက်ရုံဝန်ထမ်းတွေဆီကလစာတွေဖြတ်တယ် ခေါင်ဆောင်တွေမပါဘူး ခေါင်ဆောင်တွေကျတော့လစာအပြည့်ပေးတယ် အောက် ခြေဝန်ထမ်းတွေကျတော့ပေးချင်သလိုပေးတယ် ရက်ပြည့်ဆင်းတော့လဲ otအပြည့်မရပြန်ဘူး လတိုင်း လိုလိုပိုက်ဆံဖြတ်နေတယ် ခေတ်မကောင်းပါဘူးဆိုမှ အလုပ်သမားတွေဆီကခေါင်းပုံဖြတ်နေတတာ  ၃လရှိပြီ။

ဝန်ထမ်းတွေက သူတို့ ၂ လအနားပေးတယ်ဆိုပြီးထုတ်ထားတာ ၅၀၀ ကျော်လောက်ရှိတယ်။ လက်ရှိလုပ်နေတာ၂၀၀၀ လောက်တော့ရှိမယ် နေ့ဆိုင်း ညဆိုင်းပေါင်း ပထမက ၃၀၀၀ လောက်ရှိမယ်။ အရင်တုန်းကအဲ့လိုမရှိဘူး အာဏာသိမ်းပြီးနောက်ပိုင်းမှစတာ၊ ကျနော်တို့မှာ တိုင်စရာနေရာ ဘယ်တိုင်လို့တိုင်ရမလဲမသိဖြစ်နေတာ။

ကျနော်တို့မှာပထမတစ်လက 50000 ဖြတ်တယ် otဆိုလဲအပြည့်ဆင်ရတယ် ပြန်လို့လဲမရဘူး ot ဆင်းပြီးot ကြေးကြတော့လဲမရဘူး ခေါင်းဆောင်တွေကြတော့ အပြည့်ပေးတယ်လစာကိုခေါင်းဆောင်တွေကိုလစာဘာကြောင့်ဖြတ်တာလဲလို့မေးခိုင်တော့လဲ သူတို့မသိဘူးတဲ့၊ မလုပ်ချင်ထွက်တဲ့ ခေါင်ဆောင်တွေကခံစားခွင့်တွေအပြည့်ပေးထားတာ။

ဒါကတော့ One Tea စက်ရုံဝန်ထမ်းတယောက်က Myanmar Labour News ကို အခုလိုရင်ဖွင့်လာတာဖြစ်ပါတယ်။

အလုပ်သမားများအနေဖြင့် မိမိတို့အနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများကို Facebook မက်ဆေ့မှ လည်းကောင်း Myanmar Labour News Android Application မှတဆင့်သော်လည်းကောင်း တိုင်ကြားရင်ဖွင့်နိုင်ပါသည်။
 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026